လက္ရိွအစိုးရ၏သက္တမ္း (၂)ႏွစ္ခြဲအတြင္း မေကြးတုိင္း ေရနံတြင္းတိမ္လုပ္ငန္းမွ ဖြံ႕ၿဖိဳးေရးရန္ပံုေငြ ယခင္အစိုးရ (၅)ႏွစ္အတြင္း ရန္ပံုေငြထက္ ေက်ာ္လြန္ရရိွ

လက္ရိွအစိုးရ၏သက္တမ္း (၂)ႏွစ္ခြဲအတြင္း မေကြးတုိင္း ေရနံတြင္းတိမ္လုပ္ငန္းမွ ဖြံ႕ၿဖိဳးေရးရန္ပံုေငြ ယခင္အစိုးရ (၅)ႏွစ္အတြင္း ရန္ပံုေငြထက္ ေက်ာ္လြန္ရရိွ
ဒီဇင်ဘာ 30, 2018
By 🌸
လက္ရိွ NLD အစိုးရလက္ထက္ သက္တမ္း(၂)ႏွစ္ခဲြအတြင္း ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းမွ ရရိွေသာ မေကြးတိုင္းေဒသႀကီး ဖံြ႔ၿဖိဳးေရးရန္ပံုေငြမွာ ယခင္အစိုးရလက္ထက္ သက္တမ္း(၅)ႏွစ္အတြင္း  ေကာက္ခံရရိွခဲ့သည့္ ပမာဏေက်ာ္လြန္ေနၿပီျဖစ္ေၾကာင္း သိရသည္။

လက္ရိွ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔အေနျဖင့္ ၂၀၁၆ ခုႏွစ္၊ ဧၿပီလ(၁)ရက္ေန႔မွ လက္ရိွအခ်ိန္ထိ ေကာက္ခံရရိွေသာ တိုင္းေဒသႀကီးဖံြ႔ၿဖိဳးေရးရန္ပံုေငြ စုစုေပါင္း က်ပ္ေငြသန္းေပါင္း(၈၀၀၀) ေက်ာ္ရရိွထားၿပီး ယခင္အစိုးရလက္ထက္ ၂၀၁၀ ခုႏွစ္မွ ၂၀၁၅ ခုႏွစ္အတြင္း ေကာက္ခံရရိွေငြမွာ က်ပ္ေငြသန္းေပါင္း (၇၀၀၀)ေက်ာ္ရရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မေကြးတိုင္းအတြင္းရိွ ေရနံလက္ယက္တြင္းမ်ားမွ ထုတ္လုပ္သည့္ေရနံမ်ားကို ေရနံခ်က္ဖိုမ်ားရိွသည့္ စစ္ကိုင္းတိုင္း မံုရြာၿမိဳ႕သို႔ သယ္ယူပို႔ေဆာင္ခ်က္လုပ္ေနရျခင္းျဖစ္ၿပီး ေရနံသယ္ယူခြင့္ (၁)ပီပါကို က်ပ္(၃၀၀၀)ႏႈန္းျဖင့္ တုိင္းေဒသႀကီးဖြံ႕ၿဖိဳးေရးရန္ပံုေငြအျဖစ္ ေကာက္ယူေနျခင္းျဖစ္ရာ ယခင္အစိုးရလက္ထက္က ယင္းကဲ့သို႔ ေကာက္ခံရရိွခဲ့သည့္ ဖြံ႕ၿဖိဳးေရးရန္ပံုေငြမွ က်ပ္(၇.၄၅၉)ဘီလီယံ စာရင္းေပ်ာက္ဆံုးေနသည္ကို လက္ရိွအစိုးရလက္ထက္တြင္ စစ္ေဆးေတြ႔ရိွခဲ့ရၿပီး (၃)ဘီလီယံေက်ာ္ကို ယခင္အစိုးရအဖြဲ႕တာဝန္ရိွသူမ်ားအား ျပန္လည္ေပးသြင္းေစၿပီး ေဒသဖြံ႕ၿဖိဳးေရးအတြက္ ျပန္လည္အသံုးျပဳႏုိင္ခဲ့ျခင္း ျဖစ္သည္။

