တပ္မေတာ္၏ တုိင္းစစ္ဌာနခ်ဳပ္ (၅)ေနရာ၌ (၄)လတာ စစ္ေရးရပ္ဆုိင္းျခင္းကို ႀကိဳဆိုေၾကာင္း UN ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (၃)ဖြဲ႕ မွ သေဘာထားထုတ္ျပန္

တပ္မေတာ္၏ တုိင္းစစ္ဌာနခ်ဳပ္ (၅)ေနရာ၌ (၄)လတာ စစ္ေရးရပ္ဆုိင္းျခင္းကို ႀကိဳဆိုေၾကာင္း UN ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (၃)ဖြဲ႕ မွ သေဘာထားထုတ္ျပန္
ဒီဇင်ဘာ 22, 2018
By Tachileik News Agency
တပ္မေတာ္က တိုင္းစစ္ဌာနခ်ဳပ္ ( ၅ ) ေနရာအတြင္း ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ(၂၁)ရက္ေန႔မွစ၍ (၄)လတာ စစ္ေရးလႈပ္ရွားမႈမ်ား ရပ္ဆုိင္းမည့္ ထုတ္ျပန္ခ်က္ကို UN အဖြဲ႕အစည္းႏွင့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား ျဖစ္သည့္ KNU၊ RCSS ႏွင့္ UWSA တုိ႔က ႀကိဳဆိုလုိက္ေၾကာင္း ထုတ္ျပန္ခ်က္ အသီးသီးထုတ္ျပန္လာသည္ကို ေတြ႔ရသည္။

"ကြ်န္ေတာ့္ပုဂၢိဳလ္ေရး အျမင္အရေတာ့ တိုက္ခုိက္ေနတာထက္ စာရင္ေတာ့ အပစ္ရပ္တယ္ဆိုတာက ေနာက္ထပ္တိုးတက္တဲ့ ေျခလွမ္းတစ္ရပ္ လွမ္းလာတယ္လို႔ ျမင္ပါတယ္။ ကၽြန္ေတာ္တုိ႔ “ဝ”အဖြဲ႕အေနနဲ႔ ကေတာ့ အရင္က ေနျပည္ေတာ္မွာ ထုတ္ျပန္တဲ့စာတမ္းအတုိင္းေပါ့ေနာ္။ လက္မွတ္ထိုးၿပီးေတာ့ ေဆြးေႏြးၿပီးေတာ့မွ အေျခအေန အရပ္ရပ္ေၾကာင့္ ေရွ႕ဆက္ညိႇႏိႈင္းလုိ႔ မရတဲ့ အေျခအေနမ်ိဳးႀကံဳခဲ့ရင္ ျပန္ထြက္လို႔ရႏုိင္တယ္ဆိုတဲ့စာ ထုတ္ေပးႏုိင္တယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တုိ႔က ေနမယ္။ တက္ၾကြစြာ ပါဝင္မယ္ဆိုတဲ့ အေျခအေနေလာက္ပဲ ကၽြန္ေတာ္သိရတယ္”ဟု UWSA/UWSP ၏ လားရိႈးၿမိဳ႕အေျခစိုက္ ဆက္ဆံေရးရံုးတာဝန္ခံ ဦးညီရန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၂၂)ရက္ေန႔တြင္ ေျပာသည္။

တပ္မေတာ္အေနျဖင့္ ေျမာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ေျမာက္တုိင္း စစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမႏွင့္ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္ နယ္ေျမမ်ားရိွ NCA လက္မွတ္ေရးထုိးရန္ က်န္ရိွေနသည့္ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား အားလံုးႏွင့္ ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးအတြက္ အဖြဲ႕တစ္ဖြဲ႕ခ်င္းအလုိက္ ညိႇႏိႈင္း ေဆြးေႏြးသြားရန္ စစ္ေရးဆုိင္ရာလႈပ္ရွားမႈမ်ားကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၂၁)ရက္ေန႔မွ ဧၿပီလ (၃၀)ရက္ေန႔အထိ ရပ္ဆုိင္းေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

တပ္မေတာ္၏ ထုတ္ျပန္ခ်က္ကို UN အဖြဲ႕အစည္း အေနျဖင့္ ႀကိဳဆိုလိုက္ၿပီး ျမန္မာ့ၿငိမ္းခ်မ္းေရးတြင္ ပါဝင္သည့္ အဖြဲ႕အားလံုးက အဆိုပါ(၄)လတာကာလအတြင္း ၿငိမ္းခ်မ္းေရး အေျခအေန တိုးတက္မႈမ်ား အတြက္ ေဆာင္ရြက္ႏိုင္ၾကမည္ဟု ေမွ်ာ္လင့္ေၾကာင္း ဒီဇင္ဘာလ(၂၁)ရက္ေန႔တြင္ ထုတ္ျပန္ခ်က္ ထုတ္ျပန္လုိက္သည္ကို ေတြ႔ရသည္။

