မင္းဘူးခရိုင္အတြင္း ရထားလမ္းေဖာက္လုပ္ေရးစီမံကိန္းတြင္ ပါ၀င္သြားသည့္ လယ္ယာေျမမ်ားအတြက္ ေလ်ာ္ေၾကးေငြ က်ပ္သန္းေပါင္း (၁,၇၀၀)ေက်ာ္ ေပးအပ္

မင္းဘူးခရိုင္အတြင္း ရထားလမ္းေဖာက္လုပ္ေရးစီမံကိန္းတြင္ ပါ၀င္သြားသည့္ လယ္ယာေျမမ်ားအတြက္ ေလ်ာ္ေၾကးေငြ က်ပ္သန္းေပါင္း (၁,၇၀၀)ေက်ာ္ ေပးအပ္
ဖေဖော်ဝါရီ 18, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မင္းဘူးခရိုင္၊မင္းဘူး(စကု)ၿမိဳ႕နယ္အတြင္း ၾကံခင္း-ပခုကၠဴ ရထားလမ္း ေဖာက္လုပ္ ေရးစီမံကိန္းႏွင့္ မင္းဘူး-အမ္း ရထားလမ္းေဖာက္လုပ္ေရးစီမံကိန္းတြင္ ပါဝင္သြားသည့္ ေက်းရြာအုပ္စု (၁၄)ခုမွ လယ္ယာေျမမ်ားအတြက္ ေလ်ာ္ေၾကးေငြ က်ပ္ သန္းေပါင္း(၁,၇၀၀)ေက်ာ္ကို ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၈)ရက္ နံနက္ပိုင္းက ေပးအပ္ခဲ့ေၾကာင္း သိရသည္။

“ဒီလို ေလ်ာ္ေၾကးရႏိုင္ဖို႔အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္မျဖစ္ခင္ကတည္းက ေျမစာရင္းတို႔ ရပ္ေက်း လယ္စီတို႔ ၿမိဳ႕နယ္လယ္စီတို႔နဲ႔ ပူးေပါင္းၿပီး ေဆာင္ရြက္ခဲ့တာပါ။တစ္ခ်ိဳ႕ေတာင္သူေတြက ပဲြစားေတြကိုေပး ၿပီး လုပ္ေနၾကတယ္လို႔ သိရတာေၾကာင့္ ျပည္သူတင္ေျမႇာက္ထားတဲ့ အစိုးရက ျပည္သူေတြရဲ႕ နစ္နာမႈ ေတြအေပၚ ျပည္သူေတြရဲ႕ အက်ိဳးစီးပြားကိုေရွးရႈျပီးေတာ့ ေဆာင္ရြက္ေပးမွာျဖစ္လို႔ ပဲြစားေတြနဲ႔ မလုပ္ၾကဖို႔ ေျပာခဲ့ရတာေတြရိွပါတယ္။လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္လာေတာ့လည္း ၿမိဳ႕နယ္နဲ႔ ခရိုင္လယ္စီေတြမွာ ၾကန္႔ၾကာေနတဲ့အေပၚ ဌာနဆိုင္ရာေတြနဲ႔ ပူးေပါင္းၿပီး ျပည္ေထာင္စုလႊတ္ေတာ္မွာေရာ တိုင္းေဒသႀကီး လႊတ္ေတာ္မွာပါ အျမန္ဆံုးေလ်ာ္ေၾကးေပးႏိုင္ဖို႔ ေမးခြန္းေမးၿပီး တြန္းအားေပးခဲ့ပါတယ္”ဟု မင္းဘူးမဲဆႏၵ နယ္(၁)မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္စြမ္းရည္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၀၆ ခုႏွစ္က စတင္ေဖာက္လုပ္ခဲ့သည့္ ရထားလမ္းတြင္ ပါဝင္သြားခဲ့ရသည့္  မင္းဘူး(စကု)ၿမိဳ႕နယ္ အ တြင္းရိွ ေတာင္သူ(၄၃၆)ဦး၏ေျမဧရိယာ(၅၇၄ ဒႆမ ၂၀)ဧက အတြက္ ေလ်ာ္ေၾကးေငြစုစုေပါင္း က်ပ္သန္း (၁၇၇၉.၁၅၉၀) ကို ျမန္မာ့မီးရထားမွ ၂၀၁၅ ခုႏွစ္မွ စတင္၍ လမ္းပိုင္း အသီးသီးအတြက္ ေပးေလ်ာ္လာခဲ့ရာ ယခုေပးေလ်ာ္မႈမွာ (၁၄)ႀကိမ္ေျမာက္ ေပးေလ်ာ္မႈျဖစ္ေၾကာင္း ျမန္မာ့မီးရထား တာဝန္ရိွသူထံမွ သိရသည္။

