မေကြးတုိင္းေဒသႀကီးအတြင္း ျမစ္ေက်ာက္၊သဲထုတ္လုပ္ငန္းမ်ားကို ၿမိဳ႕နယ္အဆင့္ ေကာ္မတီမ်ားျဖင့္ ႀကီးၾကပ္မည္

မေကြးတုိင္းေဒသႀကီးအတြင္း ျမစ္ေက်ာက္၊သဲထုတ္လုပ္ငန္းမ်ားကို ၿမိဳ႕နယ္အဆင့္ ေကာ္မတီမ်ားျဖင့္ ႀကီးၾကပ္မည္
ဒီဇင်ဘာ 10, 2018
By 🌸
မေကြးတုိင္းေဒသႀကီးအတြင္း ျမစ္ေက်ာက္စရစ္ႏွင့္ သဲထုတ္လုပ္ငန္းမ်ား စနစ္တက် တူးေဖၚေစေရးႏွင့္ တရားဝင္ခြင့္ျပဳေပးထားသည့္ လုပ္ငန္းမ်ားကို ဥပေဒအရ အကာအကြယ္ေပးေရးတို႔ကို ျမန္ျမန္ဆန္ဆန္ေဆာင္ရြက္ႏုိင္ရန္ ၿမိဳ႕နယ္အဆင့္ေကာ္မတီမ်ားျဖင့္ ႀကီးၾကပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါၿမိဳ႕နယ္အဆင့္ ဆိပ္ကမ္းမ်ား၊ သေဘၤာဆိပ္မ်ား၊ ဆိပ္ခံမ်ား စီမံခန္႔ခြဲမႈေကာ္မတီမ်ားကို အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ ရဲတပ္ဖြဲ႕၊ စည္ပင္သာယာေရးဌာန၊ မီးသတ္ဦးစီးဌာန၊ လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၊ ငါးလုပ္ငန္းဦးစီးဌာန၊ ျပည္တြင္းေရေၾကာင္း၊ အရပ္ဘက္မွ လုပ္ငန္းရွင္ (၃)ဦး၊ ရပ္မိရပ္ဖ(၅)ဦးစီ ပါဝင္ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ေဆာက္လုပ္ေရး၊ ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးတင္ႏြယ္ဦး ဦးေဆာင္သည့္ မေကြးတုိင္းေဒသႀကီး ဆိပ္ကမ္းမ်ား၊ သေဘၤာဆိပ္မ်ား၊ ဆိပ္ခံမ်ား စီမံခန္႔ခြဲမႈေကာ္မတီဖြဲ႕စည္းၿပီး ဆိပ္ကမ္းနယ္ေျမမ်ားအား စီမံခန္႔ခြဲျခင္းႏွင့္အတူ ကမ္းပါးနယ္တြင္ လုပ္ကိုင္ေနသည့္ ေက်ာက္၊ သဲထုတ္လုပ္မႈမ်ား ကိုပါ စနစ္တက်ႀကီးၾကပ္ႏုိင္ရန္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ျမစ္အတြင္း သဲ၊ေက်ာက္ထုတ္လုပ္သည့္လုပ္ငန္းမ်ားအေနျဖင့္ စနစ္တက် လာေရာက္ ေလွ်ာက္ထားႏုိင္ရန္ လုပ္ေဆာင္ေပးမႈမ်ားေၾကာင့္ အခြန္ေငြရရိွမႈတိုးလာရာ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္ထက္ ႏွစ္ဆနီးပါးႏွင့္ လက္ရိွဘ႑ာႏွစ္ ႏွစ္ဝက္တြင္လည္း ႏွစ္ဆနီးပါး တိုးတက္ရရိွလာေနျခင္းျဖစ္ေၾကာင္း သိရသည္။
ၿမိဳ႕နယ္အဆင့္ေကာ္မတီမ်ားျဖင့္ ေျမျပင္အေျခအေနအား ႀကီးၾကပ္ေစျခင္းျဖင့္ တရားမဝင္ ျမစ္ေက်ာက္၊သဲထုတ္လုပ္ေနသူမ်ားလုပ္ကိုင္ခြင့္ေလွ်ာက္ထားေစကာ အမွန္တကယ္ ထုတ္လုပ္ႏုိင္ေခ်ရိွသည့္ေနရာမ်ားအား စနစ္တက် ခြင့္ျပဳေပးျခင္းျဖင့္ ေဒသတြင္း အလုပ္အကုိင္အခြင့္အလမ္း ရရိွေစၿပီး  သဘာဝပတ္ဝန္းက်င္ပ်က္စီးမႈကို ကာကြယ္ႏုိင္ေစရန္အတြက္ ရည္ရြယ္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးအတွင်း မြစ်ကျောက်၊သဲထုတ်လုပ်ငန်းများကို မြို့နယ်အဆင့် ကော်မတီများဖြင့် ကြီးကြပ်မည်
***************
မကွေးတိုင်းဒေသကြီးအတွင်း မြစ်ကျောက်စရစ်နှင့် သဲထုတ်လုပ်ငန်းများ စနစ်တကျ တူးဖေါ်စေရေးနှင့် တရားဝင်ခွင့်ပြုပေးထားသည့် လုပ်ငန်းများကို ဥပဒေအရ အကာအကွယ်ပေးရေးတို့ကို မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရန် မြို့နယ်အဆင့်ကော်မတီများဖြင့် ကြီးကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမြို့နယ်အဆင့် ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ စီမံခန့်ခွဲမှုကော်မတီများကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်တွင်းရေကြောင်း၊ အရပ်ဘက်မှ လုပ်ငန်းရှင် (၃)ဦး၊ ရပ်မိရပ်ဖ(၅)ဦးစီ ပါဝင်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်နွယ်ဦး ဦးဆောင်သည့် မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းပြီး ဆိပ်ကမ်းနယ်မြေများအား စီမံခန့်ခွဲခြင်းနှင့်အတူ ကမ်းပါးနယ်တွင် လုပ်ကိုင်နေသည့် ကျောက်၊ သဲထုတ်လုပ်မှုများ ကိုပါ စနစ်တကျကြီးကြပ်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြစ်အတွင်း သဲ၊ကျောက်ထုတ်လုပ်သည့်လုပ်ငန်းများအနေဖြင့် စနစ်တကျ လာရောက် လျှောက်ထားနိုင်ရန် လုပ်ဆောင်ပေးမှုများကြောင့် အခွန်ငွေရရှိမှုတိုးလာရာ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်ထက် နှစ်ဆနီးပါးနှင့် လက်ရှိဘဏ္ဍာနှစ် နှစ်ဝက်တွင်လည်း နှစ်ဆနီးပါး တိုးတက်ရရှိလာနေခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်အဆင့်ကော်မတီများဖြင့် မြေပြင်အခြေအနေအား ကြီးကြပ်စေခြင်းဖြင့် တရားမဝင် မြစ်ကျောက်၊သဲထုတ်လုပ်နေသူများလုပ်ကိုင်ခွင့်လျှောက်ထားစေကာ အမှန်တကယ် ထုတ်လုပ်နိုင်ချေရှိသည့်နေရာများအား စနစ်တကျ ခွင့်ပြုပေးခြင်းဖြင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ရရှိစေပြီး  သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~