ဖူဆယ္တာခ်ီလိတ္မွ ေဘာလံုးကြင္းသစ္ဖြင့္ပြဲအထိမ္းအမွတ္ႏွင့္ ဆုေပးပြဲကို ေဖေဖာ္၀ါရီ (၅)ရက္ေန႔တြင္ က်င္းပမည္

ဖူဆယ္တာခ်ီလိတ္မွ ေဘာလံုးကြင္းသစ္ဖြင့္ပြဲအထိမ္းအမွတ္ႏွင့္ ဆုေပးပြဲကို ေဖေဖာ္၀ါရီ (၅)ရက္ေန႔တြင္ က်င္းပမည္
ဇန်နဝါရီ 29, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ ၀မ္ေကာင္းရပ္၊ တာခ်ီလိတ္ျပည္သူ႕ေဆးရံုအနီး၊ ဘိုးဘြားရိပ္သာ လမ္းတြင္ ဖူဆယ္တာခ်ီလိတ္မွ ေဆာက္လုပ္ ၿပီးစီးသြားသည့္ ျမက္ခင္းတုဖူဆယ္ ေဘာလံုးကြင္းသစ္ဖြင့္ပြဲ အထိမ္းအမွတ္ႏွင့္ အမ်ိဳးသား(အလြတ္တန္း) ေဘာလံုးၿပိဳင္ပြဲ၊ ဆုေပးပြဲအခမ္းအနားကို ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၅) ရက္ေန႔ ညပိုင္းတြင္ တစ္ၿပိဳင္တည္း ျပဳလုပ္သြားမည္ျဖစ္ၾကာင္း သိရသည္။

ေဘာလံုးၿပိဳင္ပြဲသို႔ အသင္း (၁၂)သင္း ၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ရာ အုပ္စုပြဲစဥ္မ်ားကို ဇန္န၀ါရီလ (၂၉) ရက္ေန႔မွ (၃၁) ရက္ေန႔အထိ လည္းေကာင္း၊ ကြာတားဖိုင္နယ္ ပြဲစဥ္မ်ားကို ေဖေဖာ္၀ါရီလ (၂) ရက္ေန႔ႏွင့္ (၃) ရက္ေန႔တြင္ လည္းေကာင္း၊ တတိယလုပြဲႏွင့္ ဗိုလ္လုပြဲစဥ္မ်ားကို ေဖေဖာ္၀ါရီလ (၅) ရက္ေန႔တြင္ ညေန (၅)နာရီမွ ည (၉)နာရီအထိ ယွဥ္ၿပိဳင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပြဲစဥ္မ်ားအတြက္ အုပ္စုခြဲျခင္းႏွင့္ စည္းကမ္းခ်က္သတ္မွတ္ျခင္းတို႔ကို  အားကစားႏွင့္ကာယပညာ ဦးစီးဌာနမွ တာခ်ီလိတ္ ၿမိဳ႕နယ္အားကစားမွဴး ဦးသန္းလိႈင္က အသင္းမ်ားမွ ကိုယ္စားလွယ္မ်ားႏွင့္ တိုင္ပင္ ညိႇႏိႈင္းေဆာင္ရြက္ေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

“ဆုေပးပြဲနဲ႔ ကြင္းဖြင့္ပြဲ တစ္ၿပိဳင္နက္တည္း လုပ္သြားမွာပါ။ ျမန္မာလက္ေရြးစင္ေဟာင္း ဦးမ်ိဳးလိႈင္၀င္း တက္ေရာက္ ခ်ီးျမႇင့္ ေပးမွာပါ။ ဆုရအသင္းေတြအတြက္လည္း ဂုဏ္ျပဳညစာစားပြဲစီစဥ္ေပးထားပါတယ္”ဟု ဖူဆယ္တာခ်ီလိတ္ကြင္းပိုင္ရွင္ ဦးထြန္းထြန္းဦးက ေျပာသည္။

