သီပေါမြို့နယ် ဘော်ကြိုဘုရားပွဲအတွင်း ဆေးလိပ်အရောင်းမြှင့်တင်ရေး ပိတ်ပင်

သီပေါမြို့နယ် ဘော်ကြိုဘုရားပွဲအတွင်း ဆေးလိပ်အရောင်းမြှင့်တင်ရေး ပိတ်ပင်
မတျ 19, 2019
By Tachileik News Agency



အဆိုပါ ဆေးလိပ်ကုမ္ပဏီနှစ်ခုသည် ဘော်ကြိုဘုရားပွဲ ဖွင့်ပွဲကျင်းပသည့် မတ်လ (၁၅)ရက်နေ့ မတိုင်မီကတည်းက ဘုရားပွဲဈေးတန်းအတွင်း ရောက်ရှိနေခြင်းဖြစ်ကာ ဖွင့်ပွဲပြီးသည့်နောက်ပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီက တားမြစ်စာပို့လာသည့်အတွက် ဆက်လက်မရောင်းချစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ဘော်ကြိုဘုရားပွဲတော်အတွင်း အရောင်းမြှင့်တင်ရေး လာရောက်လုပ်ဆောင်သည့် ဆေးလိပ်ကုမ္ပဏီ နှစ်ခုအား ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း အခန်း( ၁၃) အရ မြို့နယ်စီမံခန့်ခွဲရေးကော်မတီက တားမြစ် ကန့်ကွက်လိုက်ကြောင်း ဘော်ကြိုဘုရားဂေါပကအဖွဲ့ထံက သိရသည်။

"သူတို့ကတော့ ဘုရားပွဲကာလမှာ နှစ်တိုင်းလာပြီး ရောင်းချတာ၊ အရောင်းမြှင့်တင်တာတွေလုပ်ပါတယ်၊ ဒီနှစ် ကတော့ မြို့နယ်ကျန်းမာရေးကော်မတီနဲ့ မြို့နယ်စီမံခန့်ခွဲရေးကော်မတီက ဆေးလိပ်အရောင်းမြှင့်တင်ခြင်းတွေကို ကန့်ကွက်တဲ့စာ ပို့လာတဲ့အတွက် ဆက်ပြီးမရောင်းချစေပဲ ဆိုင်ခန်းတွေကိုသိမ်းခိုင်းလိုက်တာဖြစ်ပါတယ်၊ ပြည်နယ်အစိုးရလုပ်ဆောင်နေတဲ့ ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် လုပ်ဆောင်ချက်နဲ့လည်း မကိုက်ညီ တဲ့အတွက် အခုလို တားမြစ်လိုက်တာလို့ သိရပါတယ်" ဟု သမိုင်းဝင်ဘော်ကြိုမုဌောစေတီတော် ဂေါပက အဖွဲ့မှ အတွင်းရေးမှူး ဦးဝင်းဟန် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဆေးလိပ်ကုမ္ပဏီနှစ်ခုသည် ဘော်ကြိုဘုရားပွဲ ဖွင့်ပွဲကျင်းပသည့် မတ်လ (၁၅)ရက်နေ့ မတိုင်မီကတည်းက ဘုရားပွဲဈေးတန်းအတွင်း ရောက်ရှိနခြေင်းဖြစ်ကာ ဖွင့်ပွဲပြီးသည့်နောက်ပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီက တားမြစ်စာပို့လာသည့်အတွက် ဆက်လက်မရောင်းချစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေကို ပြဌာန်းခဲ့ပြီး ဖြစ်သည့်အတွက် ဘော်ကြိုဘုရားပွဲအတွင်း ဆေးလိပ်အရောင်းမြှင့်တင်ခြင်း လုပ်ငန်းများအား လာရောက် လုပ်ကိုင်နေသည့် ဆေးလိပ်ကုမ္ပဏီ နှစ်ခုအား ဆက်လက်လုပ်ဆောင်ခြင်း မပြုရန် မတ်လ (၁၇)ရက်နေ့က ဝန်ခံကတိလက်မှတ်ထိုးစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ သမိုင်းဝင်ဘော်ကြိုမုဌောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ကို နှစ်စဉ် တပေါင်းလဆန်း (၉)(၁၀)ရက်များ၌ စတင်ဖွင့်လှစ်ပြီး တပေါင်းလပြည့်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် ဖွင့်ပွဲကာလများအတွင်း လာရောက်လည်ပတ်သူနှင့်ဈေးဆိုင်ခန်းများ နည်းပါးခဲ့သော်လည်း ပွဲတော်ပြီးဆုံးခါနီး မတ်လ (၁၉)ရက်နေ့တွင် လာရောက်လည်ပတ်သူ များပြားလျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ဘော်ကြိုဘုရားပွဲတော်အတွင်း အရောင်းမြှင့်တင်ရေး လာရောက်လုပ်ဆောင်သည့် ဆေးလိပ်ကုမ္ပဏီ နှစ်ခုအား ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း အခန်း( ၁၃) အရ မြို့နယ်စီမံခန့်ခွဲရေးကော်မတီက တားမြစ် ကန့်ကွက်လိုက်ကြောင်း ဘော်ကြိုဘုရားဂေါပကအဖွဲ့ထံက သိရသည်။

