ဘူးသီးေတာင္ၿမိဳ႕နယ္ ရဲကင္းစခန္း (၄) ခုကို တုိက္ခိုက္သည့္ AA အဖြဲ႕ကို ေတာင္ပဇာနယ္ေျမရဲစခန္းတြင္ အမႈဖြင့္ထား

ဘူးသီးေတာင္ၿမိဳ႕နယ္ ရဲကင္းစခန္း (၄) ခုကို တုိက္ခိုက္သည့္ AA အဖြဲ႕ကို ေတာင္ပဇာနယ္ေျမရဲစခန္းတြင္ အမႈဖြင့္ထား
ဇန်နဝါရီ 5, 2019
By 🌸
ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ရိွ ရဲကင္းစခန္း (၄) ခုအား ဝင္ေရာက္တုိက္ခိုက္သည့္ ရခုိင္တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႕ AA ကို ၂၀၁၄ ခုႏွစ္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀(က)/၅၄ႏွင့္ ၁၉၄၉ ခုႏွစ္လက္နက္(အေရးေပၚျပစ္ဒဏ္စီရင္မႈ)(ယာယီ)အက္ဥပေဒပုဒ္မ ၂(၁)(က)တို႔ျဖင့္ ေတာင္ပဇာနယ္ေျမ ရဲစခန္းတြင္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

ဘူးသီးေတာင္ၿမိဳ႕နယ္ နယ္ေျမ(၁၀)၊ အမွတ္(၃)နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ခြဲ ကြပ္ကဲမႈေအာက္ရွိ ရဲကင္းစခန္း(၄)ခုျဖစ္သည့္ ဘူးသီးေတာင္ၿမိဳ႕နယ္ရိွ ငျမင္းေဘာ္ရဲကင္းစခန္းအား AA အင္အား (၁၀၀)ဦးခန္႔ျဖင့္လည္းေကာင္း၊ ေက်ာင္းေတာင္ရဲကင္းစခန္းအား AA အင္အား(၁၀၀)ဦးခန႔္မွ လည္းေကာင္း၊ ဂုပၸိရဲကင္းစခန္းအား AA အင္အား(၅၀)ဦးခန႔္ျဖင့္ လည္းေကာင္း၊ ခထီးလွရဲကင္းစခန္းအား AA အင္အား(၁၀၀)ဦးခန႔္ျဖင့္လည္းေကာင္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၄) ရက္ေန႔ နံနက္ (၆) နာရီခြဲဝန္းက်င္တြင္ ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တိုက္ခိုက္မႈေၾကာင့္ ငျမင္းေဘာ္ ရဲကင္းစခန္းတြင္ ရဲတပ္ဖြဲ႕ဝင္(၉)ဦး၊(၂)ဦးဒဏ္ရာရ၊ ေက်ာင္းေတာင္ရဲကင္းစခန္းတြင္ ရဲတပ္ဖြဲ႕ဝင္(၂)ဦးက်ဆုံး၊ (၁)ဦး ဒဏ္ရာရ၊ ဂုပၸိရဲကင္းစခန္းတြင္ ရဲတပ္ဖြဲ႕ဝင္(၃)ဦး ဒဏ္ရာရ၊ ခထီးလွရဲကင္းစခန္းတြင္ ရဲတပ္ဖြဲ႕ဝင္ (၂)ဦးက်ဆုံး၊ (၃)ဦး ဒဏ္ရာရခဲ့ရာ  စုစုေပါင္း ရဲကင္းစခန္း (၄)ခုမွ က်ဆံုးရဲတပ္ဖြဲ႕ဝင္ (၁၃) ဦးႏွင့္ ဒဏ္ရာရ (၉)ဦးရိွခဲ့သည့္အျပင္ ရဲတပ္ဖြဲ႕ပိုင္ လက္နက္ခဲယမ္းမ်ား ယူေဆာင္သြားျခင္း၊ ရဲကင္းစခန္း အေဆာက္အဦႏွင့္ အသုံးအေဆာင္ပစၥည္းမ်ား ပ်က္စီးဆုံးရႈံးျခင္းမ်ားျဖစ္ပြားခဲ့မႈေၾကာင့္ ယင္းကဲ့သို႔ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕၏ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါတိုက္ခုိက္မႈမ်ားႏွင့္ပတ္သက္၍ ဘူးသီးေတာင္ၿမိဳ႕နယ္ ေတာင္ပဇာနယ္ေျမရဲစခန္းတြင္ အမႈဖြင့္လွစ္ထားရာ ငျမင္းေဘာ္ရဲကင္းစခန္း ဝင္ေရာက္တိုက္ခိုက္မႈျဖစ္စဥ္အား (ပ)၂/၂၀၁၉၊ ၂၀၁၄ ခုႏွစ္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ၅၀(က)/၅၄၊ (ပ)၃/၂၀၁၉၊ ၁၉၄၉ ခုႏွစ္လက္နက္ (အေရးေပၚျပစ္ဒဏ္စီရင္မႈ)(ယာယီ)အက္ဥပေဒပုဒ္မ ၂(၁)(က) အရလည္းေကာင္း၊ ေက်ာင္းေတာင္ ရဲကင္းစခန္း ဝင္ေရာက္တိုက္ခိုက္မႈျဖစ္စဥ္အား (ပ)၄/၂၀၁၉၊ ၂၀၁၄ ခုႏွစ္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၀(က)/၅၄၊ (ပ)၅/၂၀၁၉၊ ၁၉၄၉ ခုႏွစ္လက္နက္ (အေရးေပၚျပစ္ဒဏ္စီရင္မႈ) (ယာယီ)အက္ ဥပေဒပုဒ္မ ၂(၁)(က)အရလည္းေကာင္း၊ ဂုပၸိရဲကင္းစခန္းဝင္ေရာက္တိုက္ခိုက္မႈျဖစ္စဥ္အား (ပ)၆/၂၀၁၉၊ ၂၀၁၄ ခုႏွစ္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀(က)/၅၄ အရလည္းေကာင္း၊ ခထီးလွရဲကင္း စခန္းဝင္ေရာက္တိုက္ခိုက္မႈျဖစ္စဥ္အား (ပ)၇/၂၀၁၉၊ ၂၀၁၄ ခုႏွစ္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀(က)/၅၄ အရလည္းေကာင္း အသီးသီးအမႈဖြင့္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ရဲကင္းစခန္းမ်ားကို နံနက္ (၆) နာရီေက်ာ္တြင္ စတင္ဝင္ေရာက္တုိက္ခုိက္ခံရရာ လႈပ္ရွားစစ္ေၾကာင္းမ်ားက စစ္ကူေပးႏုိင္ရန္လုပ္ေဆာင္ခဲ့ရာ အမွတ္(၈) နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ခြဲမွ စစ္ေၾကာင္းဌာနခ်ဳပ္ႏွင့္ တပ္ခြဲတစ္ခြဲသည္ ငျမင္းေဘာ္သို႔ နံနက္ (၉)နာရီခြဲေက်ာ္တြင္ လည္းေကာင္း၊ တပ္မေတာ္မွ စစ္ေၾကာင္းဌာနခ်ဳပ္ႏွင့္ တပ္ခြဲတစ္ခြဲသည္ ရဲတပ္ဖြဲ႕တပ္စုတစ္စုႏွင့္အတူ ေက်ာင္းေတာင္သို႔ ေန႔လယ္ (၁၂)နာရီ (၁၅)မိနစ္တြင္လည္းေကာင္း၊ တပ္မေတာ္မွ စစ္ေၾကာင္းဌာနခ်ဳပ္ႏွင့္တပ္ခြဲတစ္ခြဲသည္ ဂုပၸိသို႔ နံနက္ (၉) နာရီ (၂၀) မိနစ္ခန္႔တြင္လည္းေကာင္း၊ တပ္မေတာ္မွစစ္ေၾကာင္းဌာနခ်ဳပ္ႏွင့္ တပ္ခြဲတစ္ခြဲသည္ ခထီးလွသို႔ နံနက္ (၉)နာရီခြဲတြင္လည္းေကာင္း အသီးသီးပူးေပါင္းႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ငျမင္းေဘာ္ရဲကင္းစခန္းႏွင့္ ေက်ာင္းေတာင္ရဲကင္းစခန္းမ်ားမွာ စစ္ကူအဖြဲ႕မ်ားမေရာက္မီမွာပင္ တိုက္ခိုက္မႈျပင္းထန္သျဖင့္ စခန္းမ်ားကိုစြန္႔ခြာခဲ့ရၿပီး ဂုပၸိရဲကင္းစခန္းႏွင့္ ခထီးလွရဲကင္းခစန္းတုိ႔တြင္ နံနက္(၇)နာရီခြဲဝန္းက်င္ကတည္းက တပ္မေတာ္စစ္ေၾကာင္းမ်ား၏ လက္နက္ႀကီး ပစ္ကူရရွိခဲ့ေသာ္လည္း AA အဖြဲ႕က စခန္းအားဝန္းရံပိတ္ဆို႔ထားသျဖင့္ တပ္မေတာ္ရဟတ္ယာဥ္ (၂)စီးျဖင့္ ပစ္ကူေပးကာ ထိုးေဖါက္ဝင္ေရာက္ခဲ့ရေၾကာင္း သိရသည္။

အဆိုပါ တုိက္ခိုက္မႈေၾကာင့္ ငျမင္းေဘာ္ရဲကင္းစခန္းမွ စခန္းမႉးဒုတိယရဲအုပ္ျမင့္လြင္ပါ ဒုတိယရဲအုပ္ (၁) ဦး၊ ရဲတပ္ၾကပ္ (၂) ဦး၊ ရဲဒုတိယတပ္ၾကပ္ (၃) ဦး၊ ရဲတပ္သား (၃) ဦး၊ ေက်ာင္းေတာင္ရဲကင္းစခန္းမွ ရဲမႉးစိုင္းဘိုဟန္ပါ ရဲမႉး (၁) ဦး၊ ရဲတပ္ၾကပ္ႀကီး (၁) ဦး၊ ခထီးလွရဲကင္းစခန္းမွ ရဲတပ္သား (၂) ဦး စုစုေပါင္း ရဲတပ္ဖြဲ႕ဝင္ (၁၃)ဦးက်ဆုံးခဲ့ေၾကာင္း သိရသည္။

တိုက္ခုိက္မႈအတြင္း ရဲတပ္ဖြဲ႕ဝင္ (၉) ဦးဒဏ္ရာရရွိခဲ့ၿပီးလက္နက္မ်ိဳးစုံ (၄၀) လက္၊ ခဲယမ္းမ်ိဳးစုံ (၁၆၁၁၁) ေတာင့္၊ လက္ကိုင္စကားေျပာစက္ (၁)လုံးဆုံးရႈံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕၏သတင္းထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

ယင္းကဲ့သို႔ ဝင္ေရာက္တုိက္ခုိက္မႈအတြင္း (၁၈)ဦးကို AA က ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီးေနာက္ ယင္းေန႔မွာပင္ ျပန္လႊတ္ေပးလုိက္ေၾကာင္း ဧရာဝတီသတင္းဌာနက AA ၏အတည္ျပဳခ်က္ျဖင့္ သတင္းေဖၚျပထားသည္ကို ေတြ႔ရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔

~~~~~~~~⊰❂Unicode Version ~~~~~~~~
ဘူးသီးတောင်မြို့နယ် ရဲကင်းစခန်း (၄) ခုကို တိုက်ခိုက်သည့် AA အဖွဲ့ကို တောင်ပဇာနယ်မြေရဲစခန်းတွင် အမှုဖွင့်ထား
***********
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း (၄) ခုအား ဝင်ရောက်တိုက်ခိုက်သည့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA ကို ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄နှင့် ၁၉၄၉ ခုနှစ်လက်နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေပုဒ်မ ၂(၁)(က)တို့ဖြင့် တောင်ပဇာနယ်မြေ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် နယ်မြေ(၁၀)၊ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှုအောက်ရှိ ရဲကင်းစခန်း(၄)ခုဖြစ်သည့် ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော်ရဲကင်းစခန်းအား AA အင်အား (၁၀၀)ဦးခန့်ဖြင့်လည်းကောင်း၊ ကျောင်းတောင်ရဲကင်းစခန်းအား AA အင်အား(၁၀၀)ဦးခန့်မှ လည်းကောင်း၊ ဂုပ္ပိရဲကင်းစခန်းအား AA အင်အား(၅၀)ဦးခန့်ဖြင့် လည်းကောင်း၊ ခထီးလှရဲကင်းစခန်းအား