ၿပိဳင္ပြဲတြင္ ပထမဆုအျဖစ္ ဘတ္ (၁၀,၀၀၀)၊ ဒုတိယဆုအျဖစ္ ဘတ္(၇,၀၀၀)၊ တတိယဆုအျဖစ္ ဘတ္ (၅,၀၀၀) ခ်ီးျမႇင့္ ရန္စီစဥ္ထားၿပီး ျမန္မာဘီယာမွ အေကာင္းဆံုး ဂိုးသမားဆုႏွင့္ အေကာင္းဆံုး အားကစားသမားဆု ႏွစ္ဆုကို ပါ၀င္ကူညီေပးထားေၾကာင္း ျမန္မာဘီယာမွ ဦးစြမ္းရည္က ေျပာသည္။

လက္ရိွတြင္ ဖူဆယ္ေဘာလံုးကြင္း ဖြင့္ပြဲ မျပဳလုပ္ေသးေသာ္လည္း ကြင္းတည္ေဆာက္ၿပီးစီးၿပီ ျဖစ္သျဖင့္ လာေရာက္ကစားႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်၊ တာချီလိတ်ပြည်သူ့ဆေးရုံအနီး၊ ဘိုးဘွားရိပ်သာ လမ်းတွင် ဖူဆယ်တာချီလိတ်မှ ဆောက်လုပ် ပြီးစီးသွားသည့် မြက်ခင်းတုဖူဆယ် ဘောလုံးကွင်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်နှင့် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့ ညပိုင်းတွင် တစ်ပြိုင်တည်း ပြုလုပ်သွားမည်ဖြစ်ကြာင်း သိရသည်။

ဘောလုံးပြိုင်ပွဲသို့ အသင်း (၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ အုပ်စုပွဲစဉ်များကို ဇန်နဝါရီလ (၂၉) ရက်နေ့မှ (၃၁) ရက်နေ့အထိ လည်းကောင်း၊ ကွာတားဖိုင်နယ် ပွဲစဉ်များကို ဖေဖော်ဝါရီလ (၂) ရက်နေ့နှင့် (၃) ရက်နေ့တွင် လည်းကောင်း၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ညနေ (၅)နာရီမှ ည (၉)နာရီအထိ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်များအတွက် အုပ်စုခွဲခြင်းနှင့် စည်းကမ်းချက်သတ်မှတ်ခြင်းတို့ကို အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာချီလိတ် မြို့နယ်အားကစားမှူး ဦးသန်းလှိုင်က အသင်းများမှ ကိုယ်စားလှယ်များနှင့် တိုင်ပင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဆုပေးပွဲနဲ့ ကွင်းဖွင့်ပွဲ တစ်ပြိုင်နက်တည်း လုပ်သွားမှာပါ။ မြန်မာလက်ရွေးစင်ဟောင်း ဦးမျိုးလှိုင်ဝင်း တက်ရောက် ချီးမြှင့် ပေးမှာပါ။ ဆုရအသင်းတွေအတွက်လည်း ဂုဏ်ပြုညစာစားပွဲစီစဉ်ပေးထားပါတယ်”ဟု ဖူဆယ်တာချီလိတ်ကွင်းပိုင်ရှင် ဦးထွန်းထွန်းဦးက ပြောသည်။

ပြိုင်ပွဲတွင် ပထမဆုအဖြစ် ဘတ် (၁၀,ဝဝဝ)၊ ဒုတိယဆုအဖြစ် ဘတ်(၇,ဝဝဝ)၊ တတိယဆုအဖြစ် ဘတ် (၅,ဝဝဝ) ချီးမြှင့် ရန်စီစဉ်ထားပြီး မြန်မာဘီယာမှ အကောင်းဆုံး ဂိုးသမားဆုနှင့် အကောင်းဆုံး အားကစားသမားဆု နှစ်ဆုကို ပါဝင်ကူညီပေးထားကြောင်း မြန်မာဘီယာမှ ဦးစွမ်းရည်က ပြောသည်။

လက်ရှိတွင် ဖူဆယ်ဘောလုံးကွင်း ဖွင့်ပွဲ မပြုလုပ်သေးသော်လည်း ကွင်းတည်ဆောက်ပြီးစီးပြီ ဖြစ်သဖြင့် လာရောက်ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~