“ၾကံခင္း-ပခုကၠဴ ရထားလမ္းေဖာက္လုပ္တဲ့ အထဲမွာ မေကြးတိုင္းက ၿမိဳ႕နယ္(၈)ခု ပါၿပီး ပဲခူးတိုင္းက တစ္ၿမိဳ႕နယ္ပါ ပါတယ္။ စုစုေပါင္း(၉)ၿမိဳ႕နယ္အတြက္ ေလ်ာ္ေၾကးေပးရမွာက ေျမဧရိယာ(၃၂၅၆)ဧက အ တြက္ က်ပ္သန္းေပါင္း (၆၇၄၀)သန္း ေပးေလ်ာ္ရမွာပါ။ ဒီေန႔အထိ (၅၆၈၄)သန္းေပးေလ်ာ္ၿပီးျဖစ္ပါတယ္။ သန္း(၁)ေထာင္ေက်ာ္ ေပးေလ်ာ္ဖို႔ က်န္ပါေသးတယ္။က်န္ေနတာကိုလည္း အျမန္ဆံုးေပးေလ်ာ္ႏိုင္ေအာင္ သက္ဆိုင္ရာ ရပ္/ေက်းလယ္စီေတြနဲ႔ ၿမိဳ႕နယ္လယ္စီေတြက စာရင္းဇယားေတြ ရမွ ဘတ္ဂ်က္ကို တင္ ေတာင္းေပးရမွာျဖစ္လို႔ို အျမန္ဆံုး စာရင္းဇယားတင္ေပးႏိုင္ေအာင္ လုပ္ေဆာင္ေပးေစလိုပါတယ္ ”ဟု ျမန္မာ့မီးရထား၊တိုင္း(၁၀) ပခုကၠဴ အင္ဂ်င္နီယာမွဴး(ၿမိဳ႕ျပ)ဦးမင္းသိန္းစိုး က ေျပာသည္။

၂၀၀၆ ခုႏွစ္တြင္ စတင္သိမ္းဆည္းခံခဲ့ရၿပီး ေလ်ာ္ေၾကးမရေသးသည့္ ေတာင္သူမ်ားမွာ တစ္ဧကလွ်င္ က်ပ္သိန္း(၄၀)ခန္႔ႏွဳန္းျဖင့္ ေလ်ာ္ေၾကး ေငြရရိွခဲ့ျခင္းျဖစ္သည္။

ေလ်ာ္ေၾကး ေငြေပးအပ္ပဲြ အခမ္းအနားသို႔ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ တက္ ေရာက္၍ အမွာစကားေျပာၾကားခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊မင်းဘူး(စကု)မြို့နယ်အတွင်း ကြံခင်း-ပခုက္ကူ ရထားလမ်း ဖောက်လုပ် ရေးစီမံကိန်းနှင့် မင်းဘူး-အမ်း ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းတွင် ပါဝင်သွားသည့် ကျေးရွာအုပ်စု (၁၄)ခုမှ လယ်ယာမြေများအတွက် လျော်ကြေးငွေ ကျပ် သန်းပေါင်း(၁,၇၀၀)ကျော်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက် နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။

