မိုင္းဆတ္ၿမိဳ႕နယ္အတြင္း ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိသည့္ သစ္မ်ားႏွင့္ ပတ္သက္၍ အမႈဖြင့္စံုစမ္းေန

မိုင္းဆတ္ၿမိဳ႕နယ္အတြင္း ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိသည့္ သစ္မ်ားႏွင့္ ပတ္သက္၍ အမႈဖြင့္စံုစမ္းေန
မတ် 29, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္အတြင္း မိုင္းဆတ္ - မိုင္းပ်ဥ္သြားလမ္း ေတာစပ္အနီးတြင္ ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းမိသည့္ ပိေတာက္သစ္စကြဲယားတံုး (၄၄)တံုးႏွင့္ ပတ္သက္၍ မိုင္းခုတ္နယ္ေျမရဲစခန္းတြင္ ၂၀၁၉ခုႏွစ္ မတ္လ(၂၉)ရက္ေန႔ ညေန(၄)နာရီခြဲ၀န္းက်င္က အမႈဖြင့္လိုက္ၿပီး ပိုင္ရွင္အား စံုစမ္းေနလ်က္ရွိေၾကာင္း သိရသည္။

မိုင္းဆတ္ၿမိဳ႕နယ္၊ လြယ္ေဆာင္ေက်းရြာအုပ္စု၊ မိုင္းဆတ္ - မိုင္းပ်ဥ္းသြားကားလမ္း ၊ နားလည္ရြာ ေတာစပ္အနီးတြင္ ပံုထားသည့္ သစ္မ်ားႏွင့္ ပတ္သက္၍သတင္းအရ ၂၀၁၉ခုႏွစ္ မတ္လ(၂၄)ရက္ေန႔ နံနက္(၈)နာရီခြဲ၀န္းက်င္က မိုင္းဆတ္ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွ ေတာအုပ္ဦးေအာင္ႏိုင္ဦး ႏွင့္ အဖြဲ႔ ၊ လြယ္ေဆာင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးယာရွဲႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားမွ သြားေရာက္ စစ္ေဆးရာ ေတာစပ္အနီးတြင္ စုပံုထားသည့္ ပိေတာက္သစ္စကြဲယားတံုး (၄၄)တံုးကို ရွာေဖြေတြ႔ရွိရာ စုစုေပါင္း (၃.၇၈၆၂)တန္ရွိေၾကာင္းႏွင့္ အဆိုပါ သစ္မ်ားအား ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိခဲ့သည့္ အဆိုပါ သစ္မ်ားအား မိုင္းဆတ္ၿမိဳ႕နယ္သစ္ေတာရံုး၀န္းအတြင္း ထားရွိၿပီး သစ္ေတာဦးစီးဌာန၏ တိုင္းတာမႈၿပီးေနာက္ ပိုင္ရွင္အား ဖမ္းဆီးရမိေရးအတြက္ မိုင္းခုတ္နယ္ေျမရဲစခန္းတြင္ အမႈဖြင့္တိုင္ၾကားလိုက္ရာ မိုင္းခုတ္နယ္ေျမရဲစခန္းမွ (ပ)၈/၂၀၁၉၊ သစ္ေတာဥပေဒပုဒ္မ - ၄၂ (က)ျဖင့္ အမႈဖြင့္လက္ခံထားရွိၿပီး စံုစမ္းမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - KHS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်း မိုင်းဆတ် - မိုင်းပျဉ်သွားလမ်း တောစပ်အနီးတွင် ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းမိသည့် ပိတောက်သစ်စကွဲယားတုံး (၄၄)တုံးနှင့် ပတ်သက်၍ မိုင်းခုတ်နယ်မြေရဲစခန်းတွင် ၂၀၁၉ခုနှစ် မတ်လ(၂၉)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်က အမှုဖွင့်လိုက်ပြီး ပိုင်ရှင်အား စုံစမ်းနေလျက်ရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ မိုင်းဆတ် - မိုင်းပျဉ်းသွားကားလမ်း၊ နားလည်ရွာ တောစပ်အနီးတွင် ပုံထားသည့် သစ်များနှင့် ပတ်သက်၍သတင်းအရ ၂၀၁၉ခုနှစ် မတ်လ(၂၄)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်က မိုင်းဆတ်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးအောင်နိုင်ဦး နှင့် အဖွဲ့၊ လွယ်ဆောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးယာရှဲနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးရာ တောစပ်အနီးတွင် စုပုံထားသည့် ပိတောက်သစ်စကွဲယားတုံး (၄၄)တုံးကို ရှာဖွေတွေ့ရှိရာ စုစုပေါင်း (၃.၇၈၆၂)တန်ရှိကြောင်းနှင့် အဆိုပါ သစ်များအား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့သည့် အဆိုပါ သစ်များအား မိုင်းဆတ်မြို့နယ်သစ်တောရုံးဝန်းအတွင်း ထားရှိပြီး သစ်တောဦးစီးဌာန၏ တိုင်းတာမှုပြီးနောက် ပိုင်ရှင်အား ဖမ်းဆီးရမိရေးအတွက် မိုင်းခုတ်နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားလိုက်ရာ မိုင်းခုတ်နယ်မြေရဲစခန်းမှ (ပ)၈/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ - ၄၂ (က)ဖြင့် အမှုဖွင့်လက်ခံထားရှိပြီး စုံစမ်းမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net