တာချီလိတ်မြို့တွင်း လမ်းပေါ် ရေဖြန်းခြင်း အစီအစဉ်ကို လေထုအရည်အသွေး ကောင်းမွန်သည်အထိ နေ့စဉ်ဆောင်ရွက်သွားမည်
တာချီလိတ်မြို့တွင်း လမ်းပေါ် ရေဖြန်းခြင်း အစီအစဉ်ကို လေထုအရည်အသွေး ကောင်းမွန်သည်အထိ နေ့စဉ်ဆောင်ရွက်သွားမည်
မတျ 19, 2019
By Tachileik News Agency
နိုင်ငံဖြတ်ကျော် မီးခိုးငွေ့များကြောင့် လေထုအရည်အသွေးကျဆင်းနေသည့် တာချီလိတ်မြို့တွင်းလမ်းမများပေါ်တွင် မီးသတ်ဦးစီးဌာနက ရေဖြန်းပေးခြင်းကို ၂၀၁၉ခုနှစ် မတ်လ (၁၄) ရက်နေ့ကစတင်ဆောင်ရွက်ခဲ့ပြီး လေထုအရည်အသွေးကောင်းမွန်သည်အထိ နေ့စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင်း မီးခိုးမြူများဖုံးလွှမ်းနေမှုကြောင့် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် လူနာတင်ယာဉ်များပေါ်တွင် အောက်ဆီဂျင်ဘူးများ တပ်ဆင်ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ပြင်ဆင်ထားခြင်း၊ လေထုတိုင်းတာရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် လူစည်ကားရာနေရာများတွင် ရေဖြန်းခြင်းလုပ်ငန်းများကို တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီအစီအစဉ်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
နိုင်ငံဖြတ်ကျော် မီးခိုးငွေ့များကြောင့် လေထုအရည်အသွေးကျဆင်းနေသည့် တာချီလိတ်မြို့တွင်းလမ်းမများပေါ်တွင် မီးသတ်ဦးစီးဌာနက ရဖြေန်းပေးခြင်းကို ၂၀၁၉ခုနှစ် မတ်လ (၁၄) ရက်နေ့ကစတင်ဆောင်ရွက်ခဲ့ပြီး လေထုအရည်အသွေးကောင်းမွန်သည်အထိ နေ့စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"(၁၄) ရက်နေ့က စဖြန်းတာပါ။ မနက် (၁၀) နာရီကနေစဖြန်းတာ နေ့လည် (၁) နာရီခွဲလောက်မှပြီးတယ်။ ကား (၄) စီးနဲ့ (၂) ခေါက်ဖြန်းရတယ်ဆိုတော့ တစ်ရက် ကား (၈) စီးကျတာပေါ့။ ညပိုင်းကျတော့ မြို့ထဲလှည့်ပြီးတော့ ကားနဲ့အသိပညာပေးမှုတွေလုပ်တယ်။ လေထုအရည်အသွေး စိတ်မချရ မခြင်း ကျွန်တော်တို့ဆောင်ရွက်သွားမှာပါ"ဟု တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင်း ရေပက်ဖြန်းပေးမှုများအဖြင့် တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့တို့မှ နေ့ရော ညပါ အချိန်သတ်မှတ်၍ လုပ်ဆောင်ပေးနေလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင်း မီးခိုးမြူများဖုံးလွှမ်းနေမှုကြောင့် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝခြေင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် လူနာတင်ယာဉ်များပေါ်တွင် အောက်ဆီဂျင်ဘူးများ တပ်ဆင်ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ပြင်ဆင်ထားခြင်း၊ လေထုတိုင်းတာရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် လူစည်ကားရာနေရာများတွင် ရဖြေန်းခြင်းလုပ်ငန်းများကို တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီအစီအစဉ်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net