KNU ကလည္း ဒီဇင္ဘာလ (၂၂)ရက္ေန႔တြင္ ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္လုိက္ရာ တပ္မေတာ္၏ ထုတ္ျပန္ခ်က္မွာ မူဝါဒေျဖေလွ်ာ့မႈအျဖစ္ ရႈျမင္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ အေပါင္းလကၡဏာ ေဆာင္သည္ဟု ယူဆၿပီး ေရရွည္တည္တံ့ခုိင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးကို ေရွးရႈၿပီး ယခုကဲ့သို႔ နယ္ေျမ အခ်ိဳ႕ ခ်န္လွပ္ေၾကညာျခင္းထက္ တစ္ႏုိင္ငံလံုးဆုိင္ရာအပစ္အခတ္ရပ္စဲေရးေၾကညာသင့္ေၾကာင္း တုိက္တြန္းလုိက္သည္။

RCSS ကလည္း ဒီဇင္ဘာလ (၂၂)ရက္ေန႔က ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ရာတြင္ တပ္မေတာ္၏ ထုတ္ျပန္ခ်က္တြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အဆင့္ဆင့္၌ အားလံုးပါဝင္ႏုိင္ေရး လမ္းဖြင့္ေပးထားၿပီး စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ႏုိင္ေရး အတြက္ပါ ထည့္သြင္းထားသည့္အေပၚ ႀကိဳဆိုေၾကာင္းႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ ဆက္လက္ပါဝင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေဖၚျပထားသည္။

UWSA အဖဲြ႕က ဒီဇင္ဘာလ (၂၂)ရက္ေန႔က တပ္မေတာ္၏ထုတ္ျပန္ခ်က္ကို ႀကိဳဆိုေၾကာင္းႏွင့္ ေရွ႕ဆက္ေဆာင္ရြက္မည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ အတူပူးေပါင္းပါဝင္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္လုိက္သည္ကို ေတြ႔ရသည္။

စစ္ဆင္ေရးရပ္ဆုိင္းထားသည့္နယ္ေျမမ်ားတြင္ အပစ္ရပ္သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးထားၿပီး NCA မထိုုးရေသးသည့္ UWSA ၊ NDAA ၊ SSPP ႏွင့္ KNPP အဖြဲ႕မ်ား၊ အပစ္ရပ္သေဘာတူ စာခ်ဳပ္မေရးထိုးထားသည့္ KIA ၊ AA ၊ TNLA ႏွင့္ MNDAA အဖြဲ႕တို႔ ရိွေနျခင္းျဖစ္သည္။

ယင္းကာလအတြင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးသြားရန္ျဖစ္ၿပီး တပ္မေတာ္အေနျဖင့္လည္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ဦးစီးသည့္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး(ၾကည္း)မွ အရာရိွႀကီးမ်ားႏွင့္ သက္ဆုိင္ရာနယ္ေျမအလုိက္ တုိင္းမွဴးမ်ားပါဝင္ေသာ ညိႇႏိႈင္းေဆြးေႏြးေရးအဖြဲ႕မ်ားျဖင့္ ေဆြးေႏြးေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

MNTJP၊ PSLF၊ ULA အဖြဲ႕(၃)ဖြဲ႕က စစ္ေရးေဆာင္ရြက္မႈမ်ား ဦးစြာရပ္တန္႔ၿပီး  ပစ္ခတ္တုိက္ခိုက္မႈ စစ္ေရးနည္းလမ္းမွအပ ႏုိင္ငံေရးနည္းလမ္းျဖင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္တြင္ ဆက္လက္ပါဝင္သြားမည္ျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ(၁၂)ရက္ေန႔က သေဘာထားထုတ္ျပန္ခ်က္ကို ၿငိမ္းခ်မ္းေရးေကာ္မရွင္က ႀကိဳဆိုေထာက္ခံေၾကာင္းႏွင့္ ႏိုင္ငံေရး  နည္းလမ္းအရ ေဆြးေႏြးႏုိင္ေရးကို ဆက္လက္ညိႇနိႈင္းပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဒီဇင္ဘာလ(၁၂)ရက္ေန႔မွာပင္ ျပန္လည္ထုတ္ျပန္ ေၾကညာခဲ့ၿပီးေနာက္ တပ္မေတာ္က စစ္ေရးရပ္ဆုိင္းေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္လုိက္ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

တပ်မတော်က တိုင်းစစ်ဌာနချုပ် ( ၅ ) နေရာအတွင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက်နေ့မှစ၍ (၄)လတာ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းမည့် ထုတ်ပြန်ချက်ကို UN အဖွဲ့အစည်းနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် KNU၊ RCSS နှင့် UWSA တို့က ကြိုဆိုလိုက်ကြောင်း ထုတ်ပြန်ချက် အသီးသီးထုတ်ပြန်လာသည်ကို တွေ့ရသည်။

