တာခ်ီလိတ္ၿမိဳ႕၏ မတ္လ(၃၁)ရက္ေန႔ နံနက္ပိုင္းတြင္ မီးခိုးဖံုးလႊမ္းမႈမ်ားလာ၍ ေလယာဥ္ကြင္း ေခတၱပိတ္ထားရၿပီးေနာက္ ေန႔လည္ပိုင္းတြင္ ေလယာဥ္မ်ား ဆင္းသက္ပ်ံသန္း

တာခ်ီလိတ္ၿမိဳ႕၏ မတ္လ(၃၁)ရက္ေန႔ နံနက္ပိုင္းတြင္ မီးခိုးဖံုးလႊမ္းမႈမ်ားလာ၍ ေလယာဥ္ကြင္း ေခတၱပိတ္ထားရၿပီးေနာက္ ေန႔လည္ပိုင္းတြင္ ေလယာဥ္မ်ား ဆင္းသက္ပ်ံသန္း
မတ် 31, 2019
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ခုႏွစ္ မတ္လ(၃၁)ရက္ေန႔ နံနက္ပိုင္းက  မီးခိုးဖံုးလႊမ္းမႈ ပိုမိုမ်ားျပားခဲ့ၿပီးေနာက္ ေလဆိပ္အား နံနက္ပိုင္းမွ ေန႔လည္ပိုင္းအထိ ေခတၱပိတ္ထားရၿပီးေနာက္ ေန႔လည္(၂)နာရီတြင္ ကြင္းျပန္လည္ဖြင့္ကာ ေလယာဥ္မ်ား ဆင္းသက္ပ်ံသန္းေနၿပီျဖစ္ေၾကာင္း သိရသည္။

ကြင္းအား ေန႔လည္ (၂)နာရီတြင္ ျပန္လည္ဖြင့္လွစ္လိုက္ၿပီးေနာက္ ညေန(၄)နာရီေက်ာ္အထိ  ေလယာဥ္ခရီးစဥ္ အေခါက္ေရ(၅)ေခါက္ဆင္းသက္ခဲ့ၿပီး ခရီးစဥ္(၃)ခုသာ က်န္ေတာ့ေၾကာင္း တာခ်ီလိတ္ေလဆိပ္တာ၀န္ခံ ဦး၀င္းျမင့္ ထံက သိရသည္။

၂၀၁၉ခုႏွစ္ မတ္လ(၃၁)ရက္ေန႔တြင္ တာခ်ီလိတ္သို႔ ဆင္းသက္မည့္ ေလေၾကာင္း ခရီးစဥ္မ်ားမွာ Air KBZ မွ ခရီးစဥ္ (၂)ခု၊ Golden Myanmar Airlines မွ ခရီးစဥ္ (၂)ခု၊ Myanmar National Airlines မွ ခရီးစဥ္ (၂)ခု၊ Yangon Airways မွ ခရီးစဥ္ (၁)ခု ႏွင့္ Mann Yadanarpon Airlines မွ ခရီးစဥ္ (၁)ခု စုစုေပါင္း ေလယာဥ္လိုင္း (၅)လိုင္းမွ ခရီးစဥ္ (၈)ခုရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မီးခိုးမ်ားေၾကာင့္  ေလထုအရည္အေသြး ဆိုးရြားမႈမ်ားျဖစ္ေပၚေနသည့္အတြက္  ရွမ္းျပည္နယ္ပတ္၀န္းက်င္ထိန္းသိမ္းေရးဦးစီးဌာနမွ ေလထုတိုင္းတာမႈကို ျပဳလုပ္ေနလ်က္ရွိရာ ၂၀၁၉ခုႏွစ္ မတ္လ(၃၁)ရက္ေန႔၏ အညြန္းကိန္းမွာ  (၅၀၂)အထိ ျမႇင့္တက္လာေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - သူသူ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့တွင် ၂၀၁၉ခုနှစ် မတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းက မီးခိုးဖုံးလွှမ်းမှု ပိုမိုများပြားခဲ့ပြီးနောက် လေဆိပ်အား နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ ခေတ္တပိတ်ထားရပြီးနောက် နေ့လည်(၂)နာရီတွင် ကွင်းပြန်လည်ဖွင့်ကာ လေယာဉ်များ ဆင်းသက်ပျံသန်းနပြေီဖြစ်ကြောင်း သိရသည်။

ကွင်းအား နေ့လည် (၂)နာရီတွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် ညနေ(၄)နာရီကျော်အထိ လေယာဉ်ခရီးစဉ် အခေါက်ရေ(၅)ခေါက်ဆင်းသက်ခဲ့ပြီး ခရီးစဉ်(၃)ခုသာ ကျန်တော့ကြောင်း တာချီလိတ်လေဆိပ်တာဝန်ခံ ဦးဝင်းမြင့် ထံက သိရသည်။

၂၀၁၉ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် တာချီလိတ်သို့ ဆင်းသက်မည့် လေကြောင်း ခရီးစဉ်များမှာ Air KBZ မှ ခရီးစဉ် (၂)ခု၊ Golden Myanmar Airlines မှ ခရီးစဉ် (၂)ခု၊ Myanmar National Airlines မှ ခရီးစဉ် (၂)ခု၊ Yangon Airways မှ ခရီးစဉ် (၁)ခု နှင့် Mann Yadanarpon Airlines မှ ခရီးစဉ် (၁)ခု စုစုပေါင်း လေယာဉ်လိုင်း (၅)လိုင်းမှ ခရီးစဉ် (၈)ခုရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မီးခိုးများကြောင့် လေထုအရည်အသွေး ဆိုးရွားမှုများဖြစ်ပေါ်နေသည့်အတွက် ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လေထုတိုင်းတာမှုကို ပြုလုပ်နေလျက်ရှိရာ ၂၀၁၉ခုနှစ် မတ်လ(၃၁)ရက်နေ့၏ အညွန်းကိန်းမှာ (၅၀၂)အထိ မြှင့်တက်လာကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - သူသူ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net