အျမန္လမ္းမႀကီးတြင္ ဆုိင္ကယ္ျဖင့္ျဖတ္ကူးစဥ္ ခရီးသည္တင္ယာဥ္ႏွင့္တိုက္မိ၍ ေသဆံုးသြားသည့္ ဆုိင္ကယ္ေမာင္းသူအား အမႈဖြင့္ထား

အျမန္လမ္းမႀကီးတြင္ ဆုိင္ကယ္ျဖင့္ျဖတ္ကူးစဥ္ ခရီးသည္တင္ယာဥ္ႏွင့္တိုက္မိ၍ ေသဆံုးသြားသည့္ ဆုိင္ကယ္ေမာင္းသူအား အမႈဖြင့္ထား
ဇန်နဝါရီ 1, 2019
By 🌸
အျမန္လမ္းမႀကီးတြင္ ဆုိင္ကယ္ေမာင္းႏွင္ခြင့္မရိွေသာ္လည္း မႏၱေလးတုိင္းေဒသႀကီး၊ တံတားဦးၿမိဳ႕နယ္ အတြင္းရိွ ရန္ကုန္ - မႏၱေလးအျမန္လမ္းတြင္ ဆုိင္ကယ္ႏွင့္ ခရီးသည္တင္မွန္လံုယာဥ္တို႔ တိုက္မိ၍ ဆိုင္ကယ္ေမာင္းႏွင္သူ အခင္းျဖစ္ေနရာတြင္ ေသဆံုးသြားေၾကာင္း သိရသည္။

မႏၲေလးတိုင္းေဒသႀကီး၊ တံတားဦးၿမိဳ႕နယ္၊ ရန္ကုန္- မႏၲေလးအျမန္လမ္း မိုင္တိုင္အမွတ္(၃၃၂/၀)အနီးတြင္  ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁)ရက္ေန႔  ေန႔လယ္(၁)နာရီခြဲဝန္းက်င္တြင္  ယာဥ္တိုက္မႈျဖစ္ပြားေၾကာင္း သတင္းအရ တံတားဦးအျမန္လမ္းမႀကီးရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ား၊ အျမန္လမ္းမီးသတ္တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာတြင္ လမ္းျဖတ္ကူးသည့္ဆုိင္ကယ္အား ခရီးသည္တင္မီနီဘတ္စ္ယာဥ္က ဝင္တုိက္မိၿပီး ဆိုင္ကယ္ေမာင္းႏွင္သူ အသက္ (၄၈)ႏွစ္အရြယ္ ဘိုေက်ာ္မွာ ေနရာတြင္ ေသဆံုးေနသည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္းသိရသည္။

အျမန္လမ္းတြင္ ဆိုင္ကယ္ေမာင္းႏွင္ခဲ့သည့္ ေသဆံုးသူ ဘိုေက်ာ္အား စကားအင္းအျမန္လမ္းမႀကီး ရဲစခန္းတြင္ ယာဥ္(ပ)၃/၂၀၁၈၊ အျမန္လမ္းမႀကီးမ်ားဥပေဒပုဒ္မ (၁၈) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

အျမန္လမ္းမႀကီးမ်ားတြင္ သံုးဘီး၊ ဆိုင္ကယ္ႏွင့္ အေႏွးယာဥ္မ်ား တက္ေရာက္ေမာင္းႏွင္ခြင့္မရိွဘဲ တက္ေရာက္ေမာင္းႏွင္ပါက အျမန္လမ္းမႀကီးမ်ားဥပေဒျဖင့္ အေရးယူခံရမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -Police

~~~~~~~~⊰❂Unicode Version ~~~~~~~~
အမြန်လမ်းမကြီးတွင် ဆိုင်ကယ်ဖြင့်ဖြတ်ကူးစဉ် ခရီးသည်တင်ယာဉ်နှင့်တိုက်မိ၍ သေဆုံးသွားသည့် ဆိုင်ကယ်မောင်းသူအား အမှုဖွင့်ထား
***********
အမြန်လမ်းမကြီးတွင် ဆိုင်ကယ်မောင်းနှင်ခွင့်မရှိသော်လည်း မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် အတွင်းရှိ ရန်ကုန် - မန္တလေးအမြန်လမ်းတွင် ဆိုင်ကယ်နှင့် ခရီးသည်တင်မှန်လုံယာဉ်တို့ တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၃၃၂/ဝ)အနီးတွင်  ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့  နေ့လယ်(၁)နာရီခွဲဝန်းကျင်တွင်  ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ တံတားဦးအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာတွင် လမ်းဖြတ်ကူးသည့်ဆိုင်ကယ်အား ခရီးသည်တင်မီနီဘတ်စ်ယာဉ်က ဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အသက် (၄၈)နှစ်အရွယ် ဘိုကျော်မှာ နေရာတွင် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရသည်။

အမြန်လမ်းတွင် ဆိုင်ကယ်မောင်းနှင်ခဲ့သည့် သေဆုံးသူ ဘိုကျော်အား စကားအင်းအမြန်လမ်းမကြီး ရဲစခန်းတွင် ယာဉ်(ပ)၃/၂၀၁၈၊ အမြန်လမ်းမကြီးများဥပဒေပုဒ်မ (၁၈) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အမြန်လမ်းမကြီးများတွင် သုံးဘီး၊ ဆိုင်ကယ်နှင့် အနှေးယာဉ်များ တက်ရောက်မောင်းနှင်ခွင့်မရှိဘဲ တက်ရောက်မောင်းနှင်ပါက အမြန်လမ်းမကြီးများဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -Police

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~