"သူတို့ကတော့ ဘုရားပွဲကာလမှာ နှစ်တိုင်းလာပြီး ရောင်းချတာ၊ အရောင်းမြှင့်တင်တာတွေလုပ်ပါတယ်၊ ဒီနှစ် ကတော့ မြို့နယ်ကျန်းမာရေးကော်မတီနဲ့ မြို့နယ်စီမံခန့်ခွဲရေးကော်မတီက ဆေးလိပ်အရောင်းမြှင့်တင်ခြင်းတွေကို ကန့်ကွက်တဲ့စာ ပို့လာတဲ့အတွက် ဆက်ပြီးမရောင်းချစေပဲ ဆိုင်ခန်းတွေကိုသိမ်းခိုင်းလိုက်တာဖြစ်ပါတယ်၊ ပြည်နယ်အစိုးရလုပ်ဆောင်နေတဲ့ ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် လုပ်ဆောင်ချက်နဲ့လည်း မကိုက်ညီ တဲ့အတွက် အခုလို တားမြစ်လိုက်တာလို့ သိရပါတယ်" ဟု သမိုင်းဝင်ဘော်ကြိုမုဌောစေတီတော် ဂေါပက အဖွဲ့မှ အတွင်းရေးမှူး ဦးဝင်းဟန် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဆေးလိပ်ကုမ္ပဏီနှစ်ခုသည် ဘော်ကြိုဘုရားပွဲ ဖွင့်ပွဲကျင်းပသည့် မတ်လ (၁၅)ရက်နေ့ မတိုင်မီကတည်းက ဘုရားပွဲဈေးတန်းအတွင်း ရောက်ရှိနခြေင်းဖြစ်ကာ ဖွင့်ပွဲပြီးသည့်နောက်ပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီက တားမြစ်စာပို့လာသည့်အတွက် ဆက်လက်မရောင်းချစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေကို ပြဌာန်းခဲ့ပြီး ဖြစ်သည့်အတွက် ဘော်ကြိုဘုရားပွဲအတွင်း ဆေးလိပ်အရောင်းမြှင့်တင်ခြင်း လုပ်ငန်းများအား လာရောက် လုပ်ကိုင်နေသည့် ဆေးလိပ်ကုမ္ပဏီ နှစ်ခုအား ဆက်လက်လုပ်ဆောင်ခြင်း မပြုရန် မတ်လ (၁၇)ရက်နေ့က ဝန်ခံကတိလက်မှတ်ထိုးစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ သမိုင်းဝင်ဘော်ကြိုမုဌောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ကို နှစ်စဉ် တပေါင်းလဆန်း (၉)(၁၀)ရက်များ၌ စတင်ဖွင့်လှစ်ပြီး တပေါင်းလပြည့်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် ဖွင့်ပွဲကာလများအတွင်း လာရောက်လည်ပတ်သူနှင့်ဈေးဆိုင်ခန်းများ နည်းပါးခဲ့သော်လည်း ပွဲတော်ပြီးဆုံးခါနီး မတ်လ (၁၉)ရက်နေ့တွင် လာရောက်လည်ပတ်သူ များပြားလျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net