ေလာင္းကစားဂိမ္းခံုေနအိမ္ကို ရဲတပ္ဖြဲ႔မွ ဝင္ေရာက္ဖမ္းဆီးရာ ဂိမ္းဆိုင္ပိုင္ရွင္ အပါအဝင္ (၅၂)ဦးကို ဂိမ္းစက္မ်ားႏွင့္အတူ ဖမ္းမိ

ေလာင္းကစားဂိမ္းခံုေနအိမ္ကို ရဲတပ္ဖြဲ႔မွ ဝင္ေရာက္ဖမ္းဆီးရာ ဂိမ္းဆိုင္ပိုင္ရွင္ အပါအဝင္ (၅၂)ဦးကို ဂိမ္းစက္မ်ားႏွင့္အတူ ဖမ္းမိ
ဒီဇင်ဘာ 1, 2018
By Tachileik News Agency

ေလာင္းကစားေနအိမ္အား ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာ ဂိမ္းဆုိင္ပိုင္ရွင္၊ ဆုိင္ဝန္ထမ္းမ်ားႏွင့္ ဂိမ္းကစားေနသူ စုစုေပါင္း (၅၂)ဦးကို ေလာင္းကစားဂိမ္းစက္ (၄)လံုး၊ ေလာင္းေၾကးေငြက်ပ္ (၁၀)သိန္းေက်ာ္တုိ႔ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မႏၲေလးတိုင္းရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ျပင္ဦးလြင္ၿမိဳ႕၊ ရပ္ကြက္ႀကီး (၁၀) ဌ/၂၄ရွိ တင္လင္းေအး (ခ) အားပါ ၏ ေလာင္းကစားေနအိမ္သို႔ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၉) ရက္ေန႔ ည(၉)နာရီအခ်ိန္တြင္ ဝင္ေရာက္ရွာေဖြရာ တင္လင္းေအး(ခ)အားပါႏွင့္ ဂိမ္းဆုိင္ဝန္ထမ္းအမ်ိဳးသမီး (၃)ဦး အပါအ၀င္ ေလာင္းကစားေနသည့္ အမ်ိဳးသား (၃၆)ဦးႏွင့္ အမ်ိဳးသမီး (၁၂)ဦးတို႔ကို ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေလာင္းကစားအိမ္အတြင္း ေလာင္းကစားဂိမ္းစက္ (၄) လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ ေငြစာရင္း မွတ္သည့္ စာအုပ္ ၆ အုပ္၊ "ပိုက္ဆံေပးမွ အမွတ္ထည့္မည္” “ ၅ သိန္းရႈံးပါက အခ်ိန္ ၁ နာရီ ပိတ္သည္" စာသားမ်ားပါ ဗြီႏိုင္း/စကၠဴဆိုင္းဘုတ္ (၃) ခု၊ လက္ကိုင္ဖုန္း (၁၇) လုံး၊ ဆိုင္ကယ္ (၂၄) စီး၊ ေငြ (၁,၀၁၄,၈၀၀ )က်ပ္တို႔ႏွင့္ အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဂိမ္းခံုပိုင္ရွင္ႏွင့္တကြ ေလာင္းကစားသူစုစုေပါင္း (၅၂)ဦးကို ျပင္ဦးလြင္ ၿမိဳ႕မရဲစခန္းတြင္ (ပ) ၆၅၁/၂၀၁၈၊ ေလာင္းကစားဥပေဒပုဒ္မ ၁၃(က)/ ၁၄(က) ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ျပည္ထဲေရး


~~~~~~~~⊰❂ unicode ~~~~~~~~

လောင်းကစားနေအိမ်အား ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ ဂိမ်းဆိုင်ပိုင်ရှင်၊ ဆိုင်ဝန်ထမ်းများနှင့် ဂိမ်းကစားနေသူ စုစုပေါင်း (၅၂)ဦးကို လောင်းကစားဂိမ်းစက် (၄)လုံး၊ လောင်းကြေးငွေကျပ် (၁၀)သိန်းကျော်တို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၀) ဌ/၂၄ရှိ တင်လင်းအေး (ခ) အားပါ၏ လောင်းကစားနေအိမ်သို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့ ည(၉)နာရီအချိန်တွင် ဝင်ရောက်ရှာဖွေရာ တင်လင်းအေး(ခ)အားပါနှင့် ဂိမ်းဆိုင်ဝန်ထမ်းအမျိုးသမီး (၃)ဦး အပါအဝင် လောင်းကစားနေသည့် အမျိုးသား (၃၆)ဦးနှင့် အမျိုးသမီး (၁၂)ဦးတို့ကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လောင်းကစားအိမ်အတွင်း လောင်းကစားဂိမ်းစက် (၄) လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ငွေစာရင်း မှတ်သည့် စာအုပ် ၆ အုပ်၊ "ပိုက်ဆံပေးမှ အမှတ်ထည့်မည်” “ ၅ သိန်းရှုံးပါက အချိန် ၁ နာရီ ပိတ်သည်" စာသားများပါ ဗွီနိုင်း/စက္ကူဆိုင်းဘုတ် (၃) ခု၊ လက်ကိုင်ဖုန်း (၁၇) လုံး၊ ဆိုင်ကယ် (၂၄) စီး၊ ငွေ (၁,ဝ၁၄,၈၀၀ )ကျပ်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဂိမ်းခုံပိုင်ရှင်နှင့်တကွ လောင်းကစားသူစုစုပေါင်း (၅၂)ဦးကို ပြင်ဦးလွင် မြို့မရဲစခန်းတွင် (ပ) ၆၅၁/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/ ၁၄(က) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~