တာခ်ီလိတ္ၿမိဳ႕ ၀မ္မိုင္ရြာတြင္ မူးယစ္ေဆး၀ါး သတင္းအရ အမ်ဳိးသားတစ္ဦးကို စိတ္ၾကြေဆးျပား ၂၆၀၀ ႏွင့္အတူ ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕ ၀မ္မိုင္ရြာတြင္ မူးယစ္ေဆး၀ါး သတင္းအရ အမ်ဳိးသားတစ္ဦးကို စိတ္ၾကြေဆးျပား ၂၆၀၀ ႏွင့္အတူ ဖမ္းမိ
မတ် 27, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ၀မ္မိုင္ရြာတြင္ မူးယစ္သတင္းအရ ေစာင့္ဆုိင္းဖမ္းဆီးရာ အမ်ိဳးသားတစ္ဦးထံမွ စိတ္ၾကြေဆးျပား (၂၆၀၀)ျပားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု (၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ဆုိင္ရာတပ္ဖြဲ႕ဝင္မ်ား၊ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၆)ရက္ေန႔က ဆန္ဆုိင္း(ခ)ရပ္ကြက္၊ ဝမ္မုိင္ရြာ၊ စည္ပင္လမ္းတြင္ ေစာင့္ဆုိင္းဖမ္းဆီးရာ ည (၇)နာရီ မိနစ္(၄၀)တြင္ လမ္းေလွ်ာက္လာသည့္ ေအာင္ေအာင္(ခ) ကိုေအာင္အား ရွာေဖြရာ စိတ္ၾကြေဆးျပား (၂၆၀၀)ကို ရွာေဖြေတြ႔ရိွျခင္းျဖစ္ေၾကာင္းသိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေအာင္ေအာင္ (ခ) ကိုေအာင္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၄၃/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဝမ်မိုင်ရွာတွင် မူးယစ်သတင်းအရ စောင့်ဆိုင်းဖမ်းဆီးရာ အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား (၂၆၀၀)ပြားကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာတပ်ဖွဲ့ဝင်များ၊ သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့က ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာ၊ စည်ပင်လမ်းတွင် စောင့်ဆိုင်းဖမ်းဆီးရာ ည (၇)နာရီ မိနစ်(၄၀)တွင် လမ်းလျှောက်လာသည့် အောင်အောင်(ခ) ကိုအောင်အား ရှာဖွေရာ စိတ်ကြွဆေးပြား (၂၆၀၀)ကို ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်းသိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အောင်အောင် (ခ) ကိုအောင်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၄၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net