တာချီလိတ် မိုင်းဆတ် မိုင်းတုံမြို့တို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူများမှာ မတ်လ(၃၀)ရက်နေ့တွင် သိသိသာသာ ဖုံးလွှမ်းခဲ့မှုကြောင့် ကျန်းမာရေးအတွက် ယခင်ကထက် စိုးရိမ်စရာဖြစ်လာ

တာချီလိတ် မိုင်းဆတ် မိုင်းတုံမြို့တို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူများမှာ မတ်လ(၃၀)ရက်နေ့တွင် သိသိသာသာ ဖုံးလွှမ်းခဲ့မှုကြောင့် ကျန်းမာရေးအတွက် ယခင်ကထက် စိုးရိမ်စရာဖြစ်လာ
မတျ 31, 2019
By Tachileik News Agency

နယ်စပ်ဖြတ်ကျော် တောမီးခိုးများကြောင့် မြန်မာ - ထိုင်းနယ်စပ်ဒေသရှိ တာချီလိတ်မြို့တစ်မြို့တည်းတာ မီးခိုးမြူများ ဖုံးလွှမ်းနေခြင်းမျိုးမဟုတ်ဘဲ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ တာချီလိတ်၊ မိုင်းဆတ် နှင့် မိုင်းတုံတို့တွင် မီးခိုးမြူများဖုံးလွှမ်းမှုသည် ၂၀၁၉ခုနှစ် မတ်လ(၃၀)ရက်နေ့တွင် သိသိသာသာဖြစ်စေခဲ့ခြင်းကြောင်း ကျန်းမာရေး နှင့် ပတ်သက်၍ စိုးရိမ်စရာဖြစ်လာကြောင်း သိရသည်။


ယခုလို ဖြစ်ပေါ်နေမှုများကြောင့် တာချီလိတ်အနေဖြင့် တာချီလိတ်မြို့ပေါ် လူသွားလူလာ များသည့် နေရာများတွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီက နှာခေါင်းစီးများ ဝေငှခြင်း၊ မီးသတ်တပ်ဖွဲ့မှ ရေမှုန်ရေမွှား ပက်ဖျန်းပေးခြင်းများကို လုပ်ဆောင်နေရပြီး မီးခိုးဖုံးလွှမ်းမှုအပေါ် မူတည်၍  မီးသတ်တပ်ဖွဲ့က ရေပက်ဖျန်းပေးမှုကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မှာ မီးခိုးတွေ ဖုံးလွှမ်းတာက ပြီးခဲ့တဲ့ ၂၀၁၄ ၂၀၁၆ ထက် ပိုဆိုးတယ်၊ နှစ်စဉ် အနည်းနဲ့အများ ဒီလိုတွေဖြစ်နေတာကို ဘယ်လိုနည်းနဲ့ ကာကွယ်မလဲ ဆိုတာကို စဉ်းစားဖို့ လိုလာပါပြီ၊ ဒီနေ့ မီးခိုးတွေ ဖုံးလွှမ်းတာဟာဆိုရင် မျက်စိစပ်တာ၊ လည်ချောင်းယားတာတွေ တော်တော်ဖြစ်ကြတယ်၊ အခုလိုကြောင့် တာချီလိတ်ခရိုင်တာဝန်ရှိသူတွေ အနေနဲ့လည်း ရေဖျန်းပေးတာ၊ နှာခေါင်းစည်းဝေပေးတာလောက်ပဲ လောက်ပေးနိုင်တာဆိုတော့ ထိုင်းဘက်ကလို ကျွန်တော်တို့ဘက်မှာလည်း မိုးအတုရွာပေးတာမျိုးကို နိုင်ငံတော်က လုပ်ပေးနိုင်ရင် ကောင်းမှာပဲ၊ ကြာလာရင် ကလေးတွေလည်း ခံနိုင်မှာမဟုတ်ဘူးဗျ"ဟု တာချီလိတ်မြို့နေ ဦးကျော်စိုးက ပြောသည်။