AA အင်အား(၁၀၀)ဦးခန့်ဖြင့်လည်းကောင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ နံနက် (၆) နာရီခွဲဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ငမြင်းဘော် ရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင်(၉)ဦး၊(၂)ဦးဒဏ်ရာရ၊ ကျောင်းတောင်ရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင်(၂)ဦးကျဆုံး၊ (၁)ဦး ဒဏ်ရာရ၊ ဂုပ္ပိရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင်(၃)ဦး ဒဏ်ရာရ၊ ခထီးလှရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင် (၂)ဦးကျဆုံး၊ (၃)ဦး ဒဏ်ရာရခဲ့ရာ  စုစုပေါင်း ရဲကင်းစခန်း (၄)ခုမှ ကျဆုံးရဲတပ်ဖွဲ့ဝင် (၁၃) ဦးနှင့် ဒဏ်ရာရ (၉)ဦးရှိခဲ့သည့်အပြင် ရဲတပ်ဖွဲ့ပိုင် လက်နက်ခဲယမ်းများ ယူဆောင်သွားခြင်း၊ ရဲကင်းစခန်း အဆောက်အဦနှင့် အသုံးအဆောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းများဖြစ်ပွားခဲ့မှုကြောင့် ယင်းကဲ့သို့ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ် တောင်ပဇာနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားရာ ငမြင်းဘော်ရဲကင်းစခန်း ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်အား (ပ)၂/၂၀၁၉၊ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀(က)/၅၄၊ (ပ)၃/၂၀၁၉၊ ၁၉၄၉ ခုနှစ်လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေပုဒ်မ ၂(၁)(က) အရလည်းကောင်း၊ ကျောင်းတောင် ရဲကင်းစခန်း ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်အား (ပ)၄/၂၀၁၉၊ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/၅၄၊ (ပ)၅/၂၀၁၉၊ ၁၉၄၉ ခုနှစ်လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ)အက် ဥပဒေပုဒ်မ ၂(၁)(က)အရလည်းကောင်း၊ ဂုပ္ပိရဲကင်းစခန်းဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်အား (ပ)၆/၂၀၁၉၊ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ အရလည်းကောင်း၊ ခထီးလှရဲကင်း စခန်းဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်အား (ပ)၇/၂၀၁၉၊ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ အရလည်းကောင်း အသီးသီးအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲကင်းစခန်းများကို နံနက် (၆) နာရီကျော်တွင် စတင်ဝင်ရောက်တိုက်ခိုက်ခံရရာ လှုပ်ရှားစစ်ကြောင်းများက စစ်ကူပေးနိုင်ရန်လုပ်ဆောင်ခဲ့ရာ အမှတ်(၈) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ စစ်ကြောင်းဌာနချုပ်နှင့် တပ်ခွဲတစ်ခွဲသည် ငမြင်းဘော်သို့ နံနက် (၉)နာရီခွဲကျော်တွင် လည်းကောင်း၊ တပ်မတော်မှ စစ်ကြောင်းဌာနချုပ်နှင့် တပ်ခွဲတစ်ခွဲသည် ရဲတပ်ဖွဲ့တပ်စုတစ်စုနှင့်အတူ ကျောင်းတောင်သို့ နေ့လယ် (၁၂)နာရီ (၁၅)မိနစ်တွင်လည်းကောင်း၊ တပ်မတော်မှ စစ်ကြောင်းဌာနချုပ်နှင့်တပ်ခွဲတစ်ခွဲသည် ဂုပ္ပိသို့ နံနက် (၉) နာရီ (၂၀) မိနစ်ခန့်တွင်လည်းကောင်း၊ တပ်မတော်မှစစ်ကြောင်းဌာနချုပ်နှင့် တပ်ခွဲတစ်ခွဲသည် ခထီးလှသို့ နံနက် (၉)နာရီခွဲတွင်လည်းကောင်း အသီးသီးပူးပေါင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငမြင်းဘော်ရဲကင်းစခန်းနှင့် ကျောင်းတောင်ရဲကင်းစခန်းများမှာ စစ်ကူအဖွဲ့များမရောက်မီမှာပင် တိုက်ခိုက်မှုပြင်းထန်သဖြင့် စခန်းများကိုစွန့်ခွာခဲ့ရပြီး ဂုပ္ပိရဲကင်းစခန်းနှင့် ခထီးလှရဲကင်းခစန်းတို့တွင် နံနက်(၇)နာရီခွဲဝန်းကျင်ကတည်းက တပ်မတော်စစ်ကြောင်းများ၏ လက်နက်ကြီး ပစ်ကူရရှိခဲ့သော်လည်း AA အဖွဲ့က စခန်းအားဝန်းရံပိတ်ဆို့ထားသဖြင့် တပ်မတော်ရဟတ်ယာဉ် (၂)စီးဖြင့် ပစ်ကူပေးကာ ထိုးဖေါက်ဝင်ရောက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ငမြင်းဘော်ရဲကင်းစခန်းမှ စခန်းမှူးဒုတိယရဲအုပ်မြင့်လွင်ပါ ဒုတိယရဲအုပ် (၁) ဦး၊ ရဲတပ်ကြပ် (၂) ဦး၊ ရဲဒုတိယတပ်ကြပ် (၃) ဦး၊ ရဲတပ်သား (၃) ဦး၊ ကျောင်းတောင်ရဲကင်းစခန်းမှ ရဲမှူးစိုင်းဘိုဟန်ပါ ရဲမှူး (၁) ဦး၊ ရဲတပ်ကြပ်ကြီး (၁) ဦး၊ ခထီးလှရဲကင်းစခန်းမှ ရဲတပ်သား (၂) ဦး စုစုပေါင်း ရဲတပ်ဖွဲ့ဝင် (၁၃)ဦးကျဆုံးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် (၉) ဦးဒဏ်ရာရရှိခဲ့ပြီးလက်နက်မျိုးစုံ (၄၀) လက်၊ ခဲယမ်းမျိုးစုံ (၁၆၁၁၁) တောင့်၊ လက်ကိုင်စကားပြောစက် (၁)လုံးဆုံးရှုံးခဲ့ကြောင်း ရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ယင်းကဲ့သို့ ဝင်ရောက်တိုက်ခိုက်မှုအတွင်း (၁၈)ဦးကို AA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ယင်းနေ့မှာပင် ပြန်လွှတ်ပေးလိုက်ကြောင်း ဧရာဝတီသတင်းဌာနက AA ၏အတည်ပြုချက်ဖြင့် သတင်းဖေါ်ပြထားသည်ကို တွေ့ရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~