နယ္စပ္ျဖတ္ေက်ာ္ မီးခိုးျမဴမ်ားေၾကာင့္ တာခ်ီလိတ္ၿမိဳ႕၏ မတ္လ(၃၁)ရက္ေန ႔အေျခအေနမွာ ေလထုအညႊန္းကိန္း (၅၀၂)အထိျမႇင့္တက္လာ

နယ္စပ္ျဖတ္ေက်ာ္ မီးခိုးျမဴမ်ားေၾကာင့္ တာခ်ီလိတ္ၿမိဳ႕၏ မတ္လ(၃၁)ရက္ေန ႔အေျခအေနမွာ ေလထုအညႊန္းကိန္း (၅၀၂)အထိျမႇင့္တက္လာ
မတ် 31, 2019
By Tachileik News Agency

နယ္စပ္ျဖတ္ေက်ာ္ မီးခိုးျမဴမ်ား ဖံုးလႊြမ္းေနသည့္ ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္ မတ္လ (၃၁)ရက္ေန႔၏  ေလထုအတြင္းအမႈန္ပါဝင္မႈ အညႊြန္းကိန္းမွာ (၅၀၂)အထိ ျမႇင့္တက္လာေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ေလထုအရည္အေသြးတုိင္းတာမႈမ်ား ျပဳလုပ္ရာ  ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၇)ရက္ေန႔က အညြန္းကိန္း (၁၀၅)ျဖင့္ ပံုမွန္အေျခအေနသို႔ ေရာက္လုနီးျဖစ္ေနရာမွ မတ္လ (၃၀)ရက္ေန႔တြင္ မီးခိုးျမဴပိုမ်ားလာၿပီး ေလထုအရည္အေသြးအညႊြန္းကိန္း (၄၄၈)အထိရွိခဲ့ရာမွ မတ္လ(၃၁)ရက္ေန႔တြင္ ရွမ္းျပည္နယ္ပတ္၀န္းက်င္ထိန္းသိမ္းေရးဦးစီးဌာန၏ ေလထုတိုင္းတာေရးစက္ကိရိယာျဖင့္ ၂၀၁၉ခုႏွစ္ မတ္လ(၃၁)ရက္ေန႔ တိုင္းတာခ်က္အရ (၅၀၂)အထိ ျမႇင့္တက္လာသည္ကို ေတြ႔ရသည္။

တာခ်ီလိတ္ၿမိဳ႕အျပင္ ေတာင္ေပၚေဒသမ်ားျဖစ္သည့္ ရွမ္းျပည္နယ္အေရွ႕ေဒသၿမိဳ႕ရြာမ်ားတြင္ ေတာင္ယာမီးရိႈ႕သည့္ဒဏ္ကို ခံစားေနၾကရျခင္းျဖစ္ၿပီး မတ္လ (၃၀)ရက္ေန႔အထိ ေဒသတြင္းေတာမီးရိႈ႕မႈမ်ား ႏွင့္ ထိုင္းႏိုင္ငံ ခ်င္းရိုင္း ႏွင့္ ခ်င္းမိုင္ခရိုင္အတြင္းတို႔မွ ေတာမီးမ်ားေၾကာင့္ မီးခိုးမ်ားမွာ ရွမ္းျပည္နယ္အေရွ႕ပိုင္းအထိ ပ်ံ႕ႏွံလာသည္ကို ေတြ႔ေနရဆဲျဖစ္ေၾကာင္း မုိင္းတံုေဒသခံမ်ားထံမွ သိရသည္။

ေတာင္ယာမီးရိႈ႕ရာမွ ထြက္လာသည့္ မီးခိုးမ်ားတြင္ ေသးငယ္သည့္အမႈန္ပါဝင္မႈအလြန္မ်ားၿပီး ဆာလဖာဒိုင္ေအာက္ဆုိဒ္မွာလည္း အတန္အသင့္မ်ားေနသျဖင့္ ႏွာေခါင္းစည္းမ်ား မျဖစ္မေနတပ္ဆင္ရန္ႏွင့္ အိမ္တြင္းေနထုိင္ၾကရန္ ဆရာဝန္မ်ားက တုိက္တြန္းထားသည္။

“အသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါေတြ သတိထားသင့္တယ္။ အခုပါေနတဲ့အမႈန္ပမာဏက နည္းနည္းေလးမ်ားေတာ့ ႏွာေခါင္းစည္းကေတာ့ မျဖစ္မေနတပ္ဖို႔လိုတယ္။ ေနာက္တစ္ခုက မ်က္လံုးေတြဘာေတြ စပ္တယ္ဆိုရင္ လက္နဲ႔မပြတ္ဘဲ ေရထဲမွာ မ်က္လံုးကို ပုတ္ခတ္ပုတ္ခတ္လုပ္ၿပီး ေဆးဖို႔ရယ္၊ ေနာက္တစ္ခါ မ်က္ရည္တုမ်က္စဥ္း cool eye လိုမ်ိဳး ႏွစ္နာရီျခားတစ္ခါေလာက္ ခတ္ေပးတာမ်ိဳးလုပ္သင့္တယ္။ မ်က္ကပ္မွန္ေတြဘာေတြကေတာ့ သိပ္အဆင္မေျပဘူး။ မ်က္မွန္ကေတာ့ ပိုအဆင္ေျပလိမ့္မယ္။ကေလးငယ္နဲ႔ သက္ႀကီးရြယ္အိုေတြကေတာ့ အိမ္ထဲမွာေနတာ အေကာင္းဆံုးပဲ။ အဲကြန္းရိွရင္ေတာ့ အေကာင္းဆံုးေပါ့ဗ်ာ”ဟု ေဒါက္တာျပည့္ျမင့္ျမတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မီးခိုးျမဴပိတ္ေနသည့္ကာလ ၾကာျမင့္လာသျဖင့္ ေလထုအရည္အေသြးတုိင္းတာျခင္းကို ေတာင္ႀကီးၿမိဳ႕ရိွ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနမွ ကၽြမ္းက်င္ပညာရွင္မ်ား၏ အကူအညီျဖင့္ ၂၀၁၉ ခုႏွစ္ မတ္လ (၁၅)ရက္ေန႔မွစ၍ ပထမအႀကိမ္အျဖစ္ (၇)ရက္ၾကာေဆာင္ရြက္ေပးခဲ့ၿပီးေနာက္ မီးခိုးျမဴမ်ားဆက္လက္ဖံုးလႊမ္းေနသျဖင့္ ဒုတိယအႀကိမ္တိုင္းတာျခင္းကို ျပန္လည္ေဆာင္ရြက္ေနျခင္းျဖစ္သည္။

ေလထုအရည္အေသြးအညႊန္းကိန္း (၁၀၀) ကို ပံုမွန္အေျခအေနအျဖစ္ သတ္မွတ္ထားျခင္းျဖစ္ရာ လက္ရိွ တာခ်ီလိတ္ၿမိဳ႕၏ ေလထုအရည္အေသြးတုိင္းတာခ်က္အရ အမႈန္ပါဝင္မႈ အလြန္အမင္းမ်ားျပားေနၿပီး ဆာလဖာဒိုင္ေအာက္ဆိုဒ္ပါဝင္မႈမွာလည္း အတန္အသင့္မ်ားေနျခင္းျဖစ္ၿပီး အိမ္နီးခ်င္း ထုိင္းႏုိင္ငံတြင္လည္း ေလထုအတြင္းအမႈန္မ်ားလြန္းသျဖင့္ သာမန္ႏွာေခါင္းစည္းျဖင့္မလံုေလာက္၍ N 95 ႏွာေခါင္းစည္းမ်ား လွဴဒါန္းၾကရန္ ေဒသတာဝန္ရိွသူမ်ားက အလွဴခံထားသည္ကိုေတြ႔ရသည္။

