မိုင္းဆတ္ခရိုင္အတြင္း နားေကာင္းမူးတြင္ မီးေလာင္မႈျဖစ္ပြား၍ ေနအိမ္တစ္လံုး ဆံုးရႈံး

မိုင္းဆတ္ခရိုင္အတြင္း နားေကာင္းမူးတြင္ မီးေလာင္မႈျဖစ္ပြား၍ ေနအိမ္တစ္လံုး ဆံုးရႈံး
မတ် 25, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မုိင္းတံုၿမိဳ႕နယ္၊ နားေကာင္းမူးေက်းရြာတြင္ ဆိုလာျဖင့္ ဘက္ထရီအားသြင္းထားရာမွ မီးေလာင္ကၽြမ္းမႈျဖစ္သြားသျဖင့္ ေနအိမ္တစ္လံုးဆံုးရံႈးသြားေၾကာင္း သိရသည္။

နားေကာင္းမူးေက်းရြာတြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၄) ရက္ေန႔ ညေန (၃)နာရီ (၄၅)မိနစ္ဝန္းက်င္တြင္ ဦးေက်ာ္ေဌး၏ သြပ္မိုး၊ ထရံကာေနအိမ္တြင္ ဆိုလာျဖင့္ ဘက္ထရီအိုးအားသြင္းထားရာမွ အပူလြန္ကဲကာ နံရံကို မီးစတင္ေလာင္ကၽြမ္းျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ နားေကာင္းမူးမီးသတ္တပ္ဖြဲ႕ႏွင့္ ရပ္ကြက္ေနလူထုက ပူးေပါင္းၿငိႇမ္းသတ္ေပးသျဖင့္ အျခားေနအိမ္မ်ားသို႔ မီးကူးစက္ေလာင္ကၽြမ္းျခင္းမရိွဘဲ ညေန (၄)နာရီအခ်ိန္တြင္ မီးၿငိမ္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေနအိမ္ပိုင္ရွင္ ဦးေက်ာ္ေဌးအား နားေကာင္းမူးနယ္ေျမရဲစခန္းတြင္ (ပ) ၈/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၈၅ ျဖင့္အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း  - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - KHS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာတွင် ဆိုလာဖြင့် ဘက်ထရီအားသွင်းထားရာမှ မီးလောင်ကျွမ်းမှုဖြစ်သွားသဖြင့် နေအိမ်တစ်လုံးဆုံးရှုံးသွားကြောင်း သိရသည်။

နားကောင်းမူးကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့ ညနေ (၃)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် ဦးကျော်ဌေး၏ သွပ်မိုး၊ ထရံကာနေအိမ်တွင် ဆိုလာဖြင့် ဘက်ထရီအိုးအားသွင်းထားရာမှ အပူလွန်ကဲကာ နံရံကို မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ နားကောင်းမူးမီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်နေလူထုက ပူးပေါင်းငြှိမ်းသတ်ပေးသဖြင့် အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ ညနေ (၄)နာရီအချိန်တွင် မီးငြိမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်ပိုင်ရှင် ဦးကျော်ဌေးအား နားကောင်းမူးနယ်မြေရဲစခန်းတွင် (ပ) ၈/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net