အင္းတုိင္းရင္းသားအဖြဲ႕ခ်ဳပ္ပါတီကို ဖ်က္သိမ္းေၾကာင္း ေကာ္မရွင္ေၾကညာခ်က္ထုတ္

အင္းတုိင္းရင္းသားအဖြဲ႕ခ်ဳပ္ပါတီကို ဖ်က္သိမ္းေၾကာင္း ေကာ္မရွင္ေၾကညာခ်က္ထုတ္
မတ် 30, 2019
By 🌸
အင္းတုိင္းရင္းသားအဖြဲ႕ခ်ဳပ္ပါတီကို ႏုိင္ငံေရးပါတီအျဖစ္ မွတ္ပံုတင္ခြင့္ျပဳထားျခင္းအား ပယ္ဖ်က္၍ ပါတီအားဖ်က္သိမ္းလုိက္ေၾကာင္း ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၉)ရက္ေန႔တြင္ ေရြးေကာက္ပြဲေကာ္မရွင္က ေၾကညာခ်က္ထုတ္ျပန္သည္။

အဆိုပါ ပါတီမွာ ၂၀၁၅ ခုႏွစ္ ဇြန္လ (၉)ရက္ေန႔တြင္ ပါတီမွတ္ပံုတင္အမွတ္ (၈၆)ျဖင့္ မွတ္ပံုတင္ခြင့္ရခဲ့ျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၁၆)ရက္ေန႔တြင္ ပါတီအား ဖ်က္သိမ္းခြင့္ျပဳရန္ ေကာ္မရွင္ထံ တင္ျပခဲ့ျခင္းျဖစ္သည္။

အဆုိပါတင္ျပခ်က္အား မတ္လ (၁၉)ရက္ေန႔ကက်င္းပသည့္ ေရြးေကာက္ပြဲေကာ္မရွင္ စံုညီအစည္းအေဝးတြင္ ေဆြးေႏြးၿပီးေနာက္ ပါတီအား ဖ်က္သိမ္းခြင့္ျပဳလုိက္ျခင္းျဖစ္ေၾကာင္း ေၾကညာခ်က္တြင္ ေဖၚျပထားသည္။

အင္းတုိင္းရင္းသားအဖြဲ႕ခ်ဳပ္ပါတီကို ၂၀၁၉ ခုႏွစ္ မတ္လ (၂၈)ရက္ေန႔မွစ၍ ႏုိင္ငံေရးပါတီအျဖစ္ မွတ္ပံုတင္ထားျခင္းမွ ပယ္ဖ်က္၍ ပါတီကိုဖ်က္သိမ္းလုိက္ျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီကို ဖျက်သိမ်းကြောင်း ကော်မရှင်ကြေညာချက်ထုတ်
**********
အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းအား ပယ်ဖျက်၍ ပါတီအားဖျက်သိမ်းလိုက်ကြောင်း ၂၀၁၉ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်သည်။
အဆိုပါ ပါတီမှာ ၂၀၁၅ ခုနှစ် ဇွန်လ (၉)ရက်နေ့တွင် ပါတီမှတ်ပုံတင်အမှတ် (၈၆)ဖြင့် မှတ်ပုံတင်ခွင့်ရခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့တွင် ပါတီအား ဖျက်သိမ်းခွင့်ပြုရန် ကော်မရှင်ထံ တင်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါတင်ပြချက်အား မတ်လ (၁၉)ရက်နေ့ကကျင်းပသည့် ရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေးတွင် ဆွေးနွေးပြီးနောက် ပါတီအား ဖျက်သိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖေါ်ပြထားသည်။
အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီကို ၂၀၁၉ ခုနှစ် မတ်လ (၂၈)ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကိုဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net