စိုက္ပ်ိဳးေျမအတြက္ ေတာင္ယာမီးရိႈ႕ျခင္း၊ ေတာမီးရိႈ႕ျခင္း၊ စိုက္ပ်ိဳးေျမမီးရိႈ႕ျပင္ဆင္ျခင္းမ်ားကို အမ်ားဆံုးအသံုးျပဳေနသည့္ ျမန္မာ၊ လာအိုႏွင့္ ထုိင္းႏုိင္ငံတုိ႔၏ သံုးႏုိင္ငံနယ္စပ္ေဒသမ်ားရိွ ၿမိဳ႕မ်ားတြင္ မီးခိုးျမဴထူထပ္စြာဖံုးလႊမ္းျခင္းကို ႏွစ္စဥ္ႀကံဳေတြ႔ေနရေသာ္လည္း ထိေရာက္စြာ ေျဖရွင္းႏုိင္ျခင္းမရိွေသးသည္ကို ေတြ႔ရသည္။

မီးခိုးျမဴဖံုးလႊမ္းျခင္းကို ႏွစ္စဥ္ခံစားရသည့္ တာခ်ီလိတ္ၿမိဳ႕တြင္ ေလထုညစ္ညမ္းမႈႏွင့္ပတ္သက္၍ က်န္းမာေရးအသိေပးျခင္း၊ မီးခိုးေငြ႕ေလွ်ာ့ခ်ရန္ ေရမႈန္ေရမႊားပက္ျဖန္းျခင္းႏွင့္ ေလထုအရည္အေသြးတုိင္းတာျခင္းတုိ႔ကို ၂၀၁၉ ခုႏွစ္တြင္ ပထမဆံုးအႀကိမ္အျဖစ္ ေဆာင္ရြက္လာျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နယ်စပ်ဖြတ်ကျော် မီးခိုးမြူများ ဖုံးလွှမ်းနေသည့် မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ် မတ်လ (၃၁)ရက်နေ့၏ လေထုအတွင်းအမှုန်ပါဝင်မှု အညွှးန်ကိန်းမှာ (၅၀၂)အထိ မြှင့်တက်လာကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လေထုအရည်အသွေးတိုင်းတာမှုများ ပြုလုပ်ရာ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့က အညွန်းကိန်း (၁၀၅)ဖြင့် ပုံမှန်အခြေအနေသို့ ရောက်လုနီးဖြစ်နေရာမှ မတ်လ (၃၀)ရက်နေ့တွင် မီးခိုးမြူပိုများလာပြီး လေထုအရည်အသွေးအညွှန်းကိန်း (၄၄၈)အထိရှိခဲ့ရာမှ မတ်လ(၃၁)ရက်နေ့တွင် ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လေထုတိုင်းတာရေးစက်ကိရိယာဖြင့် ၂၀၁၉ခုနှစ် မတ်လ(၃၁)ရက်နေ့ တိုင်းတာချက်အရ (၅၀၂)အထိ မြှင့်တက်လာသည်ကို တွေ့ရသည်။

တာချီလိတ်မြို့အပြင် တောင်ပေါ်ဒေသများဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ဒေသမြို့ရွာများတွင် တောင်ယာမီးရှို့သည့်ဒဏ်ကို ခံစားနကြေရခြင်းဖြစ်ပြီး မတ်လ (၃၀)ရက်နေ့အထိ ဒေသတွင်းတောမီးရှို့မှုများ နှင့် ထိုင်းနိုင်ငံ ချင်းရိုင်း နှင့် ချင်းမိုင်ခရိုင်အတွင်းတို့မှ တောမီးများကြောင့် မီးခိုးများမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းအထိ ပျံ့နှံလာသည်ကို တွေ့နေရဆဲဖြစ်ကြောင်း မိုင်းတုံဒေသခံများထံမှ သိရသည်။

တောင်ယာမီးရှို့ရာမှ ထွက်လာသည့် မီးခိုးများတွင် သေးငယ်သည့်အမှုန်ပါဝင်မှုအလွန်များပြီး ဆာလဖာဒိုင်အောက်ဆိုဒ်မှာလည်း အတန်အသင့်များနေသဖြင့် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရန်နှင့် အိမ်တွင်းနေထိုင်ကြရန် ဆရာဝန်များက တိုက်တွန်းထားသည်။

“အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ သတိထားသင့်တယ်။ အခုပါနေတဲ့အမှုန်ပမာဏက နည်းနည်းလေးများတော့ နှာခေါင်းစည်းကတော့ မဖြစ်မနေတပ်ဖို့လိုတယ်။ နောက်တစ်ခုက မျက်လုံးတွေဘာတွေ စပ်တယ်ဆိုရင် လက်နဲ့မပွတ်ဘဲ ရေထဲမှာ မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဆေးဖို့ရယ်၊ နောက်တစ်ခါ မျက်ရည်တုမျက်စဉ်း cool eye လိုမျိုး နှစ်နာရီခြားတစ်ခါလောက် ခတ်ပေးတာမျိုးလုပ်သင့်တယ်။ မျက်ကပ်မှန်တွေဘာတွေကတော့ သိပ်အဆင်မပြေဘူး။ မျက်မှန်ကတော့ ပိုအဆင်ပြေလိမ့်မယ်။ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေကတော့ အိမ်ထဲမှာနေတာ အကောင်းဆုံးပဲ။ အဲကွန်းရှိရင်တော့ အကောင်းဆုံးပေါ့ဗျာ”ဟု ဒေါက်တာပြည့်မြင့်မြတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် မီးခိုးမြူပိတ်နေသည့်ကာလ ကြာမြင့်လာသဖြင့် လေထုအရည်အသွေးတိုင်းတာခြင်းကို တောင်ကြီးမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့မှစ၍ ပထမအကြိမ်အဖြစ် (၇)ရက်ကြာဆောင်ရွက်ပေးခဲ့ပြီးနောက် မီးခိုးမြူများဆက်လက်ဖုံးလွှမ်းနေသဖြင့် ဒုတိယအကြိမ်တိုင်းတာခြင်းကို ပြန်လည်ဆောင်ရွက်နခြေင်းဖြစ်သည်။

လေထုအရည်အသွေးအညွှန်းကိန်း (၁၀၀) ကို ပုံမှန်အခြေအနေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ရာ လက်ရှိ တာချီလိတ်မြို့၏ လေထုအရည်အသွေးတိုင်းတာချက်အရ အမှုန်ပါဝင်မှု အလွန်အမင်းများပြားနပြေီး ဆာလဖာဒိုင်အောက်ဆိုဒ်ပါဝင်မှုမှာလည်း အတန်အသင့်များနခြေင်းဖြစ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း လေထုအတွင်းအမှုန်များလွန်းသဖြင့် သာမန်နှာခေါင်းစည်းဖြင့်မလုံလောက်၍ N 95 နှာခေါင်းစည်းများ လှူဒါန်းကြရန် ဒေသတာဝန်ရှိသူများက အလှူခံထားသည်ကိုတွေ့ရသည်။

စိုက်ပျိုးမြေအတွက် တောင်ယာမီးရှို့ခြင်း၊ တောမီးရှို့ခြင်း၊ စိုက်ပျိုးမြေမီးရှို့ပြင်ဆင်ခြင်းများကို အများဆုံးအသုံးပြုနေသည့် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့၏ သုံးနိုင်ငံနယ်စပ်ဒေသများရှိ မြို့များတွင် မီးခိုးမြူထူထပ်စွာဖုံးလွှမ်းခြင်းကို နှစ်စဉ်ကြုံတွေ့နေရသော်လည်း ထိရောက်စွာ ဖြေရှင်းနိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။

မီးခိုးမြူဖုံးလွှမ်းခြင်းကို နှစ်စဉ်ခံစားရသည့် တာချီလိတ်မြို့တွင် လေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ ကျန်းမာရေးအသိပေးခြင်း၊ မီးခိုးငွေ့လျှော့ချရန် ရေမှုန်ရေမွှားပက်ဖြန်းခြင်းနှင့် လေထုအရည်အသွေးတိုင်းတာခြင်းတို့ကို ၂၀၁၉ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်လာခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net