မူလတန္းျပဆရာမတစ္ဦး ေက်ာင္းအသြား လမ္းတြင္ အသတ္ခံရမႈ ရခိုင္ျပည္နယ္ ရမ္းၿဗဲၿမိဳ႕နယ္အတြင္း ျဖစ္ပြား

မူလတန္းျပဆရာမတစ္ဦး ေက်ာင္းအသြား လမ္းတြင္ အသတ္ခံရမႈ ရခိုင္ျပည္နယ္ ရမ္းၿဗဲၿမိဳ႕နယ္အတြင္း ျဖစ္ပြား
ဒီဇင်ဘာ 11, 2018
By Tachileik News Agency

ရခုိင္ျပည္နယ္၊ ရမ္းၿဗဲၿမိဳ႕နယ္အတြင္း၊ အခြၽန္ျပင္ (ရခိုင္) ေက်း႐ြာအနီး၊ ကားလမ္းေဘးေခ်ာက္အတြင္း၌ ေစရင္းေက်း႐ြာမွ အသက္ (၂၇)ႏွစ္အရြယ္ ေက်ာင္းဆရာမတစ္ဦး အသတ္ခံထားရသည္ကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၀) ရက္ေန႔ ေန႔လယ္ (၂)နာရီ (၂၅)မိနစ္အခ်ိန္က ေတြ႔ရိွရေၾကာင္း သိရသည္။

ေသဆံုးသြားသည့္ ဆရာမသည္ ယင္းေန႔ နံနက္(၉)နာရီအခ်ိန္က ေနအိမ္မွ (၃)မုိင္အကြာရိွ ေတာင္႐ြာေက်း႐ြာ အ.မ.ကသို႔ စာသင္ရန္ ေျခလ်င္သြားခဲ့ျခင္းျဖစ္ၿပီး ေန႔လယ္ (၁၂)နာရီအထိ ေက်ာင္းသို႔ ေရာက္မလာသျဖင့္ ေက်ာင္းအုပ္ဆရာမႀကီးက အဆိုပါ ေက်ာင္းဆရာမ၏ ဖခင္ထံ အေၾကာင္းၾကား ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆရာမ၏ ဖခင္ျဖစ္သူက လိုက္လံရွာေဖြရာ ေနအိမ္ႏွင့္ (၁)မိုင္ခန္႔အကြာ ေခ်ာက္ထဲ၌ သတ္ခံရသည့္ အေနအထားျဖစ္ ေသဆံုးေနသည့္ အေလာင္းအားေတြ႕ရွိခဲ့၍ ေလးေတာင္နယ္ေျမရဲစခန္းသို႔ ဖုန္းျဖင့္ အေၾကာင္းၾကားခဲ့ေၾကာင္း သိရသည္။

အေလာင္းကို ရမ္းၿဗဲျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ေသဆံုးရျခင္းအေၾကာင္းရင္းကို စစ္ေဆးေနေၾကာင္း သိရသည္။

အဆိုပါ လူသတ္မႈႏွင့္ ပတ္သက္၍ သံသယရွိသူမ်ားအား စိစစ္ေနဆဲျဖစ္ၿပီး ေလးေတာင္နယ္ေျမရဲစခန္းက  (ပ) ၃၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (လူသတ္မႈ)ျဖင့္ အမႈဖြင့္ကာ စံုစမ္းေနလ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - ဦးသန္းေမာင္ဦး

`
~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်း၊ အချွန်ပြင် (ရခိုင်) ကျေးရွာအနီး၊ ကားလမ်းဘေးချောက်အတွင်း၌ စေရင်းကျေးရွာမှ အသက် (၂၇)နှစ်အရွယ် ကျောင်းဆရာမတစ်ဦး အသတ်ခံထားရသည်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ နေ့လယ် (၂)နာရီ (၂၅)မိနစ်အချိန်က တွေ့ရှိရကြောင်း သိရသည်။

သေဆုံးသွားသည့် ဆရာမသည် ယင်းနေ့ နံနက်(၉)နာရီအချိန်က နေအိမ်မှ (၃)မိုင်အကွာရှိ တောင်ရွာကျေးရွာ အ.မ.ကသို့ စာသင်ရန် ခြေလျင်သွားခဲ့ခြင်းဖြစ်ပြီး နေ့လယ် (၁၂)နာရီအထိ ကျောင်းသို့ ရောက်မလာသဖြင့် ကျောင်းအုပ်ဆရာမကြီးက အဆိုပါ ကျောင်းဆရာမ၏ ဖခင်ထံ အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာမ၏ ဖခင်ဖြစ်သူက လိုက်လံရှာဖွေရာ နေအိမ်နှင့် (၁)မိုင်ခန့်အကွာ ချောက်ထဲ၌ သတ်ခံရသည့် အနေအထားဖြစ် သေဆုံးနေသည့် အလောင်းအားတွေ့ရှိခဲ့၍ လေးတောင်နယ်မြေရဲစခန်းသို့ ဖုန်းဖြင့် အကြောင်းကြားခဲ့ကြောင်း သိရသည်။

အလောင်းကို ရမ်းဗြဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးရခြင်းအကြောင်းရင်းကို စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိသူများအား စိစစ်နေဆဲဖြစ်ပြီး လေးတောင်နယ်မြေရဲစခန်းက (ပ) ၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်ကာ စုံစမ်းနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဦးသန်းမောင်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~