ယခင္ မေကြးတိုင္းေဒသႀကီးအစိုးရလက္ထက္ ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းရွင္မ်ားထံမွ ထည့္ဝင္ထားေသာ ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြအနက္ ေငြက်ပ္(၇.၄၅၉)ဘီလီယံမွာ စာရင္းကြာဟေနသျဖင့္ လက္ရိွ အစိုးရလက္ထက္တြင္ ျပန္လည္စိစစ္ရာမွ စံုစမ္းေတြ႔ရိွခ်က္မ်ားႏွင့္ ဥပေဒ အၾကံျပဳ တင္ျပခ်က္တို႔ အရ ယခင္ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးဘုန္းေမာ္ေရႊ၊ လက္ရိွတြင္ အဖြဲ႕ဖ်က္ သိမ္းထားသည့္ မေကြးတိုင္းေဒသႀကီး ဖံြ႔ၿဖိဳးေရးေဖာင္ေဒးရွင္း၏ ဥကၠဌႏွင္႔ “ေရႊသုခ” အေသးစား ေငြေရးေၾကးေရးလုပ္ငန္းဥကၠဌ ဦးၾကည္ထြန္းတို႔က တာဝန္ယူၿပီး ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြမ်ားအနက္မွ ေငြက်ပ္ (၃)ဘီလီယံေက်ာ္သာ ျပန္လည္ေပးဆပ္ရန္ ႏိုင္ငံေတာ္သမၼတရံုး၏ ညႊန္ၾကားစာ ထုတ္ေပးခဲ့ရျခင္းျဖစ္သည္။

မေကြးတိုင္းအတြင္းရိွ ေရနံလက္ယက္တြင္းမ်ားမွ ထုတ္လုပ္သည့္ေရနံမ်ားကို ေရနံခ်က္ဖိုမ်ားရိွသည့္ စစ္ကိုင္းတိုင္း မံုရြာၿမိဳ႕သို႔ သယ္ယူပို႔ေဆာင္ခ်က္လုပ္ေနရျခင္းျဖစ္ၿပီး ေရနံသယ္ယူခြင့္ (၁)ပီပါကို ယခင္က က်ပ္(၃၀၀၀)ေကာက္ခံေနရာမွ ၂၀၁၈ ခုႏွစ္ကုန္ပိုင္းမွစ၍ ေရနံ(၁) ပီပါကို က်ပ္(၅၀၀၀)ႏွဳန္း ေျပာင္းလဲေကာက္ခံေနျခင္းျဖစ္ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီးအတြင္း ၂၀၁၈ ခုႏွစ္အတြက္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ခြင့္ျပဳထားသည့္ ေရနံလက္ယက္တြင္းတိမ္အေရအတြက္မွာ သက္တမ္းတိုးလုပ္ကြက္ (၂၀)ကြက္၊ လုပ္ကြက္သစ္ (၁၃) ကြက္ စုစု ေပါင္း(၃၃)ကြက္ရိွေၾကာင္း သိရသည္။

