ျပည္ပေရာက္အလုပ္သမားမ်ားထံမွ ႏိုင္ငံတြင္း ျပန္လည္လႊဲပို႔ေငြမ်ားကို အခြန္ကင္းလြတ္ခြင့္ျပဳထားၿပီးေနာက္ တရားဝင္လမ္းေၾကာင္းမွ လႊဲပို႔ေငြ ျမင့္တက္လာ

ျပည္ပေရာက္အလုပ္သမားမ်ားထံမွ ႏိုင္ငံတြင္း ျပန္လည္လႊဲပို႔ေငြမ်ားကို အခြန္ကင္းလြတ္ခြင့္ျပဳထားၿပီးေနာက္ တရားဝင္လမ္းေၾကာင္းမွ လႊဲပို႔ေငြ ျမင့္တက္လာ
ဒီဇင်ဘာ 17, 2018
By Tachileik News Agency

ျပည္ပေရာက္အလုပ္သမားမ်ားထံမွ ျမန္မာႏိုင္ငံသို႔ ျပန္လည္လႊဲပို႔ေငြမ်ားကို အခြန္ကင္းလြတ္ခြင့္ျပဳထားၿပီး ျပည္ပမွ ႏိုင္ငံတြင္းျပန္လည္လႊဲပို႔ေငြပမာဏမွာ ၂၀၁၆-၁၇ ဘ႑ာေရးႏွစ္တြင္ GDP ၏ (၀.၈၁) ရာခိုင္ႏႈန္းႏွင့္ ၂၀၁၇-၁၈ ဘ႑ာေရးႏွစ္တြင္ GDP ၏ (၁.၀၆) ရာခိုင္ႏႈန္းရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံသားမ်ား ျပည္ပတြင္ အလုပ္သြားေရာက္လုပ္ကိုင္သည့္အေရအတြက္မွာ ၁၉၉၀ ျပည့္ႏွစ္မွ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လအထိ စာရင္းမ်ားအရ မေလးရွားႏိုင္ငံတြင္ (၂၁၁,၃၂၅) ဦး၊ ထိုင္းႏိုင္ငံတြင္ (၅၅၃၂၈၁) ဦး၊ ကိုရီးယားသမၼတႏိုင္ငံတြင္ (၃၉,၅၅၅) ဦးတို႔ျဖင့္ အမ်ားဆုံးျဖစ္ေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင္‌့ ျပည္သူ႔အင္းအားဝန္ႀကီးဌာန၏ စာရင္းအရ သိရသည္။

အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင္‌့ ျပည္သူ႔အင္အားဝန္ႀကီးဌာနသည္ ၁၉၉၀ ျပည့္ႏွစ္မွစ၍ ျပည္ပသို႔ သြားေရာက္လုပ္ကိုင္လိုသူမ်ားအား တရားဝင္ေစလႊတ္ခြင္‌့ျပဳခဲ့ကာ ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္ လိုင္စင္ရေအဂ်င္စီမ်ားအားက ျပည္ပသို႔အလုပ္သမားမ်ား တရားဝင္ ေစလႊတ္ခြင့္ကို ၁၉၉၉ ခုႏွစ္တြင္ ျပဌာန္းလုိက္သည့္ ျပည္ပအလုပ္အကိုင္ဆိုင္ရာ ဥပေဒအရ ခြင့္ျပဳေပးခဲ့ျခင္းျဖစ္သည္။

ျပည္ပေရာက္ျမန္မာႏုိင္ငံသားမ်ားမွ မိသားစုလႊဲပို႔ေငြမ်ားကို တရားဝင္လမ္းေၾကာင္းမွ လႊဲပို႔ႏိုင္ေရး အသိပညာေပးျခင္း၊ ျပည္ပအလုပ္အကိုင္ေအဂ်င္စီမ်ားကို ၾကပ္မတ္ေဆာင္႐ြက္ျခင္းမ်ားလုပ္ေဆာင္ခဲ့ရာ ပုဂၢလိကဘဏ