မီးခိုးျမူမ်ား ပိုမိုမ်ားျပားလာသည့္ တာခ်ီလိတ္ၿမိဳ႕ နံနက္ခင္း ( 31/3/2019 ၊ 8:00AM )

မီးခိုးျမူမ်ား ပိုမိုမ်ားျပားလာသည့္ တာခ်ီလိတ္ၿမိဳ႕ နံနက္ခင္း ( 31/3/2019 ၊ 8:00AM )
မတ် 31, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ခုႏွစ္ မတ္လ(၃၀)ရက္ေန႔ နံနက္က စ၍ မီးခိုးျမဴမ်ား သိသိသာသာ မ်ားျပားလာခဲ့ရာ  ရွမ္းျပည္နယ္ ပတ္၀န္းက်င္ထိန္းသိမ္းေရးဦးစီးဌာန၏ တိုင္းတာခ်က္အရ  ေလထုအတြင္း အမႈန္ပါဝင္မႈပမာဏ ေလထုအရည္အေသြး အညြန္းကိန္းမွာ (၄၄၈)ရွိခဲ့ၿပီး ယေန႔ မတ္လ(၃၁)ရက္ေန႔ နံနက္ပိုင္းတြင္ မီးခိုးျမဴမ်ား ပိုမိုမ်ားျပားလာသည္ကို ေတြ႔ရသည္။

လက္ရွိ အေျခအေနအရ တာခ်ီလိတ္ခရိုင္္စီမံခန္႔ခြဲမႈေကာ္မတီႏွင့္ တာ၀န္ရွိသူမ်ားက ႏွာေခါင္းဖံုးမ်ား ေ၀ငွေပးျခင္း တာခ်ီလိတ္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႔မွ ေရပက္ျဖန္းေပးျခင္ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ႏွင့္ တာခ်ီလိတ္ေန ျပည္သူမ်ား အျပင္သြားမည္ဆိုပါ ႏွာေခါင္းဖံုးမ်ား တပ္သြားၾကရန္ႏွင့္ မလိုရင္ အျပင္မထြက္ၾကရန္ တာခ်ီလိတ္ခရိုင္္စီမံခန္႔ခြဲမႈေကာ္မတီက အသိေပးႏႈိးေဆာ္ထားရွိသည္။

Tachileik News Agency
ဓါတ္ပံု -  ကိုေဇာင္း




~~~~~~~~⊰❂ Unicode Version ~~~~~~~~

မီးခိုးမြူများ ပိုမိုများပြားလာသည့် တာချီလိတ်မြို့ နံနက်ခင်း ( 31/3/2019၊ 8:00AM )
***********

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၉ခုနှစ် မတ်လ(၃၀)ရက်နေ့ နံနက်က စ၍ မီးခိုးမြူများ သိသိသာသာ များပြားလာခဲ့ရာ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ တိုင်းတာချက်အရ လေထုအတွင်း အမှုန်ပါဝင်မှုပမာဏ လေထုအရည်အသွေး အညွန်းကိန်းမှာ (၄၄၈)ရှိခဲ့ပြီး ယနေ့ မတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းတွင် မီးခိုးမြူများ ပိုမိုများပြားလာသည်ကို တွေ့ရသည်။

လက်ရှိ အခြေအနေအရ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီနှင့် တာဝန်ရှိသူများက နှာခေါင်းဖုံးများေဝငှပေးခြင်း တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ရေပက်ဖြန်းပေးခြင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် တာချီလိတ်နေ ပြည်သူများ အပြင်သွားမည်ဆိုပါ နှာခေါင်းဖုံးများ တပ်သွားကြရန်နှင့် မလိုရင် အပြင်မထွက်ကြရန် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီက အသိပေးနှိုးဆော်ထားရှိသည်။

Tachileik News Agency
ဓာတ်ပုံ - #ကိုဇောင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net