ထုိင္းေရြးေကာက္ပြဲရလဒ္ထုတ္ျပန္လုိက္ၿပီး ဖလမ္ဖရာခ်ရတ္ပါတီ လူထုေထာက္ခံမႈအမ်ားဆံုးရရိွထား

ထုိင္းေရြးေကာက္ပြဲရလဒ္ထုတ္ျပန္လုိက္ၿပီး ဖလမ္ဖရာခ်ရတ္ပါတီ လူထုေထာက္ခံမႈအမ်ားဆံုးရရိွထား
မတ် 29, 2019
By 🌸
စစ္အစိုးရေထာက္ခံသည့္ ဖလမ္ဖရာခ်ရတ္ပါတီက လူထုေထာက္ခံမဲ (၈.၄)သန္းရရိွၿပီး သက္ဆင္ေထာက္ခံထားသည့္ ေဖြထုိင္းပါတီက လူထုေထာက္ခံမဲ (၇.၉)သန္း ရရိွေၾကာင္း ထုိင္းေရြးေကာက္ပြဲေကာ္မရွင္က ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၇)ရက္ေန႔က ေရြးေကာက္ပြဲရလဒ္ကို ထုတ္ျပန္ေၾကညာလုိက္သည္။

ေရြးေကာက္ပြဲရလဒ္မထြက္လာေသးသည့္အတြက္ ဖိအားအမ်ိဳးမ်ိဳးျဖင့္ရင္ဆုိင္ေနရသည့္ ေကာ္မရွင္က သတင္းစာရွင္းလင္းပြဲထုတ္ျပန္ေၾကညာလုိက္ျခင္းျဖစသ္ည္။

Future Forward ပါတီက လူထုေထာက္ခံမဲ (၆.၂)သန္း၊ ဒီမိုကရက္ပါတီက လူထုေထာက္ခံမဲ (၃.၉)သန္းႏွင့္ Bhumjaithai က လူထုေထာက္ခံမဲ(၃.၇)သန္းအသီးသီးရရိွထားေၾကာင္း သိရသည္။

ထုိင္းေရြးေကာက္ပြဲတြင္ မဲဆႏၵရွင္မွတ္ပံုတင္ခဲ့သူ (၅၁)သန္းေက်ာ္အနက္ (၃၈.၂)သန္း မဲေပးခဲ့ၾကၿပီး (၂.၁)သန္းေက်ာ္မွာ ပယ္မဲမ်ားျဖစ္သြားခဲ့ေၾကာင္း ေကာ္မရွင္က ေၾကညာသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းရွေးကောက်ပွဲရလဒ်ထုတ်ပြန်လိုက်ပြီး ဖလမ်ဖရာချရတ်ပါတီ လူထုထောက်ခံမှုအများဆုံးရရှိထား
*************
စစ်အစိုးရထောက်ခံသည့် ဖလမ်ဖရာချရတ်ပါတီက လူထုထောက်ခံမဲ (၈.၄)သန်းရရှိပြီး သက်ဆင်ထောက်ခံထားသည့် ဖွေထိုင်းပါတီက လူထုထောက်ခံမဲ (၇.၉)သန်း ရရှိကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့က ရွေးကောက်ပွဲရလဒ်ကို ထုတ်ပြန်ကြေညာလိုက်သည်။

ရွေးကောက်ပွဲရလဒ်မထွက်လာသေးသည့်အတွက် ဖိအားအမျိုးမျိုးဖြင့်ရင်ဆိုင်နေရသည့် ကော်မရှင်က သတင်းစာရှင်းလင်းပွဲထုတ်ပြန်ကြေညာလိုက်ခြင်းဖြစသ်ည်။

Future Forward ပါတီက လူထုထောက်ခံမဲ (၆.၂)သန်း၊ ဒီမိုကရက်ပါတီက လူထုထောက်ခံမဲ (၃.၉)သန်းနှင့် Bhumjaithai က လူထုထောက်ခံမဲ(၃.၇)သန်းအသီးသီးရရှိထားကြောင်း သိရသည်။

ထိုင်းရွေးကောက်ပွဲတွင် မဲဆန္ဒရှင်မှတ်ပုံတင်ခဲ့သူ (၅၁)သန်းကျော်အနက် (၃၈.၂)သန်း မဲပေးခဲ့ကြပြီး (၂.၁)သန်းကျော်မှာ ပယ်မဲများဖြစ်သွားခဲ့ကြောင်း ကော်မရှင်က ကြေညာသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net