ဇနီးျဖစ္သူအား ထင္ေယာင္ထင္မွားျဖစ္ကာ ေပါက္ျပားႏွင့္ ထုသတ္မႈ က်ဳိင္းတံုၿမိဳ႕တြင္ ျဖစ္ပြား

ဇနီးျဖစ္သူအား ထင္ေယာင္ထင္မွားျဖစ္ကာ ေပါက္ျပားႏွင့္ ထုသတ္မႈ က်ဳိင္းတံုၿမိဳ႕တြင္ ျဖစ္ပြား
ဖေဖော်ဝါရီ 18, 2019
By Tachileik News Agency

မူးယစ္ေဆး၀ါးသံုးစြဲထားၿပီး ဇနီးျဖစ္သူအား အိမ္ေထာင္ေရးေဖာက္ျပန္သည္ဟု ထင္ေယာင္ထင္မွားျဖစ္ကာ ခင္ပြန္းျဖစ္သူမွ ေပါက္ျပားျဖင့္ ထုသတ္မႈ က်ဳိင္းတံုၿမိဳ႕နယ္ လြယ္လံုေက်းရြာအုပ္စု၊ ေဟြလံုရြာတြင္ ေဖေဖာ္၀ါရီလ(၁၇)ရက္ေန႔ နံနက္အေစာပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

က်ဳိင္းတံုၿမိဳ႕မရဲစခန္းႏွင့္ (၆)မိုင္ေက်ာ္ ကြာေ၀းသည့္ လြယ္လံုေက်းရြာအုပ္စု၊ ေဟြလံုရြာတြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၇)ရက္ေန႔ နံနက္(၃)နာရီ၀န္းက်င္အခ်ိန္က အသက္(၄၈)ႏွစ္၀န္းက်င္ရွိ ဆားေဂ် ဆိုသူသည္ ေနအိမ္ အိပ္ခန္းထဲတြင္ အိပ္ေပ်ာ္ေနသည့္ အသက္(၄၄)ႏွစ္အရြယ္ရွိ ဇနီးျဖစ္သူ ေဒၚအားမူအား ၀ါးရိုးတပ္ထားသည့္ ေပါက္ျပားျဖင့္ (၂)ခ်က္ ရိုက္ထုလိုက္မႈေၾကာင့္ အိပ္ေနသည့္ ေဒၚအားမူ၏ နဖူးစပ္ ၀ဲဘက္ဦးေခါင္းထိပ္တြင္ (၂)လက္မခန္႔ ေပါက္ၿပဲဒဏ္ရာ ရရွိကာ ေနရာတြင္ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာ ေနရာသို႔ က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးသန္းထြန္းေအာင္ႏွင့္ တပ္ဖြဲ႔၀င္မ်ားက အခင္းျဖစ္ပြားရာ ေနရာသို႔ သြားေရာက္ကာ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ရာ တရားခံ၏ ထြက္ဆိုခ်က္အရ ၎သည္ လြန္ခဲ့ေသာ (၅)ႏွစ္ခန္႔က စ၍ မူးယစ္ေဆး၀ါးမ်ားအား အလြန္အကြ်ံသံုးစြဲခဲ့ၿပီး အခင္းျဖစ္သည့္ ညက ဇနီးျဖစ္သူ ေဒၚအားမူမွာ ရြာထဲသို႔ သြားၿပီး ျပန္လာသည္ကို လူမႈေရးေဖာက္ျပန္ေနသည္ဟု ထင္ေယာင္ထင္မွားျဖစ္ကာ  ညပိုင္းအိပ္ေပ်ာ္ေနသည့္ ဇနီးျဖစ္သူအား ေပါက္ျပားျဖင့္ (၂)ခ်က္ ထုရိုက္သတ္ခဲ့မိျခင္းျဖစ္သည္ကို သိရွိရေၾကာင္း က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဆားေဂ် အား ဖမ္းဆီးရမိထားၿပီး က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၁၂၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ - ၃၀၂ အရ အမႈဖြင့္ထားရွိေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မူးယစ်ဆေးဝါးသုံးစွဲထားပြီး ဇနီးဖြစ်သူအား အိမ်ထောင်ရေးဖောက်ပြန်သည်ဟု ထင်ယောင်ထင်မှားဖြစ်ကာ ခင်ပွန်းဖြစ်သူမှ ပေါက်ပြားဖြင့် ထုသတ်မှု ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စု၊ ဟွေလုံရွာတွင် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့မရဲစခန်းနှင့် (၆)မိုင်ကျော် ကွောဝးသည့် လွယ်လုံကျေးရွာအုပ်စု၊ ဟွေလုံရွာတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်အချိန်က အသက်(၄၈)နှစ်ဝန်းကျင်ရှိ ဆားဂျေ ဆိုသူသည် နေအိမ် အိပ်ခန်းထဲတွင် အိပ်ပျော်နေသည့် အသက်(၄၄)နှစ်အရွယ်ရှိ ဇနီးဖြစ်သူ ဒေါ်အားမူအား ဝါးရိုးတပ်ထားသည့် ပေါက်ပြားဖြင့် (၂)ချက် ရိုက်ထုလိုက်မှုကြောင့် အိပ်နေသည့် ဒေါ်အားမူ၏ နဖူးစပ် ဝဲဘက်ဦးခေါင်းထိပ်တွင် (၂)လက်မခန့် ပေါက်ပြဲဒဏ်ရာ ရရှိကာ နေရာတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ ကျိုင်းတုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသန်းထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တရားခံ၏ ထွက်ဆိုချက်အရ၎င်းသည် လွန်ခဲ့သော (၅)နှစ်ခန့်က စ၍ မူးယစ်ဆေးဝါးများအား အလွန်အကျွံသုံးစွဲခဲ့ပြီး အခင်းဖြစ်သည့် ညက ဇနီးဖြစ်သူ ဒေါ်အားမူမှာ ရွာထဲသို့ သွားပြီး ပြန်လာသည်ကို လူမှုရေးဖောက်ပြန်နေသည်ဟု ထင်ယောင်ထင်မှားဖြစ်ကာ ညပိုင်းအိပ်ပျော်နေသည့် ဇနီးဖြစ်သူအား ပေါက်ပြားဖြင့် (၂)ချက် ထုရိုက်သတ်ခဲ့မိခြင်းဖြစ်သည်ကို သိရှိရကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆားဂျေ အား ဖမ်းဆီးရမိထားပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၁၂၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ အရ အမှုဖွင့်ထားရှိကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်) 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~