ဥပဒေလက်တစ်လုံးခြားဆိုသည့် စကားလုံးအသုံးအနှုန်းကို ကန့်ကွက်ခံရသဖြင့် တပ်မတော်သား ကိုယ်စားလှယ်အားလုံး ပြည်ထောင်စုလွှတ်တော်တွင် (၄) မိနစ်ခန့် မတ်တပ်ရပ် ကန့်ကွက်
ဥပဒေလက်တစ်လုံးခြားဆိုသည့် စကားလုံးအသုံးအနှုန်းကို ကန့်ကွက်ခံရသဖြင့် တပ်မတော်သား ကိုယ်စားလှယ်အားလုံး ပြည်ထောင်စုလွှတ်တော်တွင် (၄) မိနစ်ခန့် မတ်တပ်ရပ် ကန့်ကွက်
ဇနျနဝါရီ 30, 2019
By Tachileik News Agency
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် အချိန်တွင်  ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီး အဆိုတစ်ရပ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အဆိုတင်သွင်းပြီးချိန်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ဗိုလ်မှူးချုပ်မောင်မောင်က ယင်းအဆိုကို ကန့်ကွက်တင်ပြခဲ့ခြင်းဖြစ်သည်။
လွှတ်တော်နာယက က ယင်းကဲ့သို့ ပြောကြားပြီးချိန်တွင် တပ်မတော်သားအစုအဖွဲ့က မတ်တပ်ရပ် ကန့်ကွက်ခဲ့ပြီး လွှတ်တော်ကိုယ်စား လှယ်ဒေါက်တာမြတ်ဥာဏစိုးက အဆိုပါ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း တင်ပြပြီးချိန်အပြီး ဥက္ကဌက လွှတ်တော် စည်းကမ်းနှင့်အညီ ဖြစ်စေရန်အတွက် တပ်မတော်သားအစုအဖွဲ့ကို ထိုင်ပေးကြရန် မေတ္တာရပ်ခံခဲ့ရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ပြည်ထောင်စုလွှတ်တော်တွင် အဆိုတင်သွင်းခြင်းနှင့် ပတ်သက်၍ ဥပဒေ လက်တစ်လုံးခြား လုပ်ဆောင်သည်ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးနှုန်းခြင်းကို လွှတ်တော် နာယကက ကန့်ကွက်သဖြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အားလုံးက (၄)မိနစ်ခန့် မတ်တပ်ရပ်ကန့်ကွက်ခဲ့ကြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒပြေင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် အချိန်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီး အဆိုတစ်ရပ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အဆိုတင်သွင်းပြီးချိန်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ဗိုလ်မှူးချုပ်မောင်မောင်က ယင်းအဆိုကို ကန့်ကွက်တင်ပြခဲ့ခြင်းဖြစ်သည်။
“နိုင်ငံတော်ရဲ့ ဥပဒပြေုရေးတာဝန်ကို အဓိကလုပ်ဆောင်နကြေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ မိမိတို့ လုပ်ဆောင်ချက်တွေကို ဥပဒေနဲ့အညီဆောင်ရွက်နိုင်ဖို့ကို များစွာ အရေးကြီးပါတယ်။ ဥပဒေကို ကျော်လွန်လုပ်ဆောင်တာ။ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီးတော့မှ လုပ်ဆောင်တယ်ဆိုလို့ရှိရင်တော့ ပေါ်ထွက်လာမယ့် အကျိုးရလဒ်တွေကလည်း မှန်ကန်ကောင်းမွန်မှာ မဟုတ်ဘဲနဲ့ အဂတိတရားတွေနဲ့ မကင်းတဲ့ အကျိုးရလဒ်တွေ ဖြစ်မှာပဲ”ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ဗိုလ်မှူးချုပ်မောင်မောင်က လွှတ်တော်တွင် ကန့်ကွက်လိုက်ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်ရန် တင်ပြခြင်းသာဖြစ်ကြောင်းနှင့် အဆိုကိုလွှတ်တော်မှ မဲခွဲဆုံးဖြတ်ရန်မလိုအပ်ကြောင်း တင်ပြခဲ့ခြင်းဖြစ်ရာ ကန့်ကွက်သည့်အဆိုပါ အသုံးအနှုန်းကို လွှတ်တော်နာယကက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
“လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ သုံးနှုန်းသွားတဲ့ အသုံးအနှုန်းတွေကို လွှတ်တော်ရဲ့ ဂုဏ်သိက္ခါနဲ့ ဆိုင်ပါတယ်။ ဥပဒေကို လက်တစ်လုံးခြားလုပ်တယ်ဆိုတာ ဆိုတဲ့အသုံးအသုံးအနှုန်းကိုတော့ မိမိလွှတ်တော်နာယကအနေနဲ့ လေးလေးနက်နက် ကန့်ကွက်ပါတယ်”ဟု လွှတ်တော် ဥက္ကဌက ဦးတီခွန်မြတ်က ကန့်ကွက်လိုက်ခြင်းဖြစ်သည်။
လွှတ်တော်နာယက က ယင်းကဲ့သို့ ပြောကြားပြီးချိန်တွင် တပ်မတော်သားအစုအဖွဲ့က မတ်တပ်ရပ် ကန့်ကွက်ခဲ့ပြီး လွှတ်တော်ကိုယ်စား လှယ်ဒေါက်တာမြတ်ဉာဏစိုးက အဆိုပါ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း တင်ပြပြီးချိန်အပြီး ဥက္ကဌက လွှတ်တော် စည်းကမ်းနှင့်အညီ ဖြစ်စေရန်အတွက် တပ်မတော်သားအစုအဖွဲ့ကို ထိုင်ပေးကြရန် မေတ္တာရပ်ခံခဲ့ရသည်။
“အခုချိန်မှာ ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒကြေမ်းကို တင်သွင်းနေတာ မဟုတ်ပါဘူး။ ကိုယ်စားလှယ် တစ်ဦးတစ်ယောက်၊ နိုင်ငံရေးပါတီတစ်စုတစ်ဖွဲ့ကနပြေီးတော့ တင်သွင်းမယ်ဆိုရင် ပြည်သူအများစုရဲ့ နိုင်ငံသားများ၊ တိုင်းရင်းသားများ အားလုံးရဲ့ ကျွန်တော်တို့ ၂၁ ပင်လံညီလာခံရဲ့ ရည်မှန်းချက်တွေနဲ့ သွေဖယ်သွားမှာဖြစ်ပါတယ်။ ဒါဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ အချိန်ကာလဖြစ်တဲ့ အတွက်ကြောင့် ပြည်ထောင်စုလွှတ်တော်ထဲမှာ ရှိတဲ့နိုင်ငံရေးပါတီ အားလုံး။ တပ်မတော်သားအစုအဖွဲ့များ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့် ရှိအောင်လို့ အဆိုရှင်က တင်သွင်းခဲ့တဲ့ အဆိုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒါဟာလွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေများနဲ့ ညီညွတ်တဲ့ အတွက်ကြောင့်မို့လို့ နာယကကြီးအနဖြေင့် ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူဆောင်ရွက်ပေးနိုင်ပါရန်လေးနက်စွာ တင်ပြအပ်ပါတယ်ခင်ဗျာ”ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
အဆိုကို ကန့်ကွက်မှုများရှိသဖြင့် မဲခွဲဆုံးဖြတ်ရာတွင် မဲပေးခွင့်ရှိသူ (၆၀၁) ဦးရှိသည့်အနက်မှ (၄၁၄) ဦးမဲပေးခဲ့ပြီး ထောက်ခံမဲ (၃၉၄) မဲ၊ ကန့်ကွက်မဲ (၁၇) မဲနှင့် ကြားနေမဲ (၃) မဲဖြင့်အဆိုတင်သွင်းမှု အောင်မြင်ခဲ့ပြီး ဖေဖော်ဝါရီလ (၁)ရက်နေ့ ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~