ရွမ္းျပည္နယ္အတြင္း ၿမိဳ႕မ်ားတြင္ ကိုယ္ထူကိုယ္ထလမ္းမ်ားအတြက္ ကတၱရာလိုအပ္ပါက ျပည္နယ္အစိုးရ ပံ့ပိုးေပးမည္

ရွမ္းျပည္နယ္အတြင္း ၿမိဳ႕မ်ားတြင္ ကိုယ္ထူကိုယ္ထလမ္းမ်ားအတြက္ ကတၱရာလိုအပ္ပါက ျပည္နယ္အစိုးရ ပံ့ပိုးေပးမည္
မတ် 25, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ကိုယ္ထူကိုယ္ထ ကတၱရာလမ္းခင္းျခင္းလုပ္ငန္းအတြက္ ကတၱရာလိုအပ္ပါက ျပည္နယ္အစုိးရက ျပည္နယ္စည္ပင္သာယာေရးဌာမွတစ္ဆင့္ ကတၱရာမ်ား ပံ့ပိုးေပးမည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ဒီလမ္းကို ခင္းခ်င္တယ္။ အေရးႀကီးတဲ့လမ္းလည္း ျဖစ္တယ္။ အမ်ားျပည္သူသြားတဲ့လမ္း ျဖစ္တယ္။ ၿမိဳ႕ရဲ႕က်က္သေရေဆာင္လည္း ျဖစ္တယ္။ အဲဒီေတာ့ ကတၱရာေပးပါ။ ဘယ္ေလာက္ကုန္ပါမယ္။ တြက္ခ်က္ၿပီးေတာ့ေပါ့။ က်န္တာကို ေဒသခံျပည္သူေတြက ၀ိုင္း၀န္းၿပီး စိုက္ထုတ္ပါမယ္ဆိုၿပီးေတာ့ စာတင္လိုက္ေပါ့။ စည္ပင္၀န္ႀကီးဆီတင္လိုက္လည္း ရတယ္။ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀န္ႀကီးခ်ဳပ္ဆီ တိုက္ရိုက္တင္လည္းရတယ္"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္စီမံကိန္း ႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးညႊန့္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔  မတ္လ(၂၅)ရက္ေန႔တြင္ ေျပာသည္။

လမ္းမ်ားအတြက္ လိုအပ္သည့္ပမာဏကို ၿမိဳ႕နယ္၊ ၿမိဳ႕နယ္ခြဲစည္ပင္သာယာေရးဌာနမ်ားမွ စိစစ္တြက္ခ်က္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

"စည္ပင္က ရေငြနဲ႔ သံုးေငြသြားရတာ။ ရေငြမွာက သာမန္အသံုးစရိတ္ေတြ၊ လစာေတြ၊ ျပင္ထိန္းစရိတ္ေတြ ႏႈတ္လိုက္ေတာ့ ေငြလံုးေငြရင္းက နည္းသြားတာေပါ့။ နည္းတဲ့အခါက်ေတာ့ ၿမိဳ႕ေတြမွာ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြကို ပီပီျပင္ျပင္မလုပ္ႏိုင္ဘူး။ အဲဒီေတာ့ ကၽြန္ေတာ္တို႔အစိုးရက မႏွစ္က မူ၀ါဒခ်တယ္။ ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြ ဆိုၿပီး သီးသန္႔ခြဲထုတ္တယ္။ ခြဲထုတ္တဲ့အခါမွာ ခရီးသြား၀င္ေရာက္မႈမ်ားတဲ့ ၿမိဳ႕ႀကီး (၁၀) ၿမိဳ႕နဲ႔ သမိုင္း၀င္ၿမိဳ႕ (၂) ၿမိဳ႕ (၁၂) ၿမိဳ႕ကို AC ကတၱရာခင္းျခင္း၊ ေရေျမာင္းေဖာ္ျခင္း၊ CCTV တပ္ဆင္ျခင္းေပါ့။ ၿမိဳ႕ကိုေျပာင္းလဲသြားေအာင္ လုပ္ေနတယ္။ အခုဆိုရင္ ကေလာ၊ ေညာင္ေရႊ၊ မူဆယ္၊ လားရိႈး၊ လြယ္လင္၊ ပင္လံု၊ က်ိဳင္းတံု၊ သီေပါ အဲဒီလိုၿမိဳ႕ေတြေပါ့။ အဲဒီေတာ့ တစ္ခ်ိဳ႕ၿမိဳ႕ငယ္ေတြက်ေတာ့ မလုပ္ေပးဘူးလားဆိုၿပီး ျပႆနာ ရိွတာေပါ့။ ၿမိဳ႕ငယ္ေတြက်ေတာ့ ကိုယ္ထူကိုယ္ထစနစ္ေပါ့။ လူထုကလည္း စိုက္ထုတ္၊ ကၽြန္ေတာ္တို႔အစိုးရက စည္ပင္ကို ကတၱရာ ၀ယ္ေပးထားတယ္။ လိုအပ္ရင္ေထာက္ပံ့ေပးဖို႔ဆိုၿပီးေတာ့။ ၿပီးခဲ့တဲ့ႏွစ္ကလည္း လုပ္ေပးတယ္။ ဒီႏွစ္လည္း လုပ္ေပးမွာေပါ့"ဟု ျပည္နယ္၀န္ႀကီး ဦးစိုးညႊန္႔လြင္က ေျပာသည္။