"ကျွန်တော့်ပုဂ္ဂိုလ်ရေး အမြင်အရတော့ တိုက်ခိုက်နေတာထက် စာရင်တော့ အပစ်ရပ်တယ်ဆိုတာက နောက်ထပ်တိုးတက်တဲ့ ခြေလှမ်းတစ်ရပ် လှမ်းလာတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ “ဝ”အဖွဲ့အနေနဲ့ ကတော့ အရင်က နပြေည်တော်မှာ ထုတ်ပြန်တဲ့စာတမ်းအတိုင်းပေါ့နော်။ လက်မှတ်ထိုးပြီးတော့ ဆွေးနွေးပြီးတော့မှ အခြေအနေ အရပ်ရပ်ကြောင့် ရှေ့ဆက်ညှိနှိုင်းလို့ မရတဲ့ အခြေအနေမျိုးကြုံခဲ့ရင် ပြန်ထွက်လို့ရနိုင်တယ်ဆိုတဲ့စာ ထုတ်ပေးနိုင်တယ်ဆိုရင်တော့ ကျွန်တော်တို့က နေမယ်။ တက်ကြွစွာ ပါဝင်မယ်ဆိုတဲ့ အခြေအနေလောက်ပဲ ကျွန်တော်သိရတယ်”ဟု UWSA/UWSP၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၂၂)ရက်နေ့တွင် ပြောသည်။

တပ်မတော်အနဖြေင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေများရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်း ဆွေးနွေးသွားရန် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့မှ ဧပြီလ (၃၀)ရက်နေ့အထိ ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တပ်မတော်၏ ထုတ်ပြန်ချက်ကို UN အဖွဲ့အစည်း အနဖြေင့် ကြိုဆိုလိုက်ပြီး မြန်မာ့ငြိမ်းချမ်းရေးတွင် ပါဝင်သည့် အဖွဲ့အားလုံးက အဆိုပါ(၄)လတာကာလအတွင်း ငြိမ်းချမ်းရေး အခြေအနေ တိုးတက်မှုများ အတွက် ဆောင်ရွက်နိုင်ကြမည်ဟု မျှော်လင့်ကြောင်း ဒီဇင်ဘာလ(၂၁)ရက်နေ့တွင် ထုတ်ပြန်ချက် ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။

KNU ကလည်း ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ရာ တပ်မတော်၏ ထုတ်ပြန်ချက်မှာ မူဝါဒဖြေလျှော့မှုအဖြစ် ရှုမြင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အပေါင်းလက္ခဏာ ဆောင်သည်ဟု ယူဆပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရှေးရှုပြီး ယခုကဲ့သို့ နယ်မြေ အချို့ ချန်လှပ်ကြေညာခြင်းထက် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကြေညာသင့်ကြောင်း တိုက်တွန်းလိုက်သည်။

RCSS ကလည်း ဒီဇင်ဘာလ (၂၂)ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ရာတွင် တပ်မတော်၏ ထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်၌ အားလုံးပါဝင်နိုင်ရေး လမ်းဖွင့်ပေးထားပြီး စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး အတွက်ပါ ထည့်သွင်းထားသည့်အပေါ် ကြိုဆိုကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

UWSA အဖွဲ့က ဒီဇင်ဘာလ (၂၂)ရက်နေ့က တပ်မတော်၏ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အတူပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။

စစ်ဆင်ရေးရပ်ဆိုင်းထားသည့်နယ်မြေများတွင် အပစ်ရပ်သဘောတူစာချုပ်လက်မှတ်ရေးထိုးထားပြီး NCA မထိုးရသေးသည့် UWSA၊ NDAA၊ SSPP နှင့် KNPP အဖွဲ့များ၊ အပစ်ရပ်သဘောတူ စာချုပ်မရေးထိုးထားသည့် KIA၊ AA၊ TNLA နှင့် MNDAA အဖွဲ့တို့ ရှိနခြေင်းဖြစ်သည်။

ယင်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနဖြေင့် ငြိမ်းချမ်းရေးဆွေးနွေးသွားရန်ဖြစ်ပြီး တပ်မတော်အနဖြေင့်လည်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးစီးသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီးများနှင့် သက်ဆိုင်ရာနယ်မြေအလိုက် တိုင်းမှူးများပါဝင်သော ညှိနှိုင်းဆွေးနွေးရေးအဖွဲ့များဖြင့် ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

MNTJP၊ PSLF၊ ULA အဖွဲ့(၃)ဖွဲ့က စစ်ရေးဆောင်ရွက်မှုများ ဦးစွာရပ်တန့်ပြီး ပစ်ခတ်တိုက်ခိုက်မှု စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့က သဘောထားထုတ်ပြန်ချက်ကို ငြိမ်းချမ်းရေးကော်မရှင်က ကြိုဆိုထောက်ခံကြောင်းနှင့် နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေးနိုင်ရေးကို ဆက်လက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ(၁၂)ရက်နေ့မှာပင် ပြန်လည်ထုတ်ပြန် ကြေညာခဲ့ပြီးနောက် တပ်မတော်က စစ်ရေးရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~