တာချီလိတ်မြို့၏ လေထုအတွင်း အမှုန်ပါဝင်မှုများလွန်းနေသဖြင့် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရန် လိုအပ်

တာချီလိတ်မြို့၏ လေထုအတွင်း အမှုန်ပါဝင်မှုများလွန်းနေသဖြင့် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရန် လိုအပ်
မတျ 30, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းက မီးခိုးမြူ ပြန်လည်ထူထပ်လာရာတွင် လေထုအတွင်း အမှုန်ပါဝင်မှု အလွန်များပြားနေသဖြင့် ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်နိုင်သည့်အတွက် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ကြရန်  သတိပေးထားသည်။


တာချီလိတ်မြို့တွင် မတ်လ (၃၀)ရက်နေ့ လေထုအတွင်း အမှုန်ပါဝင်မှုပမာဏ လေထုအရည်အသွေး အညွန်းကိန်းမှာ (၄၄၈)သို့ မြင့်တက်နေသဖြင့် ကျန်းမာရေးဌာနအပါအဝင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးကော်မတီက လူထုအား နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် ရေမှုန်ရေမွှားပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် မီးခိုးမြူပိတ်နေသည့်ကာလ ကြာမြင့်လာသဖြင့် လေထုအရည်အသွေးတိုင်းတာခြင်းကို တောင်ကြီးမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များအကူအညီဖြင့် ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့မှစ၍ ပထမအကြိမ်အဖြစ် (၇)ရက်ကြာဆောင်ရွက်ပေးခဲ့ပြီးနောက် မီးခိုးမြူများဆက်လက်ဖုံးလွှမ်းနေသဖြင့် ဒုတိယအကြိမ်တိုင်းတာခြင်းကို ပြန်လည်ဆောင်ရွက်နေခြင်းဖြစ်သည်။

လေထုအရည်အသွေးအညွှန်းကိန်း (၁၀၀) ကို ပုံမှန်အခြေအနေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ရာ လက်ရှိ တာချီလိတ်မြို့၏ လေထုအရည်အသွေးတိုင်းတာချက်အရ အမှုန်ပါဝင်မှု အလွန်အမင်းများပြားနေပြီး ဆာလဖာဒိုင်အောက်ဆိုဒ်ပါဝင်မှုမှာလည်း အတန်အသင့်များနေခြင်းဖြစ်သည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းက မီးခိုးမြူ ပြန်လည်ထူထပ်လာရာတွင် လေထုအတွင်း အမှုန်ပါဝင်မှု အလွန်များပြားနေသဖြင့် ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်နို်င်သည့်အတွက် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ကြရန် သတိပေးထားသည်။

“အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ သတိထားသင့်တယ်။ အခုပါနေတဲ့အမှုန်ပမာဏက နည်းနည်းလေးများတော့ နှာခေါင်းစည်းကတော့ မဖြစ်မနေတပ်ဖို့လိုတယ်။ နောက်တစ်ခုက မျက်လုံးတွေဘာတွေ စပ်တယ်ဆိုရင် လက်နဲ့မပွတ်ဘဲ ရေထဲမှာ မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဆေးဖို့ရယ်၊ နောက်တစ်ခါ မျက်ရည်တုမျက်စဉ်း cool eye လိုမျိုး နှစ်နာရီခြားတစ်ခါလောက် ခတ်ပေးတာမျိုးလုပ်သင့်တယ်။ မျက်ကပ်မှန်တွေ ဘာတွေကတော့ သိပ်အဆင်မပြေဘူး။ မျက်မှန်ကတော့ ပိုအဆင်ပြေလိမ့်မယ်။ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေကတော့ အိမ်ထဲမှာနေတာ အကောင်းဆုံးပဲ။ အဲယားကွန်းရှိရင်တော့ အကောင်းဆုံးပေါ့ဗျာ”ဟု ဒေါက်တာပြည့်မြင့်မြတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် မတ်လ (၃၀)ရက်နေ့ လေထုအတွင်း အမှုန်ပါဝင်မှုပမာဏ လေထုအရည်အသွေး အညွန်းကိန်းမှာ (၄၄၈)သို့ မြင့်တက်နေသဖြင့် ကျန်းမာရေးဌာနအပါအဝင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးကော်မတီက လူထုအား နှာခေါင်းစည်းများ ဖြန့်ဝခြေင်းနှင့် ရေမှုန်ရေမွှားပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်နခြေင်းဖြစ်သည်။

တာချီလိတ်မြို့တွင် မီးခိုးမြူပိတ်နေသည့်ကာလ ကြာမြင့်လာသဖြင့် လေထုအရည်အသွေးတိုင်းတာခြင်းကို တောင်ကြီးမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များအကူအညီဖြင့် ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့မှစ၍ ပထမအကြိမ်အဖြစ် (၇)ရက်ကြာဆောင်ရွက်ပေးခဲ့ပြီးနောက် မီးခိုးမြူများဆက်လက်ဖုံးလွှမ်းနေသဖြင့် ဒုတိယအကြိမ်တိုင်းတာခြင်းကို ပြန်လည်ဆောင်ရွက်နခြေင်းဖြစ်သည်။

လေထုအရည်အသွေးအညွှန်းကိန်း (၁၀၀) ကို ပုံမှန်အခြေအနေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ရာ လက်ရှိ တာချီလိတ်မြို့၏ လေထုအရည်အသွေးတိုင်းတာချက်အရ အမှုန်ပါဝင်မှု အလွန်အမင်းများပြားနပြေီး ဆာလဖာဒိုင်အောက်ဆိုဒ်ပါဝင်မှုမှာလည်း အတန်အသင့်များနခြေင်းဖြစ်သည်။

စိုက်ပျိုးမြေအတွက် တောင်ယာမီးရှို့ခြင်း၊ တောမီးရှို့ခြင်း၊ စိုက်ပျိုးမြေမီးရှို့ပြင်ဆင်ခြင်းများကို အများဆုံးအသုံးပြုနေသည့် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့၏ သုံးနိုင်ငံနယ်စပ်ဒေသများရှိ မြို့များတွင် မီးခိုးမြူထူထပ်စွာဖုံးလွှမ်းခြင်းကို နှစ်စဉ်ကြုံတွေ့နေရသော်လည်း ထိရောက်စွာ ဖြေရှင်းနိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။

မီးခိုးမြူဖုံးလွှမ်းခြင်းကို နှစ်စဉ်ခံစားရသည့် တာချီလိတ်မြို့တွင် လေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ ကျန်းမာရေးအသိပေးခြင်း၊ မီးခိုးငွေ့လျှော့ချရန် ရေမှုန်ရေမွှားပက်ဖြန်းခြင်းနှင့် လေထုအရည်အသွေးတိုင်းတာခြင်းတို့ကို ၂၀၁၉ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်လာခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net