တာခ်ီလိတ္ရွိ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးအမွတ္(၁)တံတားမွ ယာဥ္အခ်ိဳ႕ကို တံတားအမွတ္(၂)သို႔ ေျပာင္းလဲ သြားလာခြင့္ျပဳရန္ ထုိင္းဘက္က TBC အစည္းအေ၀းတြင္ အႀကံျပဳထား

တာခ်ီလိတ္ရွိ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးအမွတ္(၁)တံတားမွ ယာဥ္အခ်ိဳ႕ကို တံတားအမွတ္(၂)သို႔ ေျပာင္းလဲ သြားလာခြင့္ျပဳရန္ ထုိင္းဘက္က TBC အစည္းအေ၀းတြင္ အႀကံျပဳထား
ဒီဇင်ဘာ 22, 2018
By Tachileik News Agency
ျမန္မာ - ထုိင္း ႏွစ္ႏုိင္ငံနယ္စပ္ တာခ်ီလိတ္ - မယ္ဆုိင္ ခ်စ္ၾကည္ေရးတံတားအမွတ္(၁)တြင္ ယာဥ္ေၾကာ ၾကပ္တည္းမႈကို ေျဖရွင္းရန္ ေက်ာင္းႀကိဳပို႔ယာဥ္၊ လူနာတင္ယာဥ္၊ ဘတ္စ္ကားစသည့္ ယာဥ္မ်ားကို ခ်စ္ၾကည္ေရး အမွတ္တံတား(၂)မွ ေျပာင္းလဲျဖတ္သန္းခြင့္ျပဳရန္ ထုိင္းႏုိင္ငံဘက္က ျမန္မာဘက္ျခမ္းကို အႀကံျပဳထားေၾကာင္းသိရသည္။

ျမန္မာ - ထိုင္းႏွစ္ႏုိင္ငံ ၿမိဳ႕နယ္အဆင့္ နယ္ျခားေကာ္မတီ၏ (၉၄)ႀကိမ္ေျမာက္အစည္းအေဝးကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၉)ရက္ေန႔က ထုိင္းႏိုင္ငံ၊ ခ်င္းရိုင္းခရိုင္၊ မယ္ဆုိင္ၿမိဳ႕ရိွ မဲေခါင္ဒယ္လ္တာတြင္  က်င္းပရာ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးတံတား၌ ယာဥ္ေၾကာပိတ္ဆို႔မႈကို ေျဖရွင္းရန္ ယင္းကဲ့သို႔ အႀကံျပဳ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ခ်စ္ၾကည္ေရးတံတားအမွတ္(၁)ေပၚ ယာဥ္ေၾကာပိတ္ဆို႔ေနမႈမ်ားကို ေျဖရွင္းရန္အတြက္ အဆုိပါ အစည္းအေဝးတြင္ ျမန္မာဘက္က ေဆြးေႏြးမႈႏွင့္ ပတ္သက္၍ ထုိင္းဘက္က ယင္းကဲ့သို႔ ျပန္လည္ အႀကံျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ႏွင့္ မယ္ဆုိင္ကိုဆက္သြယ္ထားသည့္ ခ်စ္ၾကည္ေရးတံတား (၂)စင္းရိွသည့္အနက္ ခ်စ္ၾကည္ေရးတံတားအမွတ္(၁)ကို လူဝင္ထြက္သြားလာမႈႏွင့္ ယာဥ္ငယ္မ်ား၊ တစ္ႏုိင္တစ္ပိုင္ ကုန္ပစၥည္းသယ္သည့္ယာဥ္မ်ား ျဖတ္သန္းသြားလာခြင့္ျပဳထားျခင္းျဖစ္ၿပီး ခ်စ္ၾကည္ေရးတံတားအမွတ္ (၂) ကို ကုန္တင္ယာဥ္မ်ား ျဖတ္သန္းခြင့္ျပဳထားျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နှစ်နိုင်ငံနယ်စပ် တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် ယာဉ်ကြော ကြပ်တည်းမှုကို ဖြေရှင်းရန် ကျောင်းကြိုပို့ယာဉ်၊ လူနာတင်ယာဉ်၊ ဘတ်စ်ကားစသည့် ယာဉ်များကို ချစ်ကြည်ရေး အမှတ်တံတား(၂)မှ ပြောင်းလဲဖြတ်သန်းခွင့်ပြုရန် ထိုင်းနိုင်ငံဘက်က မြန်မာဘက်ခြမ်းကို အကြံပြုထားကြောင်းသိရသည်။

မြန်မာ - ထိုင်းနှစ်နိုင်ငံ မြို့နယ်အဆင့် နယ်ခြားကော်မတီ၏ (၉၄)ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ရှိ မဲခေါင်ဒယ်လ်တာတွင် ကျင်းပရာ နှစ်နိုင်ငံချစ်ကြည်ရေးတံတား၌ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ယင်းကဲ့သို့ အကြံပြု ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချစ်ကြည်ရေးတံတားအမှတ်(၁)ပေါ် ယာဉ်ကြောပိတ်ဆို့နေမှုများကို ဖြေရှင်းရန်အတွက် အဆိုပါ အစည်းအဝေးတွင် မြန်မာဘက်က ဆွေးနွေးမှုနှင့် ပတ်သက်၍ ထိုင်းဘက်က ယင်းကဲ့သို့ ပြန်လည် အကြံပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်နှင့် မယ်ဆိုင်ကိုဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတား (၂)စင်းရှိသည့်အနက် ချစ်ကြည်ရေးတံတားအမှတ်(၁)ကို လူဝင်ထွက်သွားလာမှုနှင့် ယာဉ်ငယ်များ၊ တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်းသယ်သည့်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုထားခြင်းဖြစ်ပြီး ချစ်ကြည်ရေးတံတားအမှတ် (၂) ကို ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~