သူရဦးေရႊမန္း ဥကၠဌအျဖစ္တာဝန္ယူသည့္ ေကာ္မရွင္ သက္တမ္းတိုးျခင္းကို ျပည္ေထာင္စုလႊတ္ေတာ္ ကန္႔ကြက္

သူရဦးေရႊမန္း ဥကၠဌအျဖစ္တာဝန္ယူသည့္ ေကာ္မရွင္ သက္တမ္းတိုးျခင္းကို ျပည္ေထာင္စုလႊတ္ေတာ္ ကန္႔ကြက္
ဖေဖော်ဝါရီ 28, 2019
By Tachileik News Agency

သူရဦးေရႊမန္း ဥကၠဌအျဖစ္ ေဆာင္ရြက္ေနသည့္ ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္ကို သက္တမ္းတစ္ႏွစ္ထပ္တိုးရန္ ျပည္ေထာင္စုလႊတ္ေတာ္က ကန္႔ကြက္လုိက္သည္။

အဆိုပါ ေကာ္မရွင္ကို ၂၀၁၆ ခုႏွစ္၊ မတ္လ (၁)ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္တြင္ဖြဲ႕စည္းၿပီး တစ္ႏွစ္တစ္ႀကိမ္ သက္တမ္းတိုး၍ လုပ္ငန္းေဆာင္ရြက္ေနရာ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁)ရက္ေန႔၌ သက္တမ္းကုန္မည္ျဖစ္၍ ထပ္မံ သက္တမ္းတုိးျခင္းကို ျပည္ေထာင္စုလႊတ္ေတာ္က ေထာက္ခံမဲ (၂၀)၊ ကန္႔ကြက္မဲ (၅၅၅)ႏွင့္ ၾကားေန (၁၀)မဲျဖင့္ ကန္႔ကြက္လုိက္ျခင္းျဖစ္သည္။

အဆိုပါ ေကာ္မရွင္အပါအဝင္ ျပည္ေထာင္စုလႊတ္ေတာ္၌ ဖြဲ႕စည္းထားရိွေသာ အာဆီယံပါလီမန္မ်ား ညီလာခံဆုိင္ရာ ပူးေပါင္းေကာ္မတီႏွင့္ ႏုိင္ငံတကာပါလီမန္မ်ားအဖြဲ႕ဆုိင္ရာပူးေပါင္းေကာ္မတီတုိ႔အား သက္တမ္းတိုးျမႇင့္ေရးတို႔ကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၈)ရက္ေန႔က က်င္းပသည့္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၁)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး (၁၁)ရက္ေျမာက္ေန႔တြင္ ေဆြးေႏြးရာ က်န္ေကာ္မတီႏွစ္ရပ္ သက္တမ္းတိုးျခင္းကို ေထာက္ခံခဲ့ၿပီး ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္ သက္တမ္းတိုးျခင္းကို ကန္႔ကြက္ခဲ့ျခင္း ျဖစ္သည္။

ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္ ဥကၠ႒ တာဝန္ထမ္းေဆာင္ေနသည့္ သူရဦးေရႊမန္းသည္ ျပည္ေထာင္စု ေကာင္းက်ဳိးေဆာင္ပါတီ ထူေထာင္ရန္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ထံ ၂၀၁၉ ခုႏွစ္အတြင္း တင္ျပထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

သူရဦးရွှေမန်း ဥက္ကဌအဖြစ် ဆောင်ရွက်နေသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို သက်တမ်းတစ်နှစ်ထပ်တိုးရန် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်လိုက်သည်။

အဆိုပါ ကော်မရှင်ကို ၂၀၁၆ ခုနှစ်၊ မတ်လ (၁)ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင်ဖွဲ့စည်းပြီး တစ်နှစ်တစ်ကြိမ် သက်တမ်းတိုး၍ လုပ်ငန်းဆောင်ရွက်နေရာ ၂၀၁၉ ခုနှစ်၊ မတ်လ (၁)ရက်နေ့၌ သက်တမ်းကုန်မည်ဖြစ်၍ ထပ်မံ သက်တမ်းတိုးခြင်းကို ပြည်ထောင်စုလွှတ်တော်က ထောက်ခံမဲ (၂၀)၊ ကန့်ကွက်မဲ (၅၅၅)နှင့် ကြားနေ (၁၀)မဲဖြင့် ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ကော်မရှင်အပါအဝင် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းထားရှိသော အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာပူးပေါင်းကော်မတီတို့အား သက်တမ်းတိုးမြှင့်ရေးတို့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် ဆွေးနွေးရာ ကျန်ကော်မတီနှစ်ရပ် သက်တမ်းတိုးခြင်းကို ထောက်ခံခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် သက်တမ်းတိုးခြင်းကို ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသည့် သူရဦးရွှေမန်းသည် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ထူထောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ၂၀၁၉ ခုနှစ်အတွင်း တင်ပြထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~