မိုင်းဆတ်ခရိုင်ရှိ နမ့်ဆိုင်သစ်တောကြိုဝိုင်းအတွင်း ပိုင်ရှင်မဲ့ သစ်များ သိမ်းဆည်းရမိ

မိုင်းဆတ်ခရိုင်ရှိ နမ့်ဆိုင်သစ်တောကြိုဝိုင်းအတွင်း ပိုင်ရှင်မဲ့ သစ်များ သိမ်းဆည်းရမိ
မတျ 21, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင်အတွင်း နားကောင်းမူးကျေးရွာနှင့် (၃)မိုင်ဝန်းကျင်ကွာဝေးသည့် သစ်တောကြိုးဝိုင်းတွင် ပိုင်ရှင်မဲ့ သစ်များကို ၂၀၁၉ခုနှစ် မတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက သိမ်းဆည်းရမိကြောင်း သိရသည်။

ပွင့်လင်းရာသီ တရားမ၀င် သစ်ရှာဖွေဖမ်းဆီးရေးစီမံချက်ဖြင့် မိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖိုးချို နှင့် အဖွဲ့၊ နားကောင်းမူးနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်သူထွဋ် နှင့် တပ်ဖွဲ့ဝင်များ၊ စရဖ၊ ပြည်သူ့စစ်နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ မိုင်းတုံမြို့နယ်အတွင်း နားကောင်းမူးကျေးရွာ နှင့် (၃)မိုင်ဝန်းကျင် ကွာဝေးသည့် နမ့်ဆိုင်သစ်တောကြိုးဝိုင်းအတွင်း၌ တရားမ၀င် သစ်များကို တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။



ဓါတ်ပုံ - KHS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင်အတွင်း နားကောင်းမူးကျေးရွာနှင့် (၃)မိုင်ဝန်းကျင်ကွောဝးသည့် သစ်တောကြိုးဝိုင်းတွင် ပိုင်ရှင်မဲ့ သစ်များကို ၂၀၁၉ခုနှစ် မတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက သိမ်းဆည်းရမိကြောင်း သိရသည်။

ပွင့်လင်းရာသီ တရားမဝင် သစ်ရှာဖွေဖမ်းဆီးရေးစီမံချက်ဖြင့် မိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖိုးချို နှင့် အဖွဲ့၊ နားကောင်းမူးနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်သူထွဋ် နှင့် တပ်ဖွဲ့ဝင်များ၊ စရဖ၊ ပြည်သူ့စစ်နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ မိုင်းတုံမြို့နယ်အတွင်း နားကောင်းမူးကျေးရွာ နှင့် (၃)မိုင်ဝန်းကျင် ကွောဝးသည့် နမ့်ဆိုင်သစ်တောကြိုးဝိုင်းအတွင်း၌ တရားမဝင် သစ်များကို တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် တရားဝင်သစ်များမှာ အင်ကြင်းသစ်ခွဲသား ဆိုဒ်စုံ (၄၈)ချောင်းဖြစ်ရာ စုစုပေါင်း တန်မှာ (၂.၂၃၈၈)တန်ရှိကြောင်း နှင့် အဆိုပါ သစ်များအား မိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနက ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိသည့် တရားမဝင်သစ်များအား မိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net