မူဆယ္နယ္စပ္ဝင္ထြက္ေပါက္တြင္ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ကုန္သြား၍ တရုတ္ႏုိင္ငံသြားလိုသူမ်ား ေစာင့္ဆိုင္းေနရ

မူဆယ္နယ္စပ္ဝင္ထြက္ေပါက္တြင္ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ကုန္သြား၍ တရုတ္ႏုိင္ငံသြားလိုသူမ်ား ေစာင့္ဆိုင္းေနရ
မတ် 26, 2019
By Tachileik News Agency

တရုတ္ႏိုင္ငံႏွင့္နယ္စပ္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္နယ္စပ္ဝင္ထြက္ေပါက္မ်ားတြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၆)ရက္ေန႔ နံနက္ပိုင္းက ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ကုန္သြားသျဖင့္ တရုတ္ႏုိင္ငံဘက္ ဝင္၍မရဘဲ ေစာင့္ဆုိင္းေနၾကရေၾကာင္း သိရသည္။

"တစ္ႏိုင္ငံလံုးက နယ္စပ္ဂိတ္ေပါက္ေတြက်ေတာ့ အေဟာင္းကဒ္ေတြ မသံုးေတာ့ဘူး။ ဒီမူဆယ္တစ္ခုပဲ သံုးေနတာ။ တရုတ္ကအသစ္ကို လက္မခံေတာ့ေလ။ အေဟာင္းကကုန္သြားေတာ့ အသစ္နဲ႔ ၀င္ခြင့္မျပဳေတာ့ ၀င္မယ့္သူေတြ ေစာင့္ေနရတာေပါ့။ ညေနေလာက္ေတာ့ ေရာက္မယ္လို႔ၾကားတယ္"ဟု မူဆယ္ၿမိဳ႕မွ လုပ္ငန္းရွင္တစ္ဦးျဖစ္သူ ဦးေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာအလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ထုိင္း၊ အိႏၵိယႏွင့္ တရုတ္ႏုိင္ငံ နယ္စပ္ဝင္ထြက္ေပါက္မ်ားတြင္ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္မ်ားအား လံုၿခံဳေရးစနစ္အဆင့္ျမႇင့္တင္သည့္စနစ္ျဖင့္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလမွစ၍ ေျပာင္းလဲအသံုးျပဳေနေသာ္လည္း တရုတ္ႏုိင္ငံဘက္က ယခုအခ်ိန္ထိ လက္မခံေသးသျဖင့္ မူဆယ္နယ္စပ္ဝင္ထြက္ေပါက္မ်ားတြင္ ယခင္ကအသံုးျပဳခဲ့သည့္ ကဒ္အေဟာင္းမ်ားကို သံုးစြဲေနရျခင္းျဖစ္ေၾကာင္း သိရသည္။

ေျပာင္းလဲထားသည့္ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္မ်ားတြင္ လံုၿခံဳေရးႀကိဳး၊ လိုဂိုေရစာမ်ားအျပင္ QR Code ထည့္သြင္းထားျခင္းျဖစ္သည္။

သတင္း  - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တရုတ်နိုင်ငံနှင့်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်ဝင်ထွက်ပေါက်များတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့ နံနက်ပိုင်းက ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ကုန်သွားသဖြင့် တရုတ်နိုင်ငံဘက် ဝင်၍မရဘဲ စောင့်ဆိုင်းနကြေရကြောင်း သိရသည်။

"တစ်နိုင်ငံလုံးက နယ်စပ်ဂိတ်ပေါက်တွေကျတော့ အဟောင်းကဒ်တွေ မသုံးတော့ဘူး။ ဒီမူဆယ်တစ်ခုပဲ သုံးနေတာ။ တရုတ်ကအသစ်ကို လက်မခံတော့လေ။ အဟောင်းကကုန်သွားတော့ အသစ်နဲ့ ဝင်ခွင့်မပြုတော့ ဝင်မယ့်သူတွေ စောင့်နေရတာပေါ့။ ညနေလောက်တော့ ရောက်မယ်လို့ကြားတယ်"ဟု မူဆယ်မြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထိုင်း၊ အိန္ဒိယနှင့် တရုတ်နိုင်ငံ နယ်စပ်ဝင်ထွက်ပေါက်များတွင် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များအား လုံခြုံရေးစနစ်အဆင့်မြှင့်တင်သည့်စနစ်ဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစ၍ ပြောင်းလဲအသုံးပြုနေသော်လည်း တရုတ်နိုင်ငံဘက်က ယခုအချိန်ထိ လက်မခံသေးသဖြင့် မူဆယ်နယ်စပ်ဝင်ထွက်ပေါက်များတွင် ယခင်ကအသုံးပြုခဲ့သည့် ကဒ်အဟောင်းများကို သုံးစွဲနေရခြင်းဖြစ်ကြောင်း သိရသည်။

ပြောင်းလဲထားသည့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များတွင် လုံခြုံရေးကြိုး၊ လိုဂိုရေစာများအပြင် QR Code ထည့်သွင်းထားခြင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net