ကျိုင်းတုံမြို့အား ပလပ်စတစ်အမှိုက်ကင်းစင်မြို့အဖြစ် ရည်ရွယ်ကာ ပထမဦးဆုံး သစ်တစ်ပင်တောင်တွင် လူငယ်များ စုပေါင်း အမှိုက်ကောက်မှု မတ်လ(၂၄)ရက်နေ့ စတင်မည်ဖြစ်၍ မည်သူမဆို ပူးပေါင်း ပါဝင်နိုင်
ကျိုင်းတုံမြို့အား ပလပ်စတစ်အမှိုက်ကင်းစင်မြို့အဖြစ် ရည်ရွယ်ကာ ပထမဦးဆုံး သစ်တစ်ပင်တောင်တွင် လူငယ်များ စုပေါင်း အမှိုက်ကောက်မှု မတ်လ(၂၄)ရက်နေ့ စတင်မည်ဖြစ်၍ မည်သူမဆို ပူးပေါင်း ပါဝင်နိုင်
မတျ 21, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် သစ်တစ်ပင်တောင်တွင် လူငယ်များစုပေါင်းပြီး ၂၀၁၉ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့ နံနက်(၉)နာရီတွင် အမှိုက်ကောက်သန့်ရှင်းရေး လုပ်ကြမည်ဖြစ်ကြောင်း နှင့် ပထမဦးဆုံးအနေဖြင့် သစ်တစ်ပင်တောင်နယ်မြေအား ပလပ်စတစ်အမှိုက်ကင်းစင်နယ် ဖြစ်သည်အထိ ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့ သစ်တစ်ပင်တောင်တွင် စတင်အမှိုက်ကောက်မည်ဖြစ်ပြီး နောက်ပိုင်းတွင် မြို့တွင်းအထင်ကရနေရာများတွင် ဆောင်ရွက်သွားရန်စီစဉ်နေပြီး ကျိုင်းတုံမြို့စည်ပင်သာယာရေးကော်မတီမှ အမှိုက်ကားကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
အမှိုက်ကောက် အစီအစဉ်တွင် ပါဝင်မည့်သူများအတွက် လက်အိတ်၊ နှာခေါင်းစည်း၊ ဆာလာအိတ်များ စုစည်းထားပြီး မည်သူမဆို ပူးပေါင်းပါဝင်နိုင်ကြကြောင်း နှင့် ပူးပေါင်းပါဝင်လိုသူများအနေဖြင့်လည်း မမီဆော(အာခါ)၏ ဖုန်း 09428212973 သို့လည်း ဆက်သွယ်ပါဝင်နိုင်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - Meesaw Akha
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် သစ်တစ်ပင်တောင်တွင် လူငယ်များစုပေါင်းပြီး ၂၀၁၉ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့ နံနက်(၉)နာရီတွင် အမှိုက်ကောက်သန့်ရှင်းရေး လုပ်ကြမည်ဖြစ်ကြောင်း နှင့် ပထမဦးဆုံးအနဖြေင့် သစ်တစ်ပင်တောင်နယ်မြေအား ပလပ်စတစ်အမှိုက်ကင်းစင်နယ် ဖြစ်သည်အထိ ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
"အဖွဲ့နဲ့ မဟုတ်ဘူး။ ဒီတိုင်းလူငယ်တွေစုပြီး သွားကောက်ကြမှာ။ ပလတ်စတစ်အမှိုက်တွေ ကောက်မှာပေါ့။ အမှိုက်ပုံးက စည်ပင်ကလာချပေးထားတာ (၂) လုံးလောက်ရှိတယ်။ ရှိပြီးသားဟာကို ပြန်ပြင်ပြီး ချထားပေးမှာပေါ့။ ကျိုင်းတုံမြို့သာယာတဲ့အထိ ရေရှည်လုပ်ရမှာ။ တတ်နိုင်သလောက်ပေါ့။ လူငယ်တွေ ပါဝင်မှု အပေါ်လည်း ကြည့်ရမှာ။ အထင်ကရနေရာတွေကို ရွေးပြီးလုပ်သွားမယ်လို့ စဉ်းစားထားတာ။ သစ်တစ်ပင်တောင်ပြီးရင် နောင်တုံကန်ပေါ့။ လူသွားလူလာများတဲ့နေရာတွေကို ရွေးပြီးလုပ်မယ်လို့ စဉ်းစားထားတယ်"ဟု အမှိုက်ကောက်မှု အစီအစဉ်စတင်သူ မမီဆော(အာခါ)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျိုင်းတုံမြို့ သစ်တစ်ပင်တောင်တွင် စတင်အမှိုက်ကောက်မည်ဖြစ်ပြီး နောက်ပိုင်းတွင် မြို့တွင်းအထင်ကရနေရာများတွင် ဆောင်ရွက်သွားရန်စီစဉ်နပြေီး ကျိုင်းတုံမြို့စည်ပင်သာယာရေးကော်မတီမှ အမှိုက်ကားကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
“အမှိုက်ကောက်တဲ့သူတွေက အမှိုက်ကောက်ပြီးရင် အမှိုက်တွေကို စုစည်းထားပါမယ်။ ကျွန်တော်တို့က ကားပေါ်တင်ပြီး ပစ်ပေးပါမယ်။ ကျွန်တော်တို့ သိတဲ့အချိန် အားတဲ့အချိန်ဆို လိုက်ကောက်ပေးမယ်။ ပူးပေါင်းဆောင်ရွက်ပေးမယ်။ ရုံးအလုပ်တွေ လုပ်နေရတော့ ရုံးဖွင့်ရက် ရုံးဖွင့်မယ့်အချိန်ဆို ကျွန်တော်တို့ လိုက်ရခက်မယ်။ ကောက်ပြီးသားအမှိုက်ကို သိမ်းပေးတာတော့ တောက်လျှောက်သိမ်းပေးမှာပေါ့။ မြို့ထဲဘယ်နေရာမှာပဲ ကောက်ကောက် ရွာဘက်ဆိုရင်တော့ ကျွန်တော်တို့ဘက်က သွားရလာရတာ ခက်တာကိုး။ ဝမ်းမြောက်ဝမ်းသာ ကျေးဇူးလည်းတင်တယ်။ ဝိုင်းလည်းလုပ်ပေးမယ်။ ဖိတ်ခေါ် ကြိုဆိုရတာပေါ့"ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က ပြောသည်။
အမှိုက်ကောက် အစီအစဉ်တွင် ပါဝင်မည့်သူများအတွက် လက်အိတ်၊ နှာခေါင်းစည်း၊ ဆာလာအိတ်များ စုစည်းထားပြီး မည်သူမဆို ပူးပေါင်းပါဝင်နိုင်ကြကြောင်း နှင့် ပူးပေါင်းပါဝင်လိုသူများအနဖြေင့်လည်း မမီဆော(အာခါ)၏ ဖုန်း 09428212973 သို့လည်း ဆက်သွယ်ပါဝင်နိုင်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - Meesaw Akha
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net