အငြိမ်းစားများအားလုံးကို လက်ရှိလစာနှုန်းထားအတိုင်း ပင်စင်လစာတိုးမြှင့်ခံစားခွင့်အတွက် သုံးစွဲရမည့်ဘတ်ဂျက်ကို တွက်ချက်နေဆဲ

အငြိမ်းစားများအားလုံးကို လက်ရှိလစာနှုန်းထားအတိုင်း ပင်စင်လစာတိုးမြှင့်ခံစားခွင့်အတွက် သုံးစွဲရမည့်ဘတ်ဂျက်ကို တွက်ချက်နေဆဲ
ဒီဇငျဘာ 24, 2018
By Tachileik News Agency


လက်ရှိတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် တိုးမြှင့်သုံးစွဲရမည့် ပင်စင်ဘတ်ဂျက်ကို တွက်ချက်နေဆဲ ဖြစ်ပြီး တွက်ချက်ပြီးပါက ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ကို ဆက်လက် တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့အထိ ပင်စင်ခံစားနေသည့် အငြိမ်းစားဦးရေမှာ (၈၁၂,၉၆၆) ဦး ရှိနေပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၅၂ (ဇ)နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင် အကျိုးခံစားခွင့်နှင့် ပတ်သက်၍ ၎င်းတို့ ပင်စင်ယူသည့် အချိန်ရှိ တည်ဆဲနည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ နောက်ဆုံး ထုတ်လစာကို အခြေခံတွက်ချက်၍ ခံစားခွင့်‌ပြုခဲ့ခြင်းဖြစ်ရာ အငြိမ်းစားယူသည့် အချိန်ကာလ ကွာခြားမှုအရ လစာနှုန်းသစ်ခံစားပြီး အငြိမ်းစားယူသူ၏ ပင်စင်လစာနှင့်‌ လစာနှုန်းဟောင်း ခံစားပြီး အငြိမ်းစားယူသူ၏ ပင်စင်လစာသည် ကွာခြားမှုရှိနေခြင်းဖြစ်ကြောင်း သိရသည်။


ဝန်ကြီးဌာနတူ၊ လုပ်သက်တူ အငြိမ်းစားအစိုးရ ဝန်ထမ်း ပင်စင်လစာအား တန်းတူ အကျိုးခံစားခွင့် ပြုပေးပါရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ တိုးမြှင့် ခံစားခွင့်ပြုလိုက်သည့် အတွက် ရန်ပုံငွေခန့်မှန်းမည်မျှသုံးစွဲရမည်ကို သိရှိလိုပါကြောင်း ဆက်စပ် မေးခွန်းတို့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ကြို့ပင်ကောက် မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်းက မေးမြန်းခဲ့ခြင်းဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency


~~~~~~~⊰❂Unicode Version ~~~~~~~~

လက်ရှိအငြိမ်းစားများ၏ ပင်စင်လစာကို လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ ခံစားခွင့်ရမည့် ပင်စင်လစာအတိုင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ပင်စင်လစာမှစ၍ တိုးမြှင်‌့ ခံစားခွင်‌့ပြု သွားမည်ဖြစ်ရာ တိုးမြှင့်ပေးရမည့် ဘတ်ဂျက်ကို တွက်ချက်နေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနဖြေင့် တိုးမြှင့်သုံးစွဲရမည့် ပင်စင်ဘတ်ဂျက်ကို တွက်ချက်နေဆဲ ဖြစ်ပြီး တွက်ချက်ပြီးပါက ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ကို ဆက်လက် တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့အထိ ပင်စင်ခံစားနေသည့် အငြိမ်းစားဦးရေမှာ (၈၁၂,၉၆၆) ဦး ရှိနပြေီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၅၂ (ဇ)နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင် အကျိုးခံစားခွင့်နှင့် ပတ်သက်၍၎င်းတို့ ပင်စင်ယူသည့် အချိန်ရှိ တည်ဆဲနည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ နောက်ဆုံး ထုတ်လစာကို အခြေခံတွက်ချက်၍ ခံစားခွင်‌့ပြုခဲ့ခြင်းဖြစ်ရာ အငြိမ်းစားယူသည့် အချိန်ကာလ ကွာခြားမှုအရ လစာနှုန်းသစ်ခံစားပြီး အငြိမ်းစားယူသူ၏ ပင်စင်လစာနှင်‌့ လစာနှုန်းဟောင်း ခံစားပြီး အငြိမ်းစားယူသူ၏ ပင်စင်လစာသည် ကွာခြားမှုရှိနခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို လက်ရှိ လစာနှုန်းထားအတိုင်း တစ်ပြေးညီ ပင်စင်နှုန်းထား ခံစားခွင့်ပေးရန် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ပင်စင်လစာမှစ၍ တိုးမြှင်‌့ခံစားခွင်‌့ပြုရန်အတွက် စီမံကိန်းနှင်‌့ ဘဏ္ဍာရေးဝန်ကြီး ဌာန၏ ၁၉-၁၂-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၀၁/၂၀၁၈)နှင်‌့ (၁၀၂/၂၀၁၈)တို့ဖြင့် အမိန့်ကြော်ငြာစာများကို ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့က ထုတ်ပြန် ထားခြင်းဖြစ်သည်။

ဝန်ကြီးဌာနတူ၊ လုပ်သက်တူ အငြိမ်းစားအစိုးရ ဝန်ထမ်း ပင်စင်လစာအား တန်းတူ အကျိုးခံစားခွင့် ပြုပေးပါရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ တိုးမြှင့် ခံစားခွင့်ပြုလိုက်သည့် အတွက် ရန်ပုံငွေခန့်မှန်းမည်မျှသုံးစွဲရမည်ကို သိရှိလိုပါကြောင်း ဆက်စပ် မေးခွန်းတို့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ကြို့ပင်ကောက် မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်းက မေးမြန်းခဲ့ခြင်းဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြန်လည်ဖြကြေားခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~