နယ္စပ္တစ္ေလွ်ာက္ ေတာမီးခိုးမ်ား တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ သိသိသာသာ ၀င္ေရာက္လာ၍ ေရဂါလံ တစ္ေသာင္းခြဲအသံုးျပဳကာ ေရျဖန္းေပးေနရ

နယ္စပ္တစ္ေလွ်ာက္ ေတာမီးခိုးမ်ား တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ သိသိသာသာ ၀င္ေရာက္လာ၍ ေရဂါလံ တစ္ေသာင္းခြဲအသံုးျပဳကာ ေရျဖန္းေပးေနရ
မတ် 24, 2019
By Tachileik News Agency

ျမန္မာ - ထုိင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ နယ္စပ္တစ္ေလွ်ာက္ ေတာမီးရိႈ႕မႈမ်ားေၾကာင့္ မီးခိုးျမဴမ်ား ထူထပ္စြာပိတ္ေနသျဖင့္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၄) ရက္ေန႔တြင္ မီးသတ္ကား(၄)စီးျဖင့္ ေနရာမ်ား ျဖန္႔ခြဲကာ ေရဂါလံေပါင္း (၁၅,၀၀၀)အသံုးျပဳကာ  ေရမႈန္ေရမႊားပက္ဖ်န္းျခင္းကို လုပ္ေဆာင္ေနရေၾကာင္း သိရသည္။

"ကား(၄)စီးနဲ႔ျဖန္းတာေပါ့။ (၄) ေနရာျဖန္းပါတယ္။ ၿမိဳ႕ေရွာင္လမ္းရယ္၊ တံတား (၁) ကေန ေဟာင္လိတ္လမ္းဆံုထိ၊ ပံုလို႔လမ္းေတာက္ေလွ်ာက္ လြယ္စတံုအထိေပါ့။ (၄) ေနရာကို ကား (၄) စီးနဲ႔ျဖန္းပါတယ္ခင္ဗ်။ ကၽြန္ေတာ္တို႔ တစ္္ရက္ (၂) ႀကိမ္ေပါ့။ မနက္တစ္ႀကိမ္၊ ညေနတစ္ႀကိမ္ေပါ့။ မနက္ပိုင္း (၉) နာရီကစျဖန္းရင္ ေန႔လယ္ (၁၁) နာရီခြဲ (၁၂) ေလာက္မွ ၿပီးတာေပါ့။ မနက္တစ္ႀကိမ္၊ ေန႔လယ္တစ္ႀကိမ္၊ ညေနတစ္ႀကိမ္ဆိုၿပီးေတာ့မွေဆာင္ရြက္ဖို႔ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ခိုင္းတာေပါ့။ လက္ေတြ႕မွာေတာ့ (၂) ႀကိမ္ပဲ ေဆာင္ရြက္လို႔ရတာေပါ့။ တစ္ခါျဖန္းရင္ (၄) နာရီေလာက္ၾကာတာေပါ့။ ဒီလိုၿမိဳ႕ကို ကား (၄) စီးပတ္လို႔ရိွရင္ တစ္ေခါက္ထဲ မၿပီးဘူးေလ။ ေရေနာက္တစ္ေခါက္ ေရျပန္ထည့္ရတာေပါ့။ ေရဂါလံဆိုရင္ (၁၅,၀၀၀) ျဖန္းရတာေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေအာင္ေဇာ္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မီးခိုးျမဴထူထပ္စြာဖံုးလႊမ္းလာသျဖင့္ ၿမိဳ႕တြင္းေရမႈန္ေရမႊားပက္ဖ်န္းျခင္းအား မတ္လ (၁၄)ရက္ေန႔က စတင္လုပ္ေဆာင္လာျခင္းျဖစ္ကာ မတ္လ (၂၂)ရက္ေန႔တြင္ မီးခိုးအနည္းငယ္ပါးသြားေသာ္လည္း မတ္လ (၂၃)ရက္ေန႔မွစ၍ မီးခိုးမ်ားျပန္လည္ထူထပ္လာျခင္းျဖစ္သည္။

မီးခိုးျမဴထူထပ္လာသျဖင့္ မတ္လ (၁၄) ရက္ေန႔မွစတင္ကာ ေရမႈန္ေရမႊားပက္ဖ်န္းျခင္းႏွင့္ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ၏ အစီအစဥ္ျဖင့္ သက္ဆိုင္ရာဌာနဆိုင္ရာမ်ားမွ ႏွာေခါင္းစည္းမ်ားအခမဲ့ေ၀ငွျခင္း၊ က်န္းမာေရးသတိေပးခ်က္ေၾကျငာေပးျခင္း၊ ေလထုအရည္အေသြးတုိင္းတာျခင္းတုိ႔ကို ေဆာင္ရြက္ေနရျခင္းျဖစ္သည္။

"မိုးတုရြာေအာင္ေတာ့ နည္းပညာမတတ္ႏိုင္ဘူးေပါ့။ လက္ရိွ ကြ်န္ေတာ္တို႔မွာက မီးသတ္ကားရိွတဲ့အတြက္ မီးသတ္ကားမွာ ေရမႈန္ေရမႊားဖ်န္းရတဲ့ ေနာ္ဇယ္ေခါင္းရိွတာေပါ့။ အဲဒီဟာနဲ႔ မီးသတ္ကား (၂) စီးနဲ႔ အဓိကလူေနထူထပ္တဲ့ေနရာေတြမွာ ေရဖ်န္းတဲ့အလုပ္ေတြကို ေဆာင္ရြက္ေပးပါမယ္။ မီးခိုးထူထပ္တဲ့အေျခအေနကိုၾကည့္ၿပီး လိုအပ္သေလာက္ေဆာင္ရြက္ေပးသြားပါမယ္"ဟု တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာၾကားထားသည္။

