ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား(၁) တာခ်ီလိတ္အထြက္ကို လြန္၍ မယ္ဆိုင္အ၀င္တြင္ ထိုင္းႏုိင္ငံသားႏွစ္ဦးထံက မူးယစ္ေဆး၀ါးဖမ္းမိ

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား(၁) တာခ်ီလိတ္အထြက္ကို လြန္၍ မယ္ဆိုင္အ၀င္တြင္ ထိုင္းႏုိင္ငံသားႏွစ္ဦးထံက မူးယစ္ေဆး၀ါးဖမ္းမိ
ဖေဖော်ဝါရီ 18, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ မွ မယ္ဆိုင္အသြား ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးအမွတ္(၁)တံတား မယ္ဆိုင္အ၀င္တြင္ ထိုင္းလူငယ္ႏွစ္ဦးထံက စိတ္ၾကြေဆးျပား(၄၆)ျပားကို ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၇)ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ေန႔လည္(၁၂)နာရီ၀န္းက်င္က ဖမ္းဆီးရမိေၾကာင္း မယ္ဆိုင္အေကာက္ခြန္ရံုးမွ သိရသည္။

တာခ်ီလိတ္ဘက္မွ မယ္ဆိုင္ဘက္သို႔ ဆိုင္ကယ္ျဖင့္ ၀င္ေရာက္လာသည့္ ထိုင္းႏိုင္ငံသားႏွစ္ဦး၏ ပံုစံမွာ မသကၤာဖြယ္ ျဖစ္ေန၍ တားျမစ္စစ္ေဆးရာမွ စိတ္ၾကြေဆးျပား Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၄၆)ျပားႏွင့္ အက်ဳိးအေၾက (၃)စိပ္တို႔အား ေတြ႔ရွိရသည့္အျပင္ မူးယစ္ေဆး၀ါး သံုးစြဲထားေၾကာင္းလည္း သိရသည့္ အတြက္ ၎တို႔အား  ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးအမွတ္(၂)တံတား မယ္ဆိုင္ဘက္ရံုးသို႔ ေခၚေဆာင္ကာ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

မယ္ဆိုင္အေကာက္ခြန္ရံုးမွ ပူးေပါင္းအဖြဲ႔၏ စစ္ေဆးေပၚေပါက္ခ်က္အရ  ဖမ္းဆီးရမိသည့္  မူးယစ္ ေဆး၀ါးမ်ားကို တာခ်ီလိတ္ဘက္ ခ်စ္ၾကည္ေရးတံတား(၁)ႏွင့္ (၅)ကီလိုမီတာ၀န္း အကြာ ေနရာတစ္ခုတြင္ ၀ယ္ယူျခင္းျဖစ္ၿပီး၊ ၎တို႔ ၀ယ္ယူသည့္ စိတ္ၾကြးေဆးျပား (၅၀)ျပားကို တစ္ျပားလွ်င္ ထိုင္းဘတ္ေငြ (၃၀၀)ဘတ္ ေပးခဲ့ရေၾကာင္းႏွင့္ ၀ယ္ယူထားသည့္ စိတ္ၾကြေဆးျပား (၅၀)ျပားထဲမွ (၃)ျပားေက်ာ္ကို အသက္(၂၆)ႏွစ္ရွိ ထိုင္းႏုိင္ငံသား ဆုဖနပ္ ၀ပ္န၀ုန္း ႏွင့္ ၎ႏွင့္အတူ ပါလာသူတို႔က မွ်ေ၀သံုးစြဲခဲ့ၿပီး က်န္သည့္ (၄၆)ျပားႏွင့္ အက်ဳိးအေၾကကို သယ္ေဆာင္လာျခင္းျဖစ္သည္ကို ထြက္ဆိုေၾကာင္း သိရသည္။

"မေန႔က မယ္ဆိုင္္ဘက္သြားတုန္းက ေတြ႔လိုက္တယ္၊ သူတို႔ ဆိုင္ကယ္နဲ႔ေမာင္းလာတာ၊ အိတ္ထဲကေန ရွာေတြ႔တာ ကြ်န္မေရွ႕မွာပဲ စစ္ေဆးေနတာေတြ႔ရတယ္၊ အခုလိုပဲ ထိုင္းဘက္က ခဏခဏ မိတယ္ေလ၊ ျမန္မာဘက္ကေတာ့ အခုလို စစ္ေဆးမႈေတြမရွိေတာ့ တာခ်ီလိတ္ကို ေက်ာ္ၿပီး မယ္ဆိုင္မွာ သြားသြား မိတာေပါ့၊ တာခ်ီလိတ္ဘက္ကေတာ့ သိတဲ့အတိုင္း သက္ဆိုင္ရာအလိုက္ ထံုးစံအတိုင္းပဲ၊"ဟု တာခ်ီလိတ္ဘက္မွ မယ္ဆိုင္သို႔ သြားေရာက္သူ အမ်ဳိးသမီးတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားေပၚ တာခ်ီလိတ္အလြန္ မယ္ဆိုင္ဘက္အ၀င္တြင္ ထိုင္းလ၀က၊ အေကာက္ခြန္၊ တပ္ ႏွင့္ သက္ဆိုင္ရာမ်ားက ပူးေပါင္းၿပီး လမ္းေလွ်ာက္လာသူမ်ားကိုလည္း စစ္ေဆးမႈမ်ား ျပဳလုပ္သည့္နည္းတူ၊ ဆိုင္ကယ္/ကားႏွင့္ သြားလာသူမ်ားကိုလည္း ရပ္တန္႔စစ္ေဆးမႈမ်ား ေန႔စဥ္ျပဳလုပ္ေလ့ ရွိေသာ္လည္း တာခ်ီလိတ္ဘက္တြင္ ျမန္မာဘက္က လံုၿခံဳေရးအရေသာ္ လည္းေကာင္း၊ မူးယစ္ေဆး၀ါးနွိမ္နင္းေရး အရေသာ္ လည္းေကာင္း၊ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ေလ့ မရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ် မှ မယ်ဆိုင်အသွား မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတား မယ်ဆိုင်အဝင်တွင် ထိုင်းလူငယ်နှစ်ဦးထံက စိတ်ကြွဆေးပြား(၄၆)ပြားကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ ဒေသစံတော်ချိန် နေ့လည်(၁၂)နာရီဝန်းကျင်က ဖမ်းဆီးရမိကြောင်း မယ်ဆိုင်အကောက်ခွန်ရုံးမှ သိရသည်။

တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက်သို့ ဆိုင်ကယ်ဖြင့် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားနှစ်ဦး၏ ပုံစံမှာ မသင်္ကာဖွယ် ဖြစ်နေ၍ တားမြစ်စစ်ဆေးရာမှ စိတ်ကြွဆေးပြား Wy စာတမ်းပါ စိတ်ကြွဆေးပြား (၄၆)ပြားနှင့် အကျိုးအကြေ (၃)စိပ်တို့အား တွေ့ရှိရသည့်အပြင် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်းလည်း သိရသည့် အတွက်၎င်းတို့အား မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတား မယ်ဆိုင်ဘက်ရုံးသို့ ခေါ်ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မယ်ဆိုင်အကောက်ခွန်ရုံးမှ ပူးပေါင်းအဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိသည့် မူးယစ် ဆေးဝါးများကို တာချီလိတ်ဘက် ချစ်ကြည်ရေးတံတား(၁)နှင့် (၅)ကီလိုမီတာဝန်း အကွာ နေရာတစ်ခုတွင် ဝယ်ယူခြင်းဖြစ်ပြီး၊၎င်းတို့ ဝယ်ယူသည့် စိတ်ကြွးဆေးပြား (၅၀)ပြားကို တစ်ပြားလျှင် ထိုင်းဘတ်ငွေ (၃၀၀)ဘတ် ပေးခဲ့ရကြောင်းနှင့် ဝယ်ယူထားသည့် စိတ်ကြွဆေးပြား (၅၀)ပြားထဲမှ (၃)ပြားကျော်ကို အသက်(၂၆)နှစ်ရှိ ထိုင်းနိုင်ငံသား ဆုဖနပ် ဝပ်နဝုန်း နှင့်၎င်းနှင့်အတူ ပါလာသူတို့က မျှေဝသုံးစွဲခဲ့ပြီး ကျန်သည့် (၄၆)ပြားနှင့် အကျိုးအကြေကို သယ်ဆောင်လာခြင်းဖြစ်သည်ကို ထွက်ဆိုကြောင်း သိရသည်။

"မနေ့က မယ်ဆိုင်ဘက်သွားတုန်းက တွေ့လိုက်တယ်၊ သူတို့ ဆိုင်ကယ်နဲ့မောင်းလာတာ၊ အိတ်ထဲကနေ ရှာတွေ့တာ ကျွန်မရှေ့မှာပဲ စစ်ဆေးနေတာတွေ့ရတယ်၊ အခုလိုပဲ ထိုင်းဘက်က ခဏခဏ မိတယ်လေ၊ မြန်မာဘက်ကတော့ အခုလို စစ်ဆေးမှုတွေမရှိတော့ တာချီလိတ်ကို ကျော်ပြီး မယ်ဆိုင်မှာ သွားသွား မိတာပေါ့၊ တာချီလိတ်ဘက်ကတော့ သိတဲ့အတိုင်း သက်ဆိုင်ရာအလိုက် ထုံးစံအတိုင်းပဲ၊"ဟု တာချီလိတ်ဘက်မှ မယ်ဆိုင်သို့ သွားရောက်သူ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် တာချီလိတ်အလွန် မယ်ဆိုင်ဘက်အဝင်တွင် ထိုင်းလဝက၊ အကောက်ခွန်၊ တပ် နှင့် သက်ဆိုင်ရာများက ပူးပေါင်းပြီး လမ်းလျှောက်လာသူများကိုလည်း စစ်ဆေးမှုများ ပြုလုပ်သည့်နည်းတူ၊ ဆိုင်ကယ်/ကားနှင့် သွားလာသူများကိုလည်း ရပ်တန့်စစ်ဆေးမှုများ နေ့စဉ်ပြုလုပ်လေ့ ရှိသော်လည်း တာချီလိတ်ဘက်တွင် မြန်မာဘက်က လုံခြုံရေးအရသော် လည်းကောင်း၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး အရသော် လည်းကောင်း၊ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လေ့ မရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~