တာခ်ီလိတ္၌ မတ္လ(၃၀)ရက္ေန႔တြင္ မီးခိုးျမဴမ်ားထူထပ္ေနမႈေၾကာင့္ ေလယာဥ္ခရီးစဥ္တစ္ခု ဖ်က္သိမ္းခဲ့ရၿပီး ေနာက္ရက္မ်ားတြင္လည္း ရာသီဥတုအေနအထားေပၚ မူတည္၍ အခ်ိန္မ်ား ေျပာင္းလဲႏိုင္

တာခ်ီလိတ္၌ မတ္လ(၃၀)ရက္ေန႔တြင္ မီးခိုးျမဴမ်ားထူထပ္ေနမႈေၾကာင့္ ေလယာဥ္ခရီးစဥ္တစ္ခု ဖ်က္သိမ္းခဲ့ရၿပီး ေနာက္ရက္မ်ားတြင္လည္း ရာသီဥတုအေနအထားေပၚ မူတည္၍ အခ်ိန္မ်ား ေျပာင္းလဲႏိုင္
မတ် 30, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ နယ္စပ္ျဖတ္ေက်ာ္မီးခိုးျမဴမ်ားေၾကာင့္ ၂၀၁၉ခုႏွစ္ မတ္လ (၃၀) ရက္ေန႔က ေလေၾကာင္းခရီးစဥ္မ်ား အခ်ိန္ေရြ႕ဆိုင္းခဲ့ကာ ေလေၾကာင္းခရီးစဥ္တစ္ခုဖ်က္သိမ္းခဲ့ရၿပီးေနာက္ မတ္လ(၃၁)ရက္ေန႔တြင္လည္း ရာသီဥတုေပၚမႈတည္ၿပီး ခရီးစဥ္မ်ား အခ်ိန္အေျပာင္းအလဲျဖစ္ႏိုင္ေၾကာင္း သိရသည္။

"ျမန္မာ့ေလေၾကာင္း ေနာက္ဆံုးအေခါက္ေပါ့။ လားရိႈး - တာခ်ီလိတ္ - ဟဲဟိုး - ရန္ကုန္မွာ တာခ်ီလိတ္မဆင္းေတာ့ဘဲနဲ႔ ဟဲဟိုး - ရန္ကုန္ပ်ံသြားတာေပါ့။ မနက္ျဖန္ကိစၥက မနက္ျဖန္မွေျပာလို႔ရမွာ။ ရာသီဥတုက ကၽြန္ေတာ္လည္းေျပာလို႔ မရေသးဘူး။ မနက္ျဖန္အတြက္ ခရီးစဥ္ေတြက မနက္ေစာေစာမွသိရတာ"ဟု တာခ်ီလိတ္ေလဆိပ္တာ၀န္ခံ ဦး၀င္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မတ္လ (၃၀) ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ မီးခိုးမ်ား သိသိသာသာ ဖံုးလႊမ္းလာၿပီး ေလထုအတြင္း အမႈန္ပါဝင္မႈပမာဏ ေလထုအရည္အေသြး အညြန္းကိန္းမွာ (၄၄၈)သို႔ ျမႇင့္တက္ေနသျဖင့္ အဆိုပါ မီးခိုးျမဴမ်ားေၾကာင့္ ေလေၾကာင္းလိုင္း (၄) လိုင္းမွ ေလယာဥ္ခရီးစဥ္ (၇)ခုရိွခဲ့ေသာ္လည္း (၆) ခုသာ ေျပးဆြဲႏိုင္ခဲ့ၿပီး ေျပးဆြဲသည့္ ခရီးစဥ္မ်ားမွာလည္း ပံုမွန္ဆင္းသက္ႏိုင္ျခင္း မရိွဘဲ ညေနပိုင္းမွသာ စတင္ဆင္းသက္ႏိုင္ခဲ့ေၾကာင္းသိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း မတ္လ (၃၀)ရက္ေန႔နံနက္ပိုင္းက စ၍ ေလထုအရည္အေသြး အညြန္းကိန္း (၄၄၈) အထိ ျမႇင့္လာ၍ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီက လမ္းမေပၚမ်ားတြင္ ႏွာေခါင္းစီးမ်ား ေပးေ၀ခဲ့ၾကၿပီး ၿမိဳတြင္းပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနက မီးသတ္ကားမ်ားျဖင့္ ေရမႈန္ေရမႊားမ်ား ဖ်န္းပတ္ေပးခဲ့ၾကသည္။