မိမိတို႔ေဒသတြင္း ကတၱရာလမ္းခင္းျခင္းလုပ္ငန္းေဆာင္ရြက္လိုပါက ျပည္သူလူထု၊ အလွဴရွင္မ်ားက ေက်ာက္၊ သဲ၊ လုပ္အားခမ်ားက်ခံၿပီး ကတၱရာကို သက္ဆုိင္ရာ ၿမိဳ႕နယ္၊ ၿမိဳ႕နယ္ခြဲ စည္ပင္သာယာေရးဌာနမ်ားမွတစ္ဆင့္ ေတာင္းခံရယူႏုိင္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အတွင်း ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအတွက် ကတ္တရာလိုအပ်ပါက ပြည်နယ်အစိုးရက ပြည်နယ်စည်ပင်သာယာရေးဌာမှတစ်ဆင့် ကတ္တရာများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီလမ်းကို ခင်းချင်တယ်။ အရေးကြီးတဲ့လမ်းလည်း ဖြစ်တယ်။ အများပြည်သူသွားတဲ့လမ်း ဖြစ်တယ်။ မြို့ရဲ့ကျက်သရေဆောင်လည်း ဖြစ်တယ်။ အဲဒီတော့ ကတ္တရာပေးပါ။ ဘယ်လောက်ကုန်ပါမယ်။ တွက်ချက်ပြီးတော့ပေါ့။ ကျန်တာကို ဒေသခံပြည်သူတွေက ဝိုင်းဝန်းပြီး စိုက်ထုတ်ပါမယ်ဆိုပြီးတော့ စာတင်လိုက်ပေါ့။ စည်ပင်ဝန်ကြီးဆီတင်လိုက်လည်း ရတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဆီ တိုက်ရိုက်တင်လည်းရတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၅)ရက်နေ့တွင် ပြောသည်။

လမ်းများအတွက် လိုအပ်သည့်ပမာဏကို မြို့နယ်၊ မြို့နယ်ခွဲစည်ပင်သာယာရေးဌာနများမှ စိစစ်တွက်ချက်ပေးမည်ဖြစ်ကြောင်း သိရသည်။

"စည်ပင်က ရငွေနဲ့ သုံးငွေသွားရတာ။ ရငွေမှာက သာမန်အသုံးစရိတ်တွေ၊ လစာတွေ၊ ပြင်ထိန်းစရိတ်တွေ နှုတ်လိုက်တော့ ငွေလုံးငွေရင်းက နည်းသွားတာပေါ့။ နည်းတဲ့အခါကျတော့ မြို့တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပီပီပြင်ပြင်မလုပ်နိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့အစိုးရက မနှစ်က မူဝါဒချတယ်။ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ဆိုပြီး သီးသန့်ခွဲထုတ်တယ်။ ခွဲထုတ်တဲ့အခါမှာ ခရီးသွားဝင်ရောက်မှုများတဲ့ မြို့ကြီး (၁၀) မြို့နဲ့ သမိုင်းဝင်မြို့ (၂) မြို့ (၁၂) မြို့ကို AC ကတ္တရာခင်းခြင်း၊ ရေမြောင်းဖော်ခြင်း၊ CCTV တပ်ဆင်ခြင်းပေါ့။ မြို့ကိုပြောင်းလဲသွားအောင် လုပ်နေတယ်။ အခုဆိုရင် ကလော၊ ညောင်ရွှေ၊ မူဆယ်၊ လားရှိုး၊ လွယ်လင်၊ ပင်လုံ၊ ကျိုင်းတုံ၊ သီပေါ အဲဒီလိုမြို့တွေပေါ့။ အဲဒီတော့ တစ်ချို့မြို့ငယ်တွေကျတော့ မလုပ်ပေးဘူးလားဆိုပြီး ပြဿနာ ရှိတာပေါ့။ မြို့ငယ်တွေကျတော့ ကိုယ်ထူကိုယ်ထစနစ်ပေါ့။ လူထုကလည်း စိုက်ထုတ်၊ ကျွန်တော်တို့အစိုးရက စည်ပင်ကို ကတ္တရာ ဝယ်ပေးထားတယ်။ လိုအပ်ရင်ထောက်ပံ့ပေးဖို့ဆိုပြီးတော့။ ပြီးခဲ့တဲ့နှစ်ကလည်း လုပ်ပေးတယ်။ ဒီနှစ်လည်း လုပ်ပေးမှာပေါ့"ဟု ပြည်နယ်ဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောသည်။

မိမိတို့ဒေသတွင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်လိုပါက ပြည်သူလူထု၊ အလှူရှင်များက ကျောက်၊ သဲ၊ လုပ်အားခများကျခံပြီး ကတ္တရာကို သက်ဆိုင်ရာ မြို့နယ်၊ မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနများမှတစ်ဆင့် တောင်းခံရယူနိုင်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net