တာချီလိတ်မြို့တွင် မီးခိုးမြူများ ပိုမိုထူထပ်နေမှုကြောင့် ရှမ်းရိုးမကွင်းအတွင်း ပြည်သူများနားနေရန် မီးခိုးငွေ့ကင်းစင်ရေး နေရာ ဖော်ဆောင်ထား
တာချီလိတ်မြို့တွင် မီးခိုးမြူများ ပိုမိုထူထပ်နေမှုကြောင့် ရှမ်းရိုးမကွင်းအတွင်း ပြည်သူများနားနေရန် မီးခိုးငွေ့ကင်းစင်ရေး နေရာ ဖော်ဆောင်ထား
မတျ 31, 2019
By Tachileik News Agency
နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များကြောင့် တာချီလိတ်မြို့တွင်း မြင်ကွင်းဆိုးဝါးမှုဖြစ်ပေါ်နေပြီး မီးခိုးငွေ့များကြောင့် ကျန်းမာရေးထိခိုက်မှု မဖြစ်ပေါ်စေရန်အတွက် ရှမ်းရိုးမကွင်းအတွင်း ပြည်သူများလာရောက်နားနေနိုင်သည့် မီးခိုးငွေ့ကင်းစင်နေရာကို ၂၀၁၉ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် တာချီလိတ်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီက စတင်ဆောင်ရွက်နေကြောင်း သိရသည်။
ရှမ်းရိုးမကွင်းအတွင်း ရေဖျန်းပက်မှုများဆောင်ရွက်နေပြီး နားနေဆောင် (၅) ခုထားရှိရန် စီစဉ်နေရာ နားနေဆောင်တစ်ခုစီတွင် ရေမှုန်ရေမွှားဖျန်းပက်သည့် ရေခေါင်း (၆) ခုစီတပ်ဆင်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ 
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များကြောင့် တာချီလိတ်မြို့တွင်း မြင်ကွင်းဆိုးဝါးမှုဖြစ်ပေါ်နပြေီး မီးခိုးငွေ့များကြောင့် ကျန်းမာရေးထိခိုက်မှု မဖြစ်ပေါ်စေရန်အတွက် ရှမ်းရိုးမကွင်းအတွင်း ပြည်သူများလာရောက်နားနေနိုင်သည့် မီးခိုးငွေ့ကင်းစင်နေရာကို ၂၀၁၉ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် တာချီလိတ်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီက စတင်ဆောင်ရွက်နေကြောင်း သိရသည်။
"လူတွေက မီးခိုးမွှန်တဲ့အခါကြတော့ ဒီနားကိုလာ။ ဒီမှာက ရေထုနဲ့ ရေမှုန်နဲ့လုပ်ပေးထားတော့ ဒီနေရာမှာမီးခိုးက တော်တော်လေးကင်းနေမှာပေါ့။ အခြားနေရာမှာ အန္တရာယ်ဖြစ်တယ်ဆို ဒီနေရာမှာလာပြီးတော့ ခိုဖို့ နားနေဖို့လုပ်တာ"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
ရှမ်းရိုးမကွင်းအတွင်း ရေဖျန်းပက်မှုများဆောင်ရွက်နပြေီး နားနေဆောင် (၅) ခုထားရှိရန် စီစဉ်နေရာ နားနေဆောင်တစ်ခုစီတွင် ရေမှုန်ရေမွှားဖျန်းပက်သည့် ရေခေါင်း (၆) ခုစီတပ်ဆင်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
"နားနေဆောင် (၅) ခုဆောက်မယ်။ 3D ရဖြေန်းတဲ့စနစ်လေးကို ပြင်ဆင်ထားမယ်ပေါ့။ နှာချောင်းစည်းတွေပေးမယ်။ ရှေးဦးသူနာပြုစုခြင်းတွေ ဒီမှာလုပ်ပေးမယ်။ မီးခိုးကင်းစင်ရေးဇုန်လေးအနေနဲ့ ဒီဟာကိုလုပ်ပေးတာပေါ့။ ရှမ်းရိုးမကွင်းမှာ ဒီဟာကို အကောင်အထည်ဖော်ဆောင်ရွက်နေတာပါ။ တာချီလိတ်မှာရှိတဲ့ ပြည်သူလူထုတွေလာပြီးနားနေလို့ရပါတယ်"ဟု တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင် မီးခိုးဖုံးလွှမ်းမှုမှာ ၂၀၁၉ခုနှစ် မတ်လတတိယပတ်ဝန်းကျင်က စတင်ခဲ့သော်လည်း မတ်လ(၃၀)ရက် နှင့် မတ်လ(၃၁)ရက်နေ့တို့မှာ သိသိသာသာ မီးခိုးများ ဖုံးလွှမ်းခဲ့သည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net