ေတာမီးေလာင္မႈေစာင့္ၾကည့္သည့္ မွတ္တမ္းအရ ျမန္မာႏုိင္ငံအတြင္း ေတာမီးေလာင္သည့္ေနရာေပါင္း တစ္သိန္းေက်ာ္ေတြ႔ရိွ

ေတာမီးေလာင္မႈေစာင့္ၾကည့္သည့္ မွတ္တမ္းအရ ျမန္မာႏုိင္ငံအတြင္း ေတာမီးေလာင္သည့္ေနရာေပါင္း တစ္သိန္းေက်ာ္ေတြ႔ရိွ
မတ် 24, 2019
By Tachileik News Agency

ေတာမီးေလာင္မႈ သတိေပးခ်က္မ်ားကို ၿဂိဳလ္တုျဖင့္ ေစာင့္ၾကည့္မႈမွတ္တမ္းမ်ားအရ ၂၀၁၉ ခုႏွစ္ မတ္လ (၁)ရက္ေန႔မွ (၂၃)ရက္ေန႔အထိ ျမန္မာႏုိင္ငံအတြင္း ေတာမီးေလာင္သည့္ေနရာေပါင္း တစ္သိန္းေက်ာ္ျဖင့္ အိမ္နီးခ်င္းႏုိင္ငံမ်ားထက္ အမ်ားဆံုးအေရအတြက္ျဖစ္ေနသည္ကို ေတြ႔ရသည္။

ကမၻာတလႊား ေတာမီးေလာင္မႈမ်ားကို ၿဂိဳလ္တုမွတ္တမ္းျဖင့္ ေစာင့္ၾကည့္ေနသည့္ Global Forest Watch Fires တြင္ ေဖၚျပထားခ်က္အရ မတ္လ (၁)ရက္ေန႔မွ (၂၃)ရက္ေန႔အထိကာလအတြင္း ျမန္မာႏုိင္ငံအတြင္း ေနရာေပါင္း(၁၀၉,၇၄၁)ရိွေနၿပီး အလားတူကာလအတြင္း အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ ထုိင္းႏုိင္ငံတြင္ (၇၁,၄၀၂)ေနရာ၊ လာအိုႏုိင္ငံတြင္ (၆၃,၇၈၂)ေနရာ၊ တရုတ္နုိင္ငံတြင္ (၅၆,၀၁၇)ေနရာ၊ အိႏၵိယႏုိင္ငံတြင္ (၇၂,၃၃၅)ေနရာႏွင့္ ဘဂၤလားေဒ့ရွ္တြင္ (၁,၅၀၄)ေနရာတို႔ကို ေတြ႔ရိွမွတ္တမ္းတင္ထားသည္ကို ေတြ႔ရသည္။

ျမန္မာႏုိင္ငံအတြင္းမွ ေတာမီးေလာင္မႈ သတိေပးခ်က္မ်ား ေတြ႔ရိွထားသည့္ေဒသမ်ားမွာ ရွမ္းျပည္နယ္ လိြဳင္လင္ေဒသတြင္ ေနရာေပါင္း (၁၄,၃၄၅)၊ မိုင္းဆတ္တြင္ (၈,၆၀၄)ေနရာ၊ ေတာင္ႀကီးတြင္ (၆,၀၄၅)ေနရာ၊ ပခုကၠဴေဒသတြင္ (၅,၆၂၅)ေနရာ၊ ေဘာ္လခဲတြင္ (၅,၀၉၅)ေနရာ၊ ေက်ာက္မဲတြင္ (၅,၀၄၂)ေနရာ၊ သရက္တြင္ (၄,၈၃၉)ေနရာ၊ ဖလမ္းတြင္ (၄,၄၄၇)ေနရာ၊ လိြဳင္ေကာ္တြင္ (၄,၁၂၅)ေနရာႏွင့္ ေရႊဘိုတြင္ (၃,၃၈၇)ေနရာတုိ႔မွ ရရိွမွတ္တမ္းတင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ေတာမီးရိႈ႕မႈမ်ားေၾကာင့္ ျမန္မာႏုိင္ငံအေရွ႕ပိုင္းႏွင့္ ထုိင္းႏုိင္ငံ ေျမာက္ပိုင္းေဒသတို႔တြင္ မီးခိုးျမဴၾကာရွည္စြာဖံုးလႊမ္းမႈေၾကာင့္ ေလထုအရည္အေသြးက်ဆင္းမႈႏွင့္ ရင္ဆုိင္ေနရျခင္းျဖစ္သည္။

Tachileik News Agency
Ref; Global Forest Watch



~~~~~~~~⊰❂ Unicode Version ~~~~~~~~

တောမီးလောင်မှု သတိပေးချက်များကို ဂြိုလ်တုဖြင့် စောင့်ကြည့်မှုမှတ်တမ်းများအရ ၂၀၁၉ ခုနှစ် မတ်လ (၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း တောမီးလောင်သည့်နေရာပေါင်း တစ်သိန်းကျော်ဖြင့် အိမ်နီးချင်းနိုင်ငံများထက် အများဆုံးအရေအတွက်ဖြစ်နေသည်ကို တွေ့ရသည်။

ကမ္ဘာတလွှား တောမီးလောင်မှုများကို ဂြိုလ်တုမှတ်တမ်းဖြင့် စောင့်ကြည့်နေသည့် Global Forest Watch Fires တွင် ဖော်ပြထားချက်အရ မတ်လ (၁)ရက်နေ့မှ (၂၃)ရက်နေ့အထိကာလအတွင်း မြန်မာနိုင်ငံအတွင်း နေရာပေါင်း(၁၀၉,၇၄၁)ရှိနပြေီး အလားတူကာလအတွင်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံတွင် (၇၁,၄၀၂)နေရာ၊ လာအိုနိုင်ငံတွင် (၆၃,၇၈၂)နေရာ၊ တရုတ်နိုင်ငံတွင် (၅၆,ဝ၁၇)နေရာ၊ အိန္ဒိယနိုင်ငံတွင် (၇၂,၃၃၅)နေရာနှင့် ဘင်္ဂလားဒေ့ရှ်တွင် (၁,၅၀၄)နေရာတို့ကို တွေ့ရှိမှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအတွင်းမှ တောမီးလောင်မှု သတိပေးချက်များ တွေ့ရှိထားသည့်ဒေသများမှာ ရှမ်းပြည်နယ် လွိုင်လင်ဒေသတွင် နေရာပေါင်း (၁၄,၃၄၅)၊ မိုင်းဆတ်တွင် (၈,၆၀၄)နေရာ၊ တောင်ကြီးတွင် (၆,ဝ၄၅)နေရာ၊ ပခုက္ကူဒေသတွင် (၅,၆၂၅)နေရာ၊ ဘော်လခဲတွင် (၅,ဝ၉၅)နေရာ၊ ကျောက်မဲတွင် (၅,ဝ၄၂)နေရာ၊ သရက်တွင် (၄,၈၃၉)နေရာ၊ ဖလမ်းတွင် (၄,၄၄၇)နေရာ၊ လွိုင်ကော်တွင် (၄,၁၂၅)နေရာနှင့် ရွှေဘိုတွင် (၃,၃၈၇)နေရာတို့မှ ရရှိမှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တောမီးရှို့မှုများကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတို့တွင် မီးခိုးမြူကြာရှည်စွာဖုံးလွှမ်းမှုကြောင့် လေထုအရည်အသွေးကျဆင်းမှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

Tachileik News Agency
Ref; Global Forest Watch

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net