တာခ်ီလိတ္ၿမိဳ႕၏ မတ္လ(၃၁)ရက္ေန႔ မီးခိုးဖံုးလႊမ္းမႈ အေျခအေနမွာ ပိုမိုမ်ားျပားလာ၍ ေလယာဥ္ခရီးစဥ္မ်ား အေျခအေန ေစာင့္ၾကည့္ေနရ

တာခ်ီလိတ္ၿမိဳ႕၏ မတ္လ(၃၁)ရက္ေန႔ မီးခိုးဖံုးလႊမ္းမႈ အေျခအေနမွာ ပိုမိုမ်ားျပားလာ၍ ေလယာဥ္ခရီးစဥ္မ်ား အေျခအေန ေစာင့္ၾကည့္ေနရ
မတ် 31, 2019
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕တြင္ မီးခိုးမ်ားေၾကာင့္  ေလထုအရည္အေသြး အညႊန္းကိန္း(၅၀၂)အထိ ျမႇင့္တက္လာသည့္ ၂၀၁၉ခုႏွစ္ မတ္လ(၃၁)ရက္ေန႔တြင္ တာခ်ီလိတ္ေလဆိပ္မွ တဆင့္ေျပးဆြဲမည့္ ေလယာဥ္ခရီးစဥ္ (၈)ခုမွာ ပံုမွန္သတ္မွတ္ အခ်ိန္အတိုင္း မေျပးဆြဲႏိုင္ေသးဘဲ မီးခိုးအေျခအေနကို ၾကည့္ေနရဆဲျဖစ္ေၾကာင္း သိရသည္။

လတ္တေလာတြင္ ရာသီဥတုအေျခအေနကို ေစာင့္ၾကည့္ေနဆဲျဖစ္ေၾကာင္း တာခ်ီလိတ္ေလဆိပ္တာ၀န္ခံ ဦး၀င္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၉ခုႏွစ္ မတ္လ(၃၁)ရက္ေန႔တြင္ Air KBZ မွ ခရီးစဥ္ (၂)ခု၊ Golden Myanmar Airlines မွ ခရီးစဥ္ (၂)ခု၊ Myanmar National Airlines မွ ခရီးစဥ္ (၂)ခု၊ Yangon Airways မွ ခရီးစဥ္ (၁)ခု ႏွင့္ Mann Yadanarpon Airlines မွ ခရီးစဥ္ (၁)ခု စုစုေပါင္း ေလယာဥ္လိုင္း (၅)လိုင္းမွ ခရီးစဥ္ (၈)ခုရွိမည္ျဖစ္ေၾကာင္း သိရသည္။

မီးခိုးမ်ားဖံုးလႊမ္းေနမႈေၾကာင့္ ၂၀၁၉ခုႏွစ္ မတ္လ (၃၀) ရက္ေန႔က ေလေၾကာင္းခရီးစဥ္မ်ား အခ်ိန္ေရြ႕ဆိုင္းခဲ့ကာ ေလေၾကာင္းခရီးစဥ္တစ္ခုဖ်က္သိမ္းခဲ့ရေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ YM



~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့တွင် မီးခိုးများကြောင့် လေထုအရည်အသွေး အညွှန်းကိန်း(၅၀၂)အထိ မြှင့်တက်လာသည့် ၂၀၁၉ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် တာချီလိတ်လေဆိပ်မှ တဆင့်ပြေးဆွဲမည့် လေယာဉ်ခရီးစဉ် (၈)ခုမှာ ပုံမှန်သတ်မှတ် အချိန်အတိုင်း မပြေးဆွဲနိုင်သေးဘဲ မီးခိုးအခြေအနေကို ကြည့်နေရဆဲဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ရာသီဥတုအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း တာချီလိတ်လေဆိပ်တာဝန်ခံ ဦးဝင်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၉ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် Air KBZ မှ ခရီးစဉ် (၂)ခု၊ Golden Myanmar Airlines မှ ခရီးစဉ် (၂)ခု၊ Myanmar National Airlines မှ ခရီးစဉ် (၂)ခု၊ Yangon Airways မှ ခရီးစဉ် (၁)ခု နှင့် Mann Yadanarpon Airlines မှ ခရီးစဉ် (၁)ခု စုစုပေါင်း လေယာဉ်လိုင်း (၅)လိုင်းမှ ခရီးစဉ် (၈)ခုရှိမည်ဖြစ်ကြောင်း သိရသည်။

မီးခိုးများဖုံးလွှမ်းနေမှုကြောင့် ၂၀၁၉ခုနှစ် မတ်လ (၃၀) ရက်နေ့က လေကြောင်းခရီးစဉ်များ အချိန်ရွေ့ဆိုင်းခဲ့ကာ လေကြောင်းခရီးစဉ်တစ်ခုဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ YM 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net