“ဒီလို လျော်ကြေးရနိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်မဖြစ်ခင်ကတည်းက မြေစာရင်းတို့ ရပ်ကျေး လယ်စီတို့ မြို့နယ်လယ်စီတို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာပါ။တစ်ချို့တောင်သူတွေက ပွဲစားတွေကိုပေး ပြီး လုပ်နကြေတယ်လို့ သိရတာကြောင့် ပြည်သူတင်မြှောက်ထားတဲ့ အစိုးရက ပြည်သူတွေရဲ့ နစ်နာမှု တွေအပေါ် ပြည်သူတွေရဲ့ အကျိုးစီးပွားကိုရှေးရှုပြီးတော့ ဆောင်ရွက်ပေးမှာဖြစ်လို့ ပွဲစားတွေနဲ့ မလုပ်ကြဖို့ ပြောခဲ့ရတာတွေရှိပါတယ်။လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတော့လည်း မြို့နယ်နဲ့ ခရိုင်လယ်စီတွေမှာ ကြန့်ကြာနေတဲ့အပေါ် ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ပြည်ထောင်စုလွှတ်တော်မှာရော တိုင်းဒေသကြီး လွှတ်တော်မှာပါ အမြန်ဆုံးလျော်ကြေးပေးနိုင်ဖို့ မေးခွန်းမေးပြီး တွန်းအားပေးခဲ့ပါတယ်”ဟု မင်းဘူးမဲဆန္ဒ နယ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၀၆ ခုနှစ်က စတင်ဖောက်လုပ်ခဲ့သည့် ရထားလမ်းတွင် ပါဝင်သွားခဲ့ရသည့် မင်းဘူး(စကု)မြို့နယ် အ တွင်းရှိ တောင်သူ(၄၃၆)ဦး၏မြေဧရိယာ(၅၇၄ ဒဿမ ၂၀)ဧက အတွက် လျော်ကြေးငွေစုစုပေါင်း ကျပ်သန်း (၁၇၇၉.၁၅၉၀) ကို မြန်မာ့မီးရထားမှ ၂၀၁၅ ခုနှစ်မှ စတင်၍ လမ်းပိုင်း အသီးသီးအတွက် ပေးလျော်လာခဲ့ရာ ယခုပေးလျော်မှုမှာ (၁၄)ကြိမ်မြောက် ပေးလျော်မှုဖြစ်ကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူထံမှ သိရသည်။

“ကြံခင်း-ပခုက္ကူ ရထားလမ်းဖောက်လုပ်တဲ့ အထဲမှာ မကွေးတိုင်းက မြို့နယ်(၈)ခု ပါပြီး ပဲခူးတိုင်းက တစ်မြို့နယ်ပါ ပါတယ်။ စုစုပေါင်း(၉)မြို့နယ်အတွက် လျော်ကြေးပေးရမှာက မြေဧရိယာ(၃၂၅၆)ဧက အ တွက် ကျပ်သန်းပေါင်း (၆၇၄၀)သန်း ပေးလျော်ရမှာပါ။ ဒီနေ့အထိ (၅၆၈၄)သန်းပေးလျော်ပြီးဖြစ်ပါတယ်။ သန်း(၁)ထောင်ကျော် ပေးလျော်ဖို့ ကျန်ပါသေးတယ်။ကျန်နေတာကိုလည်း အမြန်ဆုံးပေးလျော်နိုင်အောင် သက်ဆိုင်ရာ ရပ်/ကျေးလယ်စီတွေနဲ့ မြို့နယ်လယ်စီတွေက စာရင်းဇယားတွေ ရမှ ဘတ်ဂျက်ကို တင် တောင်းပေးရမှာဖြစ်လို့ အမြန်ဆုံး စာရင်းဇယားတင်ပေးနိုင်အောင် လုပ်ဆောင်ပေးစေလိုပါတယ် ”ဟု မြန်မာ့မီးရထား၊တိုင်း(၁၀) ပခုက္ကူ အင်ဂျင်နီယာမှူး(မြို့ပြ)ဦးမင်းသိန်းစိုး က ပြောသည်။

၂၀၀၆ ခုနှစ်တွင် စတင်သိမ်းဆည်းခံခဲ့ရပြီး လျော်ကြေးမရသေးသည့် တောင်သူများမှာ တစ်ဧကလျှင် ကျပ်သိန်း(၄၀)ခန့်နှုန်းဖြင့် လျော်ကြေး ငွေရရှိခဲ့ခြင်းဖြစ်သည်။

လျော်ကြေး ငွေပေးအပ်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက် ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~