"မီးခိုးတွေကြောင့် အသက်ရှုရတာ မကောင်းဘူး၊ ကျွန်တော်ဆိုရင် နှာခေါင်းဖုံးမပါဘဲ အသက်ရှုလိုက်ရင် လည်ပင်း ယားတယ်ဗျ၊ မိုင်းဆတ်မှာက လေယာဉ်ရှိတဲ့နေ့က တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးပဲရှိတာ၊ မီးခိုးတွေကြောင့် မဆင်းဖြစ်ဘူး"ဟု မိုင်းဆတ်မြို့နေ အမျိုးသားတစ်ဦးက ဆိုသည်။





Tachileik News Agency
ဓါတ်ပုံ - အောင်ကျော်ဝင်းစိန် ၊ ကိုထွန်း ၊ ဟွမ်းလျဲန်း၊ သန်းဇော်ဦး



~~~~~~~~⊰❂ Unicode Version ~~~~~~~~

နယ်စပ်ဖြတ်ကျော် တောမီးခိုးများကြောင့် မြန်မာ - ထိုင်းနယ်စပ်ဒေသရှိ တာချီလိတ်မြို့တစ်မြို့တည်းတာ မီးခိုးမြူများ ဖုံးလွှမ်းနခြေင်းမျိုးမဟုတ်ဘဲ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ တာချီလိတ်၊ မိုင်းဆတ် နှင့် မိုင်းတုံတို့တွင် မီးခိုးမြူများဖုံးလွှမ်းမှုသည် ၂၀၁၉ခုနှစ် မတ်လ(၃၀)ရက်နေ့တွင် သိသိသာသာဖြစ်စေခဲ့ခြင်းကြောင်း ကျန်းမာရေး နှင့် ပတ်သက်၍ စိုးရိမ်စရာဖြစ်လာကြောင်း သိရသည်။

၂၀၁၉ခုနှစ် မတ်လ(၃၀)ရက်နေ့တွင် တာချီလိတ်၌ နံနက်အစောပိုင်းက စ၍ မီးခိုးမြူများ သိသိသာသာ ဖုံးလွှမ်းနေသည့်အတွက် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ တိုင်းတာချက်အရ နံနက်(၉)နာရီတွင် လေထုအတွင်း အမှုန်ပါဝင်မှုပမာဏ လေထုအရည်အသွေး အညွန်းကိန်းမှာ (၄၄၈)ရှိကြောင်း သိရသည်။

ယခုလို ဖြစ်ပေါ်နေမှုများကြောင့် တာချီလိတ်အနဖြေင့် တာချီလိတ်မြို့ပေါ် လူသွားလူလာ များသည့် နေရာများတွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီက နှာခေါင်းစီးများေဝငှခြင်း၊ မီးသတ်တပ်ဖွဲ့မှ ရေမှုန်ရေမွှား ပက်ဖျန်းပေးခြင်းများကို လုပ်ဆောင်နေရပြီး မီးခိုးဖုံးလွှမ်းမှုအပေါ် မူတည်၍ မီးသတ်တပ်ဖွဲ့က ရေပက်ဖျန်းပေးမှုကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မှာ မီးခိုးတွေ ဖုံးလွှမ်းတာက ပြီးခဲ့တဲ့ ၂၀၁၄ ၂၀၁၆ ထက် ပိုဆိုးတယ်၊ နှစ်စဉ် အနည်းနဲ့အများ ဒီလိုတွဖြေစ်နေတာကို ဘယ်လိုနည်းနဲ့ ကာကွယ်မလဲ ဆိုတာကို စဉ်းစားဖို့ လိုလာပါပြီ၊ ဒီနေ့ မီးခိုးတွေ ဖုံးလွှမ်းတာဟာဆိုရင် မျက်စိစပ်တာ၊ လည်ချောင်းယားတာတွေ တော်တော်ဖြစ်ကြတယ်၊ အခုလိုကြောင့် တာချီလိတ်ခရိုင်တာဝန်ရှိသူတွေ အနေနဲ့လည်း ရေဖျန်းပေးတာ၊ နှာခေါင်းစည်းေဝပေးတာလောက်ပဲ လောက်ပေးနိုင်တာဆိုတော့ ထိုင်းဘက်ကလို ကျွန်တော်တို့ဘက်မှာလည်း မိုးအတုရွာပေးတာမျိုးကို နိုင်ငံတော်က လုပ်ပေးနိုင်ရင် ကောင်းမှာပဲ၊ ကြာလာရင် ကလေးတွေလည်း ခံနိုင်မှာမဟုတ်ဘူးဗျ"ဟု တာချီလိတ်မြို့နေ ဦးကျော်စိုးက ပြောသည်။

အလားတူပင် မိုင်းဆတ်မြို့တွင်လည်း မီးခိုးမြူဖုံးလွှမ်းမှုမှာ မတ်လ၏ တတိယပတ်ကတည်းက စတင်ဖြစ်ပေါ်ခဲ့သော်လည်း မတ်လ(၃၀)ရက်နေ့တွင် မီးခိုးမြူများ သိသာလာသည့်အတွက် မိုင်းဆတ်မြို့နယ်မီးသတ်ဦးစီးဌာမှ မြို့တွင်း ရေပက်ဖြန်းပေးရကြောင်း သိရသည်။

"မီးခိုးတွေကြောင့် အသက်ရှုရတာ မကောင်းဘူး၊ ကျွန်တော်ဆိုရင် နှာခေါင်းဖုံးမပါဘဲ အသက်ရှုလို်က်ရင် လည်ပင်း ယားတယ်ဗျ၊ မိုင်းဆတ်မှာက လေယာဉ်ရှိတဲ့နေ့က တနင်္ဂေနွနဲ့ ဗုဒ္ဓဟူးပဲရှိတာ၊ မီးခိုးတွေကြောင့် မဆင်းဖြစ်ဘူး"ဟု မိုင်းဆတ်မြို့နေ အမျိုးသားတစ်ဦးက ဆိုသည်။

မိုင်းဆတ်ခရိုင်အတွင်းရှိ မိုင်းတုံမြို့တွင်လည်း မီးခိုးများကြောင့် မျက်စိစပ်မှုများအထိ ခံစားနေရကြောင်း သိရသည်။

"မိုင်းတုံမှာက ဒီနေ့ နေ့လည်ခင်းမှာကို မီးခိုးတွေက များတယ်၊ အပြင်မထွက်ပဲ အိမ်ထဲမှာ နေတာကို မျက်စိစပ်တယ်"ဟု မိုင်းတုံမြို့နေ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မတ်လ(၃၀)ရက်နေ့တွင် မီးခိုးမြူများ သိသိသာသာ ဖုံးလွှမ်းခဲ့သည့်အတွက် တာချီလိတ်လေဆိပ်တွင် လေကြောင်းခရီးစဉ်မှာ ညနေပိုင်းမှသာ ပြေးဆွဲခဲ့ရပြီး ခရီးစဉ်များအနက် လေကြောင်းလိုင်းတစ်ခုမှာ ခရီးစဉ်ဖျက်ခဲ့ရကြောင်း သိရသည်။

စိုက်ပျိုးမြေအတွက် တောင်ယာမီးရှို့ခြင်း၊ တောမီးရှို့ခြင်း၊ စိုက်ပျိုးမြေမီးရှို့ပြင်ဆင်ခြင်းများကို အများဆုံးအသုံးပြုနေသည့် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့၏ သုံးနိုင်ငံနယ်စပ်ဒေသများရှိ မြို့များတွင် မီးခိုးမြူထူထပ်စွာဖုံးလွှမ်းခြင်းကို နှစ်စဉ်ကြုံတွေ့နေရသော်လည်း ထိရောက်စွာ ဖြေရှင်းနိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။

Tachileik News Agency
ဓါတ်ပုံ - အောင်ကျော်ဝင်းစိန် ၊ ကိုထွန်း ၊ ဟွမ်းလျဲန်း၊ သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net