တာချီလိတ်မြို့တွင်း မီးခိုးငွေ့များကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားရပါက တာချီလိတ်ခရိုင်ဆေးရုံကြီးရှိ အရေးပေါ်ဌာနသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်

တာချီလိတ်မြို့တွင်း မီးခိုးငွေ့များကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားရပါက တာချီလိတ်ခရိုင်ဆေးရုံကြီးရှိ အရေးပေါ်ဌာနသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်
မတျ 31, 2019
By Tachileik News Agency

နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များကြောင့် တာချီလိတ်မြို့တွင်း လေထုအရည်အသွေး ကျဆင်းလာနေမှုကြောင့် မြို့တွင်းနေပြည်သူများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ ကျန်းမာရေးအသိပညာပေးမှုများဆောင်ရွက်နေပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများခံစားရပါက တာချီလိတ်ခရိုင်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။



တာချီလိတ်မြို့တွင်းနေပြည်သူများ အသက်ရှုလမ်းကြောင်းဆိုင်ရာဝေဒနာများခံစားရပါက တာချီလိတ်ခရိုင်ဆေးရုံကြီးရှိ ပြင်ပလူနာဌာန အရေးပေါ်ဖုန်းနံပါတ်-၀၉ ၄၅၃၈၄၈၇၅၇၊ ၀၈၄-၅၁၄၈၆ သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။

သတင်း - ဟန်စိုးထိုက်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များကြောင့် တာချီလိတ်မြို့တွင်း လေထုအရည်အသွေး ကျဆင်းလာနေမှုကြောင့် မြို့တွင်းနပြေည်သူများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ ကျန်းမာရေးအသိပညာပေးမှုများဆောင်ရွက်နပြေီး အသက်ရှုလမ်းကြောင်းဆိုင်ရာေဝဒနာများခံစားရပါက တာချီလိတ်ခရိုင်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

"လူနာတင်ယာဉ်က အရန်သင့်ရှိတယ်။ ဖုန်းနံပါတ်တွေလည်း ပေးထားတယ်။ ကားတွေနဲ့လိုက်ပြီးတော့ ကျန်းမာရေး အသိပညာပေးမှုတွေ လိုက်ကြေညာမှာပေါ့။ တကယ်လို့အသက်ရှုလမ်းကြောင်းပိုင်းဆိုင်ရာ ဖြစ်လို့ ဆေးရုံတက်မယ်ဆိုရင် အရေးပေါ်ဌာနအနေနဲ့ လူနာတင်ယာဉ်ကို ကြိုတင်စီစဉ်ထားတယ်။ တအားကြီးများလာရင်တော့ ပရဟိတအသင်းတွေကို အကူအညီတောင်းဖို့ စီစဉ်ထားပါတယ်။ တစ်ရက်မှ တစ်ယောက်လောက်ပဲရှိတယ်။ မြို့ထဲမှာပဲဆိုရင် လူနာတင်ယာဉ်နဲ့ သွားကြိုပေးလို့ရတယ်"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ခရိုင်ဆေးရုံကြီးတွင် လူနာတင်ယာဉ်ကို အရန်သင့်ပြင်ဆင်ထားပြီး အောက်ဆီဂျင်ဘူးများပါ အရန်သင့်တင်ဆောင်ထားကြောင်းနှင့် လက်ထောက်ဆရာဝန်တစ်ဦး အပါအဝင် သူနာပြုဆရာမနှစ်ဦးနှင့် အရေးပေါ်ကူညီဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

တာချီလိတ်မြို့တွင်းနပြေည်သူများ အသက်ရှုလမ်းကြောင်းဆိုင်ရောဝဒနာများခံစားရပါက တာချီလိတ်ခရိုင်ဆေးရုံကြီးရှိ ပြင်ပလူနာဌာန အရေးပေါ်ဖုန်းနံပါတ်-ဝ၉ ၄၅၃၈၄၈၇၅၇၊ ဝ၈၄-၅၁၄၈၆ သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net