သတင္း၊ ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂Unicode Version ~~~~~~~~
လက်ရှိအစိုးရ၏သက်တမ်း (၂)နှစ်ခွဲအတွင်း မကွေးတိုင်း ရေနံတွင်းတိမ်လုပ်ငန်းမှ ဖွံ့ဖြိုးရေးရန်ပုံငွေ ယခင်အစိုးရ (၅)နှစ်အတွင်း ရန်ပုံငွေထက် ကျော်လွန်ရရှိ
*******
လက်ရှိ NLD အစိုးရလက်ထက် သက်တမ်း(၂)နှစ်ခွဲအတွင်း ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှ ရရှိသော မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေမှာ ယခင်အစိုးရလက်ထက် သက်တမ်း(၅)နှစ်အတွင်း  ကောက်ခံရရှိခဲ့သည့် ပမာဏကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ လက်ရှိအချိန်ထိ ကောက်ခံရရှိသော တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ စုစုပေါင်း ကျပ်ငွေသန်းပေါင်း(၈၀၀၀) ကျော်ရရှိထားပြီး ယခင်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကောက်ခံရရှိငွေမှာ ကျပ်ငွေသန်းပေါင်း (၇၀၀၀)ကျော်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းအတွင်းရှိ ရေနံလက်ယက်တွင်းများမှ ထုတ်လုပ်သည့်ရေနံများကို ရေနံချက်ဖိုများရှိသည့် စစ်ကိုင်းတိုင်း မုံရွာမြို့သို့ သယ်ယူပို့ဆောင်ချက်လုပ်နေရခြင်းဖြစ်ပြီး ရေနံသယ်ယူခွင့် (၁)ပီပါကို ကျပ်(၃၀၀၀)နှုန်းဖြင့် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ကောက်ယူနေခြင်းဖြစ်ရာ ယခင်အစိုးရလက်ထက်က ယင်းကဲ့သို့ ကောက်ခံရရှိခဲ့သည့် ဖွံ့ဖြိုးရေးရန်ပုံငွေမှ ကျပ်(၇.၄၅၉)ဘီလီယံ စာရင်းပျောက်ဆုံးနေသည်ကို လက်ရှိအစိုးရလက်ထက်တွင် စစ်ဆေးတွေ့ရှိခဲ့ရပြီး (၃)ဘီလီယံကျော်ကို ယခင်အစိုးရအဖွဲ့တာဝန်ရှိသူများအား ပြန်လည်ပေးသွင်းစေပြီး ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခင် မကွေးတိုင်းဒေသကြီးအစိုးရလက်ထက် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များထံမှ ထည့်ဝင်ထားသော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအနက် ငွေကျပ်(၇.၄၅၉)ဘီလီယံမှာ စာရင်းကွာဟနေသဖြင့် လက်ရှိ အစိုးရလက်ထက်တွင် ပြန်လည်စိစစ်ရာမှ စုံစမ်းတွေ့ရှိချက်များနှင့် ဥပဒေ အကြံပြု တင်ပြချက်တို့ အရ ယခင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ၊ လက်ရှိတွင် အဖွဲ့ဖျက် သိမ်းထားသည့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ ဥက္ကဌနှင့် “ရွှေသုခ” အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥက္ကဌ ဦးကြည်ထွန်းတို့က တာဝန်ယူပြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများအနက်မှ ငွေကျပ် (၃)ဘီလီယံကျော်သာ ပြန်လည်ပေးဆပ်ရန် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားစာ ထုတ်ပေးခဲ့ရခြင်းဖြစ်သည်။

မကွေးတိုင်းအတွင်းရှိ ရေနံလက်ယက်တွင်းများမှ ထုတ်လုပ်သည့်ရေနံများကို ရေနံချက်ဖိုများရှိသည့် စစ်ကိုင်းတိုင်း မုံရွာမြို့သို့ သယ်ယူပို့ဆောင်ချက်လုပ်နေရခြင်းဖြစ်ပြီး ရေနံသယ်ယူခွင့် (၁)ပီပါကို ယခင်က ကျပ်(၃၀၀၀)ကောက်ခံနေရာမှ ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှစ၍ ရေနံ(၁) ပီပါကို ကျပ်(၅၀၀၀)နှုန်း ပြောင်းလဲကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ခွင့်ပြုထားသည့် ရေနံလက်ယက်တွင်းတိမ်အရေအတွက်မှာ သက်တမ်းတိုးလုပ်ကွက် (၂၀)ကွက်၊ လုပ်ကွက်သစ် (၁၃) ကွက် စုစု ပေါင်း(၃၃)ကွက်ရှိကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~