ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီဖွဲ့စည်းရေး ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် (၃၆)ဦး ဆွေးနွေးမည်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီဖွဲ့စည်းရေး ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် (၃၆)ဦး ဆွေးနွေးမည်
ဖေဖော်ဝါရီ 4, 2019
By Tachileik News Agency

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်  လိုအပ်သည့် ကော်မတီတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့်  ဖွဲ့စည်းရန်အတွက် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် (၃၆)ဦးမှ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ပြင်ဆင်ရေး လုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး အတွက်  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီ တစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်မှ အရေးကြီး အဆိုအဖြစ် တင်သွင်းမည်ဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ် (၃၆)ဦးမှ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၏ ပဉ္စမနေ့ကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်(၁၀)နာရီတွင် စတင်မည်ဖြစ်ပြီး အစည်းအဝေးတွင်  ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ပြင်ဆင်ရေး အတွက် လိုအပ်သည့် ကော်မတီဖွဲ့စည်းဝေးကို အဓိက ဆွေးနွေးမည်ဖြစ်ရာ ဆွေးနွေးချိန်အဖြစ် တစ်ဦးလျှင် (၆)မိနစ် သတ်မှတ်ထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လိုအပ်သည့် ကော်မတီတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန်အတွက် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအေဝး၌ လွှတ်တော်ကိုယ်စားလှယ် (၃၆)ဦးမှ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ပြင်ဆင်ရေး လုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒပြေင်ဆင်ရေး ပူးပေါင်း ကော်မတီ တစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်မှ အရေးကြီး အဆိုအဖြစ် တင်သွင်းမည်ဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ် (၃၆)ဦးမှ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအေဝး၏ ပဉ္စမနေ့ကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်(၁၀)နာရီတွင် စတင်မည်ဖြစ်ပြီး အစည်းအေဝးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ပြင်ဆင်ရေး အတွက် လိုအပ်သည့် ကော်မတီဖွဲ့စည်းေဝးကို အဓိက ဆွေးနွေးမည်ဖြစ်ရာ ဆွေးနွေးချိန်အဖြစ် တစ်ဦးလျှင် (၆)မိနစ် သတ်မှတ်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~