တာခ်ီလိတ္ၿမိဳ႕တြင္ ေတာမီးခိုးမ်ားႏွင့္ ပတ္သက္၍ ေလထုအရည္အေသြး တိုးတက္လာေသာ္လည္း ပံုမွန္အေျခအေန မေရာက္ေသး

တာခ်ီလိတ္ၿမိဳ႕တြင္ ေတာမီးခိုးမ်ားႏွင့္ ပတ္သက္၍ ေလထုအရည္အေသြး တိုးတက္လာေသာ္လည္း ပံုမွန္အေျခအေန မေရာက္ေသး
မတ် 27, 2019
By Tachileik News Agency

ေတာင္ယာမီးရိႈ႕မႈမ်ားေၾကာင့္ မီးခိုးျမဴဖံုးလႊမ္းေနသည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၏ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၇)ရက္ေန႔ နံနက္(၁၀)နာရီအခ်ိန္ထိ ေလထုအရည္အေသြး အညြန္းကိန္း (၁၀၅)ခန္႔သို႔ ေရာက္ရိွလာသျဖင့္ ေလထုအရည္အေသြးတိုးတက္လာသည္ကို ေတြ႔ရသည္။

တာခ်ီလိတ္ၿမိဳ႕၏ ေလထုအရည္အေသြးတုိင္းတာျခင္းကို ေတာင္ႀကီးၿမိဳ႕ရိွ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနမွ ကၽြမ္းက်င္ပညာရွင္မ်ားအကူအညီျဖင့္ ၂၀၁၉ ခုႏွစ္ မတ္လ (၁၅)ရက္ေန႔မွစ၍ ပထမအႀကိမ္အျဖစ္ (၇)ရက္ၾကာေဆာင္ရြက္ေပးခဲ့ၿပီးေနာက္ မီးခိုးျမဴမ်ားဆက္လက္ဖံုးလႊမ္းေနသျဖင့္ ဒုတိယအႀကိမ္တိုင္းတာျခင္းကို ျပန္လည္ေဆာင္ရြက္ေနျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕၏ မတ္လ(၁၆)ရက္ေန႔က ေလထုအရည္အေသြးအညႊန္းကိန္းမွာ (၃၀၂)အထိရိွခဲ့ၿပီး မီးသတ္ကားမ်ားျဖင့္ ေရမႈန္ေရမႊားပက္ဖ်န္းျခင္းလုပ္ငန္းကို ေဆာင္ရြက္ၿပီးေနာက္ ေလထုအရည္အေသြး တျဖည္းျဖည္းတိုးတက္လာသည္ကို ေတြ႔ရၿပီး မတ္လ (၂၇)ရက္ေန႔တြင္ ေလထုအညႊန္းကိန္း (၁၀၅)သို႔ ေရာက္ရိွလာျခင္းျဖစ္သည္။

ေလထုအရည္အေသြးအညႊန္းကိန္း (၁၀၀) ထက္ေက်ာ္လြန္ျခင္းမရိွပါက ပံုမွန္အေျခအေနအျဖစ္ သတ္မွတ္ထားျခင္းျဖစ္ရာ လက္ရိွေလထုအရည္အေသြးအညႊန္းကိန္းမွာ ပံုမွန္ထက္ အနည္းငယ္ေက်ာ္လြန္ေနဆဲျဖစ္သည္ကို ေတြ႔ရသည္။

 တိုင္းထြာခ်က္မ်ားကို သတိေပး အေရာင္မ်ားျဖင့္ သတ္မွတ္ရာတြင္ တိုင္းထြာခ်က္ ရလဒ္၏ (၃၀၁)အထက္အား အညိဳေရာင္အဆင့္ျဖင့္ လည္းေကာင္း၊ တိုင္းထြာခ်က္ (၂၀၁) မွ (၃၀၀)အထိအား အနီေရာင္ျဖင့္ လည္းေကာင္း၊ တိုင္းထြာခ်က္ (၁၀၁) မွ (၁၅၀)အထိအား လိေမၼာ္ေရာင္ျဖင့္ လည္းေကာင္း၊ တိုင္းထြာခ်က္ (၅၀) မွ (၁၀၀)အထိအား အ၀ါေရာင္ျဖင့္ လည္းေကာင္း၊ တိုင္းထြာခ်က္ (၀)မွ (၅၀)အထိအား အစိမ္းေရာင္ျဖင့္ လည္းေကာင္း အေရာင္ခြဲ၍ သတိေပး သတ္မွတ္ထားျခင္း ျဖစ္ေၾကာင္း သိရသည္။

