တပ္မေတာ္၏ထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္၍ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (၉ )ဖြဲ႕၊ UN ႏွင့္ တရုတ္သံရံုးတို႔ သေဘာထားေၾကညာခ်က္ အသီးသီး ထုတ္ျပန္

တပ္မေတာ္၏ထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္၍ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (၉ )ဖြဲ႕၊ UN ႏွင့္ တရုတ္သံရံုးတို႔ သေဘာထားေၾကညာခ်က္ အသီးသီး ထုတ္ျပန္
ဒီဇင်ဘာ 23, 2018
By Tachileik News Agency

တပ္မေတာ္က တိုင္းစစ္ဌာနခ်ဳပ္ ( ၅ ) ေနရာတြင္ (၄)လတာ စစ္ေရးလႈပ္ရွားမႈ ရပ္ဆုိင္းမည့္ ေၾကညာ ခ်က္ကို KIO၊ SSPP ၊ CNF၊ DKBA၊ အထူးေဒသ(၄)မုိင္းလား MDAA၊ ABSDF ႏွင့္ တရုတ္ သံရံုးတို႔က ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၂)ရက္ေန႔တြင္ ထုတ္ျပန္ခ်က္ အသီးသီး ထုတ္ျပန္လုိက္သည္။

တပ္မေတာ္၏ ထုတ္ျပန္ခ်က္ကို ႀကိဳဆိုေၾကာင္းႏွင့္ လတ္တေလာ ဖမ္းဆီးခံထားရသည့္ ABSDF အဖြဲ႕ဝင္ (၃)ဦးကိစၥ အပါအဝင္ ၿငိမ္းခ်မ္းေရး လုပ္ငန္းမ်ားအတြက္ အျမန္ဆံုး ေတြ႕ဆံုေဆြးေႏြးရန္ သေဘာထား ရိွသည္ဟု ABSDF ၏ ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

တပ္မေတာ္အေနျဖင့္ တစ္ႏုိင္ငံလံုးအတိုင္းအတာ အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာေပးရန္ လိုလားသည္ ဟု KIO ဗဟိုေကာ္မတီ၏သေဘာထားကို တပ္မေတာ္၏ ထုတ္ျပန္ခ်က္ႏွင့္ပတ္သက္၍ KIO ၏ ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

MNDAA၊ TNLAႏွင့္ AA တို႔ကလည္း ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းျဖင့္ ႏုိင္ငံေရးေဆြးေႏြးမည္ဟု ထုတ္ျပန္ထားၿပီး တပ္မေတာ္၏ ထုတ္ျပန္ခ်က္ကို အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာနက ေထာက္ခံေၾကာင္း သတင္းထုတ္ျပန္ခ်က္မ်ားကို ႀကိဳဆိုေၾကာင္း အထူးေဒသ(၄) မိုင္းလား MDAA ၏ ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

DKBA က တပ္မေတာ္၏ ထုတ္ျပန္ခ်က္ကို ႀကိဳဆိုေၾကာင္း ထုတ္ျပန္လုိက္ၿပီး ျမန္မာႏိုင္ငံဆိုင္ရာ တရုတ္ႏုိင္ငံသံရံုးကလည္း ထုတ္ျပန္ခ်က္ကို ႀကိဳဆိုေၾကာင္းႏွင့္ ျပည္တြင္းရင္ၾကားေစ့ေရးႏွင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ အတြက္ ျမန္မာဘက္ႏွင့္ နီးကပ္စြာပူးေပါင္းေဆာင္ရြက္ျခင္းျဖင့္ တရုတ္ - ျမန္မာနယ္စပ္ ေဒသ တည္ၿငိမ္မႈကို ထိန္းသိမ္းရန္ ဆႏၵရိွသည္ဟု ထုတ္ျပန္ထားသည္။

တပ္မေတာ္၏ထုတ္ျပန္ခ်က္ကို ႀကိဳဆိုေၾကာင္းႏွင့္ NCA အခန္း(၆)ပါ ၾကား ကာလဆုိင္ရာ အေကာင္အထည္ေဖၚမႈကို အလ်င္အျမန္ေဆာင္ရြက္ရန္ CNF က တုိက္တြန္းထားသည္။

