တာခ်ီလိတ္တြင္ ျမန္မာ့သိုင္းဗန္တို(အတိုက္) ၿပိဳင္ပြဲႏွင့္ ေဘာ္လီေဘာၿပိဳင္ပြဲ၏ ဆုေပးပြဲက်င္းပ

တာခ်ီလိတ္တြင္ ျမန္မာ့သိုင္းဗန္တို(အတိုက္) ၿပိဳင္ပြဲႏွင့္ ေဘာ္လီေဘာၿပိဳင္ပြဲ၏ ဆုေပးပြဲက်င္းပ
မတ် 30, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ (၇၄) ႏွစ္ေျမာက္ တပ္မေတာ္ေန႔အထိမ္းအမွတ္အျဖစ္ က်င္းပျပဳလုပ္သည့္  ျမန္မာ့သိုင္းဗန္တို(အတိုက္) ၿပိဳင္ပြဲႏွင့္ ေဘာ္လီေဘာၿပိဳင္ပြဲ၏ ေနာက္ဆံုးဗိုလ္လုပြဲ ႏွင့္ ဆုေပးပြဲကို ၂၀၁၉ ခုႏွစ္၊ မတ္လ (၃၀) ရက္ေန႔ ေန႔လည္က က်င္းပျပဳလုပ္ခဲ့သည္။

 ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌ(ဖလား)အျဖစ္ က်င္းပျပဳလုပ္သည့္ ေဘာ္လီေဘာၿပိဳင္ပြဲတြင္ ပါ၀င္ယွဥ္ၿပိဳင္သည့္ အသင္း(၅)သင္းအနက္   J My King အသင္းက ပထမဆု ရရွိၿပီး  ဒုတိယအဆု အျဖစ္ တာခ်ီလိတ္ယာဥ္ထိန္းအသင္းက ရရွိေၾကာင္း သိရသည္။

ေဘာ္လီေဘာၿပိဳင္ပြဲအၿပီးတြင္ ျမန္မာသိုင္းဗန္တို(အတိုက္) ၿပိဳင္ပြဲအား ဆက္လက္က်င္းပျပဳလုပ္ၿပီး အဆိုပါ ၿပိဳင္ပြဲ ႏွစ္ခုမွ ဆုရရွိသူမ်ားကို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္၊ တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္ ႏွင့္ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ၀င္မ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌ ဦးခင္ေမာင္ျမင့္ ၊ တာခ်ီလိတ္ၿမိဳ႕နယ္ အင္းသားလူမႈကူညီေရးအသင္းမွ တာ၀န္ရွိသူမ်ားက ဆုမ်ားအသီးသီး ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

အဆိုပါ ၿပိဳင္ပြဲမ်ားအား (၇၄) ႏွစ္ေျမာက္ တပ္မေတာ္ေန႔အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္အင္းသားလူမႈေရးအသင္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္အားကစားႏွင့္ကာယပညာ ဦးစီးဌာနတို႔မွ ပူးေပါင္း၍ က်င္းပျပဳလုပ္ျခင္းျဖစ္ၿပီး ေဘာလီေဘာၿပိဳင္ပြဲတြင္ အသင္း (၅) သင္း၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ ပထမဆု ေငြက်ပ္ႏွစ္သိန္းႏွင့္ဆုတံဆိပ္၊ ဒုတိယဆု ေငြက်ပ္တစ္သိန္းခြဲနွင့္ဆုတံဆိပ္၊ ျမန္မာ့သိုင္းဗန္တို(အတိုက္)ၿပိဳင္ပြဲမ်ားအတြက္ ဆုမ်ားကို အင္းသားလူမူေရးအသင္းတာခ်ီလိတ္မွ ေပးအပ္ခ်ီးျမႇင့္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ျမန္မာသိုင္းဗန္တို(အတိုက္) ၿပိဳင္ပြဲတြင္ အမ်ိဳးသား (၂၅-၂၈) ကီလိုတန္းတြင္ (၁၅) ဦး၊ အမ်ိဳးသား (၁၅- ၂၄) ကီလိုတန္းတြင္ (၈) ဦး၊ အမ်ိဳးသား (၄၀-၄၅) ကီလိုတန္းတြင္ (၆) ဦး၊ အမ်ိဳးသား (၅၀-၅၅) ကီလိုတန္းတြင္ (၆) ဦး၊ အမ်ိဳးသမီး (၅၀-၅၅) ကီလိုတန္းတြင္ (၄) ဦး စုစုေပါင္း (၃၉) ဦး၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည္။

အဆိုပါ ၿပိဳင္ပြဲမ်ားကို ၂၀၁၉ခုႏွစ္ မတ္လ (၂၇)ရက္ေန႔မွ (၃၀)ရက္ေန႔အထိ မိုးလံုေလလံုအားကစားရံုတြင္ က်င္းပခဲ့ျခင္း ျဖစ္သည္။

 Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် (၇၄) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် မြန်မာ့သိုင်းဗန်တို(အတိုက်) ပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲ နှင့် ဆုပေးပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့ နေ့လည်က ကျင်းပပြုလုပ်ခဲ့သည်။

 မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ(ဖလား)အဖြစ် ကျင်းပပြုလုပ်သည့် ဘော်လီဘောပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် အသင်း(၅)သင်းအနက် J My King အသင်းက ပထမဆု ရရှိပြီး ဒုတိယအဆု အဖြစ် တာချီလိတ်ယာဉ်ထိန်းအသင်းက ရရှိကြောင်း သိရသည်။

ဘော်လီဘောပြိုင်ပွဲအပြီးတွင် မြန်မာသိုင်းဗန်တို(အတိုက်) ပြိုင်ပွဲအား ဆက်လက်ကျင်းပပြုလုပ်ပြီး အဆိုပါ ပြိုင်ပွဲ နှစ်ခုမှ ဆုရရှိသူများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်၊ တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ တာချီလိတ်မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်မြင့်၊ တာချီလိတ်မြို့နယ် အင်းသားလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများအား (၇၄) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့နယ်အင်းသားလူမှုရေးအသင်း နှင့် တာချီလိတ်မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့မှ ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဘောလီဘောပြိုင်ပွဲတွင် အသင်း (၅) သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆု ငွေကျပ်နှစ်သိန်းနှင့်ဆုတံဆိပ်၊ ဒုတိယဆု ငွေကျပ်တစ်သိန်းခွဲနှင့်ဆုတံဆိပ်၊ မြန်မာ့သိုင်းဗန်တို(အတိုက်)ပြိုင်ပွဲများအတွက် ဆုများကို အင်းသားလူမူရေးအသင်းတာချီလိတ်မှ ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာသိုင်းဗန်တို(အတိုက်) ပြိုင်ပွဲတွင် အမျိုးသား (၂၅-၂၈) ကီလိုတန်းတွင် (၁၅) ဦး၊ အမျိုးသား (၁၅- ၂၄) ကီလိုတန်းတွင် (၈) ဦး၊ အမျိုးသား (၄၀-၄၅) ကီလိုတန်းတွင် (၆) ဦး၊ အမျိုးသား (၅၀-၅၅) ကီလိုတန်းတွင် (၆) ဦး၊ အမျိုးသမီး (၅၀-၅၅) ကီလိုတန်းတွင် (၄) ဦး စုစုပေါင်း (၃၉) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများကို ၂၀၁၉ခုနှစ် မတ်လ (၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

 Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net