ေတာင္ယာမီး၊ ေတာမီးရိႈ႕ၾကသည့္ သံုးႏုိင္ငံနယ္စပ္တြင္ရိွေနသည့္ တာခ်ီလိတ္ၿမိဳ႕တြင္ ႏွစ္စဥ္မီးခိုးျမဴထူထပ္မႈကို ႏွစ္စဥ္ခံစားေနရျခင္းျဖစ္ၿပီး မီးခိုးျမဴေလ်ာ့ပါးေစရန္ေရဖ်န္းျခင္း၊ က်န္းမာေရးအသိပညာေပးျခင္းမ်ားကို ယခုႏွစ္တြင္ စတင္ေဆာင္ရြက္လာျခင္းျဖစ္သည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် နယ်စပ်တစ်လျှောက် တောမီးရှို့မှုများကြောင့် မီးခိုးမြူများ ထူထပ်စွာပိတ်နေသဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင် မီးသတ်ကား(၄)စီးဖြင့် နေရာများ ဖြန့်ခွဲကာ ရေလီတာပေါင်း (၁၅,ဝဝဝ)အသုံးပြုကာ ရေမှုန်ရေမွှားပက်ဖျန်းခြင်းကို လုပ်ဆောင်နေရကြောင်း သိရသည်။

"ကား(၄)စီးနဲ့ဖြန်းတာပေါ့။ (၄) နေရာဖြန်းပါတယ်။ မြို့ရှောင်လမ်းရယ်၊ တံတား (၁) ကနေ ဟောင်လိတ်လမ်းဆုံထိ၊ ပုံလို့လမ်းတောက်လျှောက် လွယ်စတုံအထိပေါ့။ (၄) နေရာကို ကား (၄) စီးနဲ့ဖြန်းပါတယ်ခင်ဗျ။ ကျွန်တော်တို့ တစ်ရက် (၂) ကြိမ်ပေါ့။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်ပေါ့။ မနက်ပိုင်း (၉) နာရီကစဖြန်းရင် နေ့လယ် (၁၁) နာရီခွဲ (၁၂) လောက်မှ ပြီးတာပေါ့။ မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ညနေတစ်ကြိမ်ဆိုပြီးတော့မှဆောင်ရွက်ဖို့ ခရိုင်အုပ်ချုပ်ရေးမှူးက ခိုင်းတာပေါ့။ လက်တွေ့မှာတော့ (၂) ကြိမ်ပဲ ဆောင်ရွက်လို့ရတာပေါ့။ တစ်ခါဖြန်းရင် (၄) နာရီလောက်ကြာတာပေါ့။ ဒီလိုမြို့ကို ကား (၄) စီးပတ်လို့ရှိရင် တစ်ခေါက်ထဲ မပြီးဘူးလေ။ ရေနောက်တစ်ခေါက် ရပြေန်ထည့်ရတာပေါ့။ ရေဂါလံဆိုရင် (၁၅,ဝဝဝ) ဖြန်းရတာပေါ့"ဟု တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် မီးခိုးမြူထူထပ်စွာဖုံးလွှမ်းလာသဖြင့် မြို့တွင်းရေမှုန်ရေမွှားပက်ဖျန်းခြင်းအား မတ်လ (၁၄)ရက်နေ့က စတင်လုပ်ဆောင်လာခြင်းဖြစ်ကာ မတ်လ (၂၂)ရက်နေ့တွင် မီးခိုးအနည်းငယ်ပါးသွားသော်လည်း မတ်လ (၂၃)ရက်နေ့မှစ၍ မီးခိုးများပြန်လည်ထူထပ်လာခြင်းဖြစ်သည်။

မီးခိုးမြူထူထပ်လာသဖြင့် မတ်လ (၁၄) ရက်နေ့မှစတင်ကာ ရေမှုန်ရေမွှားပက်ဖျန်းခြင်းနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ နှာခေါင်းစည်းများအခမေဲ့ဝငှခြင်း၊ ကျန်းမာရေးသတိပေးချက်ကြငြောပေးခြင်း၊ လေထုအရည်အသွေးတိုင်းတာခြင်းတို့ကို ဆောင်ရွက်နေရခြင်းဖြစ်သည်။

"မိုးတုရွာအောင်တော့ နည်းပညာမတတ်နိုင်ဘူးပေါ့။ လက်ရှိ ကျွန်တော်တို့မှာက မီးသတ်ကားရှိတဲ့အတွက် မီးသတ်ကားမှာ ရေမှုန်ရေမွှားဖျန်းရတဲ့ နော်ဇယ်ခေါင်းရှိတာပေါ့။ အဲဒီဟာနဲ့ မီးသတ်ကား (၂) စီးနဲ့ အဓိကလူနေထူထပ်တဲ့နေရာတွေမှာ ရေဖျန်းတဲ့အလုပ်တွေကို ဆောင်ရွက်ပေးပါမယ်။ မီးခိုးထူထပ်တဲ့အခြေအနေကိုကြည့်ပြီး လိုအပ်သလောက်ဆောင်ရွက်ပေးသွားပါမယ်"ဟု တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားထားသည်။

တောင်ယာမီး၊ တောမီးရှို့ကြသည့် သုံးနိုင်ငံနယ်စပ်တွင်ရှိနေသည့် တာချီလိတ်မြို့တွင် နှစ်စဉ်မီးခိုးမြူထူထပ်မှုကို နှစ်စဉ်ခံစားနေရခြင်းဖြစ်ပြီး မီးခိုးမြူလျော့ပါးစေရန်ရေဖျန်းခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများကို ယခုနှစ်တွင် စတင်ဆောင်ရွက်လာခြင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net