မီးခိုးျမဴဖံုးလႊမ္းျခင္းကို ႏွစ္စဥ္ခံစားရသည့္ တာခ်ီလိတ္ၿမိဳ႕တြင္ ေလထုညစ္ညမ္းမႈႏွင့္ပတ္သက္၍ က်န္းမာေရးအသိေပးျခင္း၊ မီးခိုးေငြ႕ေလွ်ာ့ခ်ရန္ ေရမႈန္ေရမႊားပက္ျဖန္းျခင္းႏွင့္ ေလထုအရည္အေသြးတုိင္းတာျခင္းတုိ႔ကို ၂၀၁၉ ခုႏွစ္တြင္ ပထမဆံုးအႀကိမ္အျဖစ္ ေဆာင္ရြက္လာျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တောင်ယာမီးရှို့မှုများကြောင့် မီးခိုးမြူဖုံးလွှမ်းနေသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၏ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်ထိ လေထုအရည်အသွေး အညွန်းကိန်း (၁၀၅)ခန့်သို့ ရောက်ရှိလာသဖြင့် လေထုအရည်အသွေးတိုးတက်လာသည်ကို တွေ့ရသည်။

တာချီလိတ်မြို့၏ လေထုအရည်အသွေးတိုင်းတာခြင်းကို တောင်ကြီးမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များအကူအညီဖြင့် ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့မှစ၍ ပထမအကြိမ်အဖြစ် (၇)ရက်ကြာဆောင်ရွက်ပေးခဲ့ပြီးနောက် မီးခိုးမြူများဆက်လက်ဖုံးလွှမ်းနေသဖြင့် ဒုတိယအကြိမ်တိုင်းတာခြင်းကို ပြန်လည်ဆောင်ရွက်နခြေင်းဖြစ်သည်။

တာချီလိတ်မြို့၏ မတ်လ(၁၆)ရက်နေ့က လေထုအရည်အသွေးအညွှန်းကိန်းမှာ (၃၀၂)အထိရှိခဲ့ပြီး မီးသတ်ကားများဖြင့် ရေမှုန်ရေမွှားပက်ဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးနောက် လေထုအရည်အသွေး တဖြည်းဖြည်းတိုးတက်လာသည်ကို တွေ့ရပြီး မတ်လ (၂၇)ရက်နေ့တွင် လေထုအညွှန်းကိန်း (၁၀၅)သို့ ရောက်ရှိလာခြင်းဖြစ်သည်။

လေထုအရည်အသွေးအညွှန်းကိန်း (၁၀၀) ထက်ကျော်လွန်ခြင်းမရှိပါက ပုံမှန်အခြေအနေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ရာ လက်ရှိလေထုအရည်အသွေးအညွှန်းကိန်းမှာ ပုံမှန်ထက် အနည်းငယ်ကျော်လွန်နေဆဲဖြစ်သည်ကို တွေ့ရသည်။

 တိုင်းထွာချက်များကို သတိပေး အရောင်များဖြင့် သတ်မှတ်ရာတွင် တိုင်းထွာချက် ရလဒ်၏ (၃၀၁)အထက်အား အညိုရောင်အဆင့်ဖြင့် လည်းကောင်း၊ တိုင်းထွာချက် (၂၀၁) မှ (၃၀၀)အထိအား အနီရောင်ဖြင့် လည်းကောင်း၊ တိုင်းထွာချက် (၁၀၁) မှ (၁၅၀)အထိအား လိမ္မော်ရောင်ဖြင့် လည်းကောင်း၊ တိုင်းထွာချက် (၅၀) မှ (၁၀၀)အထိအား အဝါရောင်ဖြင့် လည်းကောင်း၊ တိုင်းထွာချက် (ဝ)မှ (၅၀)အထိအား အစိမ်းရောင်ဖြင့် လည်းကောင်း အရောင်ခွဲ၍ သတိပေး သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မီးခိုးမြူဖုံးလွှမ်းခြင်းကို နှစ်စဉ်ခံစားရသည့် တာချီလိတ်မြို့တွင် လေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ ကျန်းမာရေးအသိပေးခြင်း၊ မီးခိုးငွေ့လျှော့ချရန် ရေမှုန်ရေမွှားပက်ဖြန်းခြင်းနှင့် လေထုအရည်အသွေးတိုင်းတာခြင်းတို့ကို ၂၀၁၉ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်လာခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net