၂၄ ႏွစ္ၾကာ စစ္ေဆးႏုိင္ျခင္းမရိွခဲ့သည့္ ျမန္မာ - တရုတ္နယ္နိမိတ္စစ္ေဆးေရး လုပ္ေဆာင္ရန္ ႏွစ္ႏုိင္ငံ ႏုိင္ငံျခားေရးဝန္ႀကီးဌာနမ်ား ေတြ႔ဆံုေဆြးေႏြး

၂၄ ႏွစ္ၾကာ စစ္ေဆးႏုိင္ျခင္းမရိွခဲ့သည့္ ျမန္မာ - တရုတ္နယ္နိမိတ္စစ္ေဆးေရး လုပ္ေဆာင္ရန္ ႏွစ္ႏုိင္ငံ ႏုိင္ငံျခားေရးဝန္ႀကီးဌာနမ်ား ေတြ႔ဆံုေဆြးေႏြး
မတ် 21, 2019
By Tachileik News Agency

(၂၄) ႏွစ္ၾကာ စစ္ေဆးႏိုင္ျခင္းမရိွခဲ့သည့္ ျမန္မာ - တရုတ္နယ္နိမိတ္စစ္ေဆးျခင္းလုပ္ငန္းအား အျမန္ဆံုးအေကာင္အထည္ေဖၚႏုိင္ရန္ ႏွစ္ႏုိင္ငံႏုိင္ငံျခားေရးဝန္ႀကီးဌာနမ်ားက ၂၀၁၉ ခုနွစ္၊ မတ္လ (၁၇)ရက္ေန႔မွ (၁၉)ရက္ေန႔အထိ တရုတ္ႏုိင္ငံ၊ ကြမ္က်ိဳးၿမိဳ႕တြင္ အစည္းအေဝးက်င္းပ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ျမန္မာ - တ႐ုတ္ နယ္နိမိတ္တစ္ေလွ်ာက္ ျဖစ္ပြားသည့္ကိစၥရပ္မ်ားအား ပူးတြဲကြင္းဆင္းစစ္ေဆးျခင္းျဖင့္ ၿငိမ္းခ်မ္းစြာ ေျဖရွင္းေဆာင္႐ြက္သြားၾကရန္ ႏွစ္ႏုိင္ငံသေဘာတူညီခဲ့ၾကၿပီး တတိယအႀကိမ္ ျမန္မာ - တ႐ုတ္ နယ္နိမိတ္ ပူးတြဲစစ္ေဆးျခင္းဆိုင္ရာ ဒုတိယအႀကိမ္ ႀကိဳတင္ညႇိႏႈိင္းအစည္းအေဝး မွတ္တမ္းကို မတ္လ (၁၉)ရက္ေန႔က လက္မွတ္ေရးထုိုးခဲ့ေၾကာင္း သိရသည္။

အဆိုပါ အစည္းအေဝးတြင္ တတိယအႀကိမ္ ျမန္မာ-တ႐ုတ္ နယ္နိမိတ္ ပူးတြဲစစ္ေဆးျခင္းလုပ္ငန္းမ်ားအား (၂၄) ႏွစ္ၾကာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ျခင္းမရွိခဲ့သည့္အတြက္ အျမန္ဆုံး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေရး၊ ပူးတြဲစစ္ေဆးျခင္းလုပ္ငန္းမ်ားအတြက္ ပူးတြဲေကာ္မတီတစ္ရပ္ ဖြဲ႕စည္းေရး၊ ေခတ္မီနည္းပညာမ်ား အသုံးျပဳ၍ ႏွစ္ႏိုင္ငံ နယ္နိမိတ္အား ျပန္လည္စစ္ေဆးတိုင္းတာသြားေရး၊ နယ္နိမိတ္မ်ဥ္းအား ပိုမိုရွင္းလင္းထင္ရွားေစရန္အတြက္ လက္ရွိ နယ္နိမိတ္မွတ္တိုင္မ်ားအျပင္ နယ္နိမိတ္မွတ္တိုင္မ်ား ထပ္တိုး စိုက္ထူသြားေရးႏွင့္ အျခားနယ္နိမိတ္ဆိုင္ရာကိစၥရပ္မ်ား၊ နယ္စပ္ေဒသဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးကိစၥရပ္မ်ားအေပၚ ႏွစ္ဖက္အျမင္ခ်င္းဖလွယ္ ေဆြးေႏြးညႇိႏႈိင္းခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

တတိယအႀကိမ္ ျမန္မာ - တ႐ုတ္ နယ္နိမိတ္ ပူးတြဲစစ္ေဆးျခင္းဆိုင္ရာ ဒုတိယအႀကိမ္ ႀကိဳတင္ညႇိႏႈိင္းအစည္းအေဝးသို႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ေကာင္စစ္ေရးရာႏွင့္ ဥပေဒေရးရာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမ်ိဳးသန္႔ေဖ ေခါင္းေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႔ႏွင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ နယ္စပ္ေဒသႏွင့္ ပင္လယ္သမုဒၵရာေရးရာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ Mrs. Wang Wenli ေခါင္းေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕တို႔ တက္ေရာက္ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - MOFA


~~~~~~~~⊰❂ Unicode Version ~~~~~~~~

(၂၄) နှစ်ကြာ စစ်ဆေးနိုင်ခြင်းမရှိခဲ့သည့် မြန်မာ - တရုတ်နယ်နိမိတ်စစ်ဆေးခြင်းလုပ်ငန်းအား အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများက ၂၀၁၉ ခုနှစ်၊ မတ်လ (၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ - တရုတ် နယ်နိမိတ်တစ်လျှောက် ဖြစ်ပွားသည့်ကိစ္စရပ်များအား ပူးတွဲကွင်းဆင်းစစ်ဆေးခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်သွားကြရန် နှစ်နိုင်ငံသဘောတူညီခဲ့ကြပြီး တတိယအကြိမ် မြန်မာ - တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးခြင်းဆိုင်ရာ ဒုတိယအကြိမ် ကြိုတင်ညှိနှိုင်းအစည်းအဝေး မှတ်တမ်းကို မတ်လ (၁၉)ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးခြင်းလုပ်ငန်းများအား (၂၄) နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့်အတွက် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ပူးတွဲစစ်ဆေးခြင်းလုပ်ငန်းများအတွက် ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရေး၊ ခေတ်မီနည်းပညာများ အသုံးပြု၍ နှစ်နိုင်ငံ နယ်နိမိတ်အား ပြန်လည်စစ်ဆေးတိုင်းတာသွားရေး၊ နယ်နိမိတ်မျဉ်းအား ပိုမိုရှင်းလင်းထင်ရှားစေရန်အတွက် လက်ရှိ နယ်နိမိတ်မှတ်တိုင်များအပြင် နယ်နိမိတ်မှတ်တိုင်များ ထပ်တိုး စိုက်ထူသွားရေးနှင့် အခြားနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တတိယအကြိမ် မြန်မာ - တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးခြင်းဆိုင်ရာ ဒုတိယအကြိမ် ကြိုတင်ညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် ပင်လယ်သမုဒ္ဒရာရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Wang Wenli ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

ဓာတ်ပုံ - MOFA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net