ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အမိန့်ကြေညာစာ မူကြမ်းကို ထောက်ခံမဲများ၍ အတည်ပြု

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အမိန့်ကြေညာစာ မူကြမ်းကို ထောက်ခံမဲများ၍ အတည်ပြု
ဖေဖော်ဝါရီ 19, 2019
By Tachileik News Agency


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းရေးနှင့်ပတ်သက်၍ အသေးစိတ်အချက် အလက်များကို ပြန်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြီး သဘောထားဆန္ဒရယူခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့က မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့ခြင်းဖြစ်သည်။


Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း အမိန့်ကြေညာစာ မူကြမ်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် အဆိုပါအမိန့်ကြေညာစာမူကြမ်းကို အတည်ပြုနိုင်ရေးအတွက် လွှတ်တော်သဘောထား ရယူရာတွင် ကန့်ကွက်သူများရှိသဖြင့် စက်ခလုတ်နှိပ်မဲခွဲဆုံးဖြတ်ခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူ (၅၉၄)ဦးတွင် ထောက်ခံမဲ (၃၈၉)မဲ၊ ကန့်ကွက်မဲ (၁၉၂)မဲ၊ ကြားနေမဲ (၃)မဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒပြေင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းရေးနှင့်ပတ်သက်၍ အသေးစိတ်အချက် အလက်များကို ပြန်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြီး သဘောထားဆန္ဒရယူခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒပြေင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့က မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့က လွှတ်တော်ကိုယ်စားလှယ် (၃၆)ဦး ဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီလ (၆) ရက်နေ့က စက်ခလုတ်နှိပ်၍ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ(၄၁၄)မဲ၊ ကန့်ကွက်မဲ(၁၉၁)မဲနှင့် ကြားနေမဲ(၆)မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~