အပစ္မရပ္ေသးသည့္အဖြဲ႕မ်ား ၿငိမ္းခ်မ္းေရးေဆြးေႏြးႏုိင္ရန္ တပ္မေတာ္က ဒီဇင္ဘာလ (၂၁)ရက္ေန႔မွစ၍ စစ္ေရးဆိုင္ရာလႈပ္ရွားမႈမ်ား ရပ္ဆုိင္းေပးမည္

အပစ္မရပ္ေသးသည့္အဖြဲ႕မ်ား ၿငိမ္းခ်မ္းေရးေဆြးေႏြးႏုိင္ရန္ တပ္မေတာ္က ဒီဇင္ဘာလ (၂၁)ရက္ေန႔မွစ၍ စစ္ေရးဆိုင္ရာလႈပ္ရွားမႈမ်ား ရပ္ဆုိင္းေပးမည္
ဒီဇင်ဘာ 21, 2018
By 🌸
အပစ္ရပ္အဖြဲ႕မ်ားအျပင္ အပစ္မရပ္ေသးသည့္အဖြဲ႕မ်ားျဖင့္ပါ ၿငိမ္းခ်မ္းေရးေဆြးေႏြးႏုိင္ရန္ တပ္မေတာ္က ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၁)ရက္ေန႔မွ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၃၀)ရက္ေန႔အထိ စစ္ဆင္ေရးနယ္ေျမအလုိက္ စစ္ေရးဆုိင္ရာလႈပ္ရွားမႈအားလံုး ရပ္ဆုိင္းေပးမည္ျဖစ္ေၾကာင္း ၂၀၁၈ ခုနွစ္ ဒီဇင္ဘာလ (၂၁)ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာလုိက္သည္။

တပ္မေတာ္အေနျဖင့္ ေျမာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ေျမာက္တုိင္း စစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမႏွင့္ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ားရိွ NCA လက္မွတ္ေရးထုိးရန္ က်န္ရိွေနသည့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားအားလံုးႏွင့္ ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးအတြက္ အဖြဲ႕တစ္ဖြဲ႕ခ်င္းအလုိက္ ညိႇႏိႈင္းေဆြးေႏြးသြားရန္ စစ္ေရးဆုိင္ရာလႈပ္ရွားမႈမ်ားကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၂၁)ရက္ေန႔မွ ဧၿပီလ (၃၀)ရက္ေန႔အထိ ရပ္ဆုိင္းေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္လိုက္သည္။

ယင္းကာလအတြင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးသြားရန္ျဖစ္ၿပီး တပ္မေတာ္အေနျဖင့္လည္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ဦးစီးသည့္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး(ၾကည္း)မွ အရာရိွႀကီးမ်ားႏွင့္ သက္ဆုိင္ရာနယ္ေျမအလုိက္ တုိင္းမွဴးမ်ားပါဝင္ေသာ ညိႇႏိႈင္းေဆြးေႏြးေရးအဖြဲ႕မ်ားျဖင့္ ေဆြးေႏြးေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

MNTJP၊ PSLF၊ ULA အဖြဲ႕(၃)ဖြဲ႕က စစ္ေရးေဆာင္ရြက္မႈမ်ား ဦးစြာရပ္တန္႔ၿပီး  ပစ္ခတ္တုိက္ခိုက္မႈ စစ္ေရးနည္းလမ္းမွအပ ႏုိင္ငံေရးနည္းလမ္းျဖင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္တြင္ ဆက္လက္ပါဝင္သြားမည္ျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ(၁၂)ရက္ေန႔က သေဘာထားထုတ္ျပန္ခ်က္ကို ၿငိမ္းခ်မ္းေရးေကာ္မရွင္က ႀကိဳဆိုေထာက္ခံေၾကာင္းႏွင့္ ႏိုင္ငံေရးနည္းလမ္းအရေဆြးေႏြးႏုိင္ေရးကို ဆက္လက္ညိႇနိႈင္းပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဒီဇင္ဘာလ(၁၂)ရက္ေန႔မွာပင္ ျပန္လည္ထုတ္ျပန္ ေၾကညာခဲ့ၿပီးေနာက္ တပ္မေတာ္က စစ္ေရးရပ္ဆုိင္းေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္လုိက္ျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
အပစ်မရပ်သေးသည့်အဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် တပ်မတော်က ဒီဇင်ဘာလ (၂၁)ရက်နေ့မှစ၍ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးမည်
********
အပစ်ရပ်အဖွဲ့များအပြင် အပစ်မရပ်သေးသည့်အဖွဲ့များဖြင့်ပါ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် တပ်မတော်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

တပ်မတော်အနေဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားရန် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့မှ ဧပြီလ (၃၀)ရက်နေ့အထိ ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

ယင်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးသွားရန်ဖြစ်ပြီး တပ်မတော်အနေဖြင့်လည်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးစီးသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီးများနှင့် သက်ဆိုင်ရာနယ်မြေအလိုက် တိုင်းမှူးများပါဝင်သော ညှိနှိုင်းဆွေးနွေးရေးအဖွဲ့များဖြင့် ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

MNTJP၊ PSLF၊ ULA အဖွဲ့(၃)ဖွဲ့က စစ်ရေးဆောင်ရွက်မှုများ ဦးစွာရပ်တန့်ပြီး  ပစ်ခတ်တိုက်ခိုက်မှု စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့က သဘောထားထုတ်ပြန်ချက်ကို ငြိမ်းချမ်းရေးကော်မရှင်က ကြိုဆိုထောက်ခံကြောင်းနှင့် နိုင်ငံရေးနည်းလမ်းအရဆွေးနွေးနိုင်ရေးကို ဆက်လက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ(၁၂)ရက်နေ့မှာပင် ပြန်လည်ထုတ်ပြန် ကြေညာခဲ့ပြီးနောက် တပ်မတော်က စစ်ရေးရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~