ႏုိင္ငံေရးျပႆနာမ်ားကို အခ်ိန္တိုအတြင္း ေျဖရွင္းရန္မျဖစ္ႏုိင္သျဖင့္ တပ္မေတာ္အေနျဖင့္ တစ္ျပည္လံုး အတုိင္းအတာျဖင့္ အပစ္အခတ္ရပ္စဲရန္လိုအပ္ေၾကာင္းႏွင့္ SSPP အေနျဖင့္ ျပည္တြင္းစစ္ရပ္စဲေရးအတြက္ အားလံုးႏွင့္အတူ တက္ၾကြစြာႀကိဳးပမ္းလုပ္ေဆာင္မည္ဟု သေဘာထားထုတ္ျပန္ထားသည္။

တပ္မေတာ္က ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ(၂၁)ရက္ေန႔မွစ၍ (၄)လတာ စစ္ေရးလႈပ္ရွားမႈမ်ား ရပ္ဆုိင္းမည့္ထုတ္ျပန္ခ်က္ကို ထုတ္ျပန္လုိက္ၿပီးေနာက္ UN အဖြဲ႕အစည္းႏွင့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား ျဖစ္သည့္ KNU၊ RCSS ႏွင့္ UWSA တုိ႔က ႀကိဳဆိုလုိက္ေၾကာင္း ထုတ္ျပန္ခ်က္ အသီးသီးထုတ္ျပန္လာၾကျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

တပ်မတော်က တိုင်းစစ်ဌာနချုပ် ( ၅ ) နေရာတွင် (၄)လတာ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းမည့် ကြေညာ ချက်ကို KIO၊ SSPP၊ CNF၊ DKBA၊ အထူးဒေသ(၄)မိုင်းလား MDAA၊ ABSDF နှင့် တရုတ် သံရုံးတို့က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် ထုတ်ပြန်ချက် အသီးသီး ထုတ်ပြန်လိုက်သည်။

တပ်မတော်၏ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် လတ်တလော ဖမ်းဆီးခံထားရသည့် ABSDF အဖွဲ့ဝင် (၃)ဦးကိစ္စ အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းများအတွက် အမြန်ဆုံး တွေ့ဆုံဆွေးနွေးရန် သဘောထား ရှိသည်ဟု ABSDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်အနဖြေင့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန် လိုလားသည် ဟု KIO ဗဟိုကော်မတီ၏သဘောထားကို တပ်မတော်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ KIO၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MNDAA၊ TNLAနှင့် AA တို့ကလည်း ငြိမ်းချမ်းရေးလမ်းကြောင်းဖြင့် နိုင်ငံရေးဆွေးနွေးမည်ဟု ထုတ်ပြန်ထားပြီး တပ်မတော်၏ ထုတ်ပြန်ချက်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနက ထောက်ခံကြောင်း သတင်းထုတ်ပြန်ချက်များကို ကြိုဆိုကြောင်း အထူးဒေသ(၄) မိုင်းလား MDAA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

DKBA က တပ်မတော်၏ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးကလည်း ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် ပြည်တွင်းရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် မြန်မာဘက်နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တရုတ် - မြန်မာနယ်စပ် ဒေသ တည်ငြိမ်မှုကို ထိန်းသိမ်းရန် ဆန္ဒရှိသည်ဟု ထုတ်ပြန်ထားသည်။

တပ်မတော်၏ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် NCA အခန်း(၆)ပါ ကြား ကာလဆိုင်ရာ အကောင်အထည်ဖော်မှုကို အလျင်အမြန်ဆောင်ရွက်ရန် CNF က တိုက်တွန်းထားသည်။

နိုင်ငံရေးပြဿနာများကို အချိန်တိုအတွင်း ဖြေရှင်းရန်မဖြစ်နိုင်သဖြင့် တပ်မတော်အနဖြေင့် တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရန်လိုအပ်ကြောင်းနှင့် SSPP အနဖြေင့် ပြည်တွင်းစစ်ရပ်စဲရေးအတွက် အားလုံးနှင့်အတူ တက်ကြွစွာကြိုးပမ်းလုပ်ဆောင်မည်ဟု သဘောထားထုတ်ပြန်ထားသည်။

တပ်မတော်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက်နေ့မှစ၍ (၄)လတာ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းမည့်ထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ပြီးနောက် UN အဖွဲ့အစည်းနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် KNU၊ RCSS နှင့် UWSA တို့က ကြိုဆိုလိုက်ကြောင်း ထုတ်ပြန်ချက် အသီးသီးထုတ်ပြန်လာကြခြင်းဖြစ်သည်။
ွှ
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~