Tachileik News Agency
ဓါတ္ပံု- ဦး၀င္းျမင့္ DCA


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူများကြောင့် ၂၀၁၉ခုနှစ် မတ်လ (၃၀) ရက်နေ့က လေကြောင်းခရီးစဉ်များ အချိန်ရွေ့ဆိုင်းခဲ့ကာ လေကြောင်းခရီးစဉ်တစ်ခုဖျက်သိမ်းခဲ့ရပြီးနောက် မတ်လ(၃၁)ရက်နေ့တွင်လည်း ရာသီဥတုပေါ်မှုတည်ပြီး ခရီးစဉ်များ အချိန်အပြောင်းအလဲဖြစ်နိုင်ကြောင်း သိရသည်။

"မြန်မာ့လေကြောင်း နောက်ဆုံးအခေါက်ပေါ့။ လားရှိုး - တာချီလိတ် - ဟဲဟိုး - ရန်ကုန်မှာ တာချီလိတ်မဆင်းတော့ဘဲနဲ့ ဟဲဟိုး - ရန်ကုန်ပျံသွားတာပေါ့။ မနက်ဖြန်ကိစ္စက မနက်ဖြန်မှပြောလို့ရမှာ။ ရာသီဥတုက ကျွန်တော်လည်းပြောလို့ မရသေးဘူး။ မနက်ဖြန်အတွက် ခရီးစဉ်တွေက မနက်စောစောမှသိရတာ"ဟု တာချီလိတ်လေဆိပ်တာဝန်ခံ ဦးဝင်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မတ်လ (၃၀) ရက်နေ့တွင် တာချီလိတ်မြို့တွင်းသို့ မီးခိုးများ သိသိသာသာ ဖုံးလွှမ်းလာပြီး လေထုအတွင်း အမှုန်ပါဝင်မှုပမာဏ လေထုအရည်အသွေး အညွန်းကိန်းမှာ (၄၄၈)သို့ မြှင့်တက်နေသဖြင့် အဆိုပါ မီးခိုးမြူများကြောင့် လေကြောင်းလိုင်း (၄) လိုင်းမှ လေယာဉ်ခရီးစဉ် (၇)ခုရှိခဲ့သော်လည်း (၆) ခုသာ ပြေးဆွဲနိုင်ခဲ့ပြီး ပြေးဆွဲသည့် ခရီးစဉ်များမှာလည်း ပုံမှန်ဆင်းသက်နိုင်ခြင်း မရှိဘဲ ညနေပိုင်းမှသာ စတင်ဆင်းသက်နိုင်ခဲ့ကြောင်းသိရသည်။

တာချီလိတ်မြို့တွင်း မတ်လ (၃၀)ရက်နေ့နံနက်ပိုင်းက စ၍ လေထုအရည်အသွေး အညွန်းကိန်း (၄၄၈) အထိ မြှင့်လာ၍ တာချီလိတ်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီက လမ်းမပေါ်များတွင် နှာခေါင်းစီးများ ပေးေဝခဲ့ကြပြီး မြိုတွင်းပိုင်းတွင် တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ကားများဖြင့် ရေမှုန်ရေမွှားများ ဖျန်းပတ်ပေးခဲ့ကြသည်။

Tachileik News Agency
ဓာတ်ပုံ- ဦးဝင်းမြင့် DCA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net