တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္း မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ အမ်ဳိးသားတစ္ဦးကို ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္း မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ အမ်ဳိးသားတစ္ဦးကို ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 16, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕ရွိ မယ္ေခါင္ရပ္ကြက္အတြင္း၌ မူးယစ္ေဆး၀ါးသတင္းအရ ေစာင့္ဖမ္းရာက အမ်ဳိးသားတစ္ဦးကို စိတ္ၾကြေဆးျပား စုစုေပါင္း (၁,၄၆၅)ျပား အပါအ၀င္ မက္သာအဖက္တမင္း ဟိုက္ၿဒိဳလ္ကလိုရိုက္(ice) (၁၄၅.၅)ဂရမ္တို႔ ႏွင့္အတူ  ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၆)ရက္ေန႔ နံနက္(၉)နာရီခြဲ ၀န္းက်င္အခ်ိန္က ဖမ္းဆီးရမိ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူးထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔က မယ္ေခါင္ရပ္ကြက္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚတြင္ မူးယစ္ေဆး၀ါးသတင္းအရ ေစာင့္ဆိုင္းေနစဥ္ ႀကိဳတင္သတင္း ရရွိထားသူ သင္းေအာင္(ခ)ကရင္သည္ ဆိုင္ကယ္ျဖင့္ ေမာင္းလာစဥ္ ၎အား တားျမစ္စစ္ေဆးရာက မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ ရွာေဖြမႈမ်ား ျပဳလုပ္ရာတြင္ သင္းေအာင္(ခ)ကရင္ ၀တ္ဆင္ထားသည့္ အက်ၤႌ အတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၂၀၅)ျပား ႏွင့္ အေလးခ်ိန္ (၀.၅)ဂရမ္ရွိသည့္ အိုက္စ္တို႔ကို အျပင္ ဖုန္းတစ္လံုးအား စစ္ေဆးေတြ႔ရွိရ၍ သိမ္းဆည္းခဲ့ၾကသည္။

ဆက္လက္၍ စစ္ေဆးမႈမ်ားအရ ၎ငွားရမ္းေနထိုင္သည့္ မယ္ေခါင္ရပ္ကြက္အတြင္းရွိ ေနအိမ္တြင္ သို႔ နံနက္(၉း၄၅)နာရီ ၀န္းက်င္အခ်ိန္က သြားေရာက္ရွာေဖြမႈမ်ား ျပဳလုပ္ရာ ေနအိမ္ အိပ္ခန္းအတြင္းရွိ ဘီဒိုေပၚမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၁၂၆၀)ျပား ႏွင့္ စုစုေပါင္း အေလးခ်ိန္ (၁၄၅)ဂရမ္ရွိ မက္သာအဖက္တမင္းဟိုက္ၿဒိဳလ္ကလိုရိုက္(ice)ႏွင့္ မူးယစ္ေဆး၀ါးခ်ိန္တြယ္ရာတြင္ အသံုးျပဳသည့္ ဒီဂ်စ္တယ္စက္တစ္လံုး၊ သတၱဳဇြန္း(၁)ေခ်ာင္းတို႔အား ထပ္မံေတြ႔ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၅၄)ႏွစ္အရြယ္ရွိ သင္းေအာင္ (ခ) ကရင္အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ) ၂၆/၂၀၁၉၊ မူးယစ္ေဆး၀ါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၉(က) ျဖင့္ အမႈဖြင့္ အေရးယူထားရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - KHS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့ရှိ မယ်ခေါင်ရပ်ကွက်အတွင်း၌ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဖမ်းရာက အမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြား စုစုပေါင်း (၁,၄၆၅)ပြား အပါအဝင် မက်သာအဖက်တမင်း ဟိုက်ဒြိုလ်ကလိုရိုက်(ice) (၁၄၅.၅)ဂရမ်တို့ နှင့်အတူ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ နံနက်(၉)နာရီခွဲ ဝန်းကျင်အချိန်က ဖမ်းဆီးရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူးထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်း ရရှိထားသူ သင်းအောင်(ခ)ကရင်သည် ဆိုင်ကယ်ဖြင့် မောင်းလာစဉ်၎င်းအား တားမြစ်စစ်ဆေးရာက မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေမှုများ ပြုလုပ်ရာတွင် သင်းအောင်(ခ)ကရင် ဝတ်ဆင်ထားသည့် အင်္ကျငီ်္ အတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၂၀၅)ပြား နှင့် အလေးချိန် (ဝ.၅)ဂရမ်ရှိသည့် အိုက်စ်တို့ကို အပြင် ဖုန်းတစ်လုံးအား စစ်ဆေးတွေ့ရှိရ၍ သိမ်းဆည်းခဲ့ကြသည်။

ဆက်လက်၍ စစ်ဆေးမှုများအရ၎င်းငှါးရမ်းနေထိုင်သည့် မယ်ခေါင်ရပ်ကွက်အတွင်းရှိ နေအိမ်တွင် သို့ နံနက်(၉း၄၅)နာရီ ဝန်းကျင်အချိန်က သွားရောက်ရှာဖွေမှုများ ပြုလုပ်ရာ နေအိမ် အိပ်ခန်းအတွင်းရှိ ဘီဒိုပေါ်မှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၁၂၆၀)ပြား နှင့် စုစုပေါင်း အလေးချိန် (၁၄၅)ဂရမ်ရှိ မက်သာအဖက်တမင်းဟိုက်ဒြိုလ်ကလိုရိုက်(ice)နှင့် မူးယစ်ဆေးဝါးချိန်တွယ်ရာတွင် အသုံးပြုသည့် ဒီဂျစ်တယ်စက်တစ်လုံး၊ သတ္တုဇွန်း(၁)ချောင်းတို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၅၄)နှစ်အရွယ်ရှိ သင်းအောင် (ခ) ကရင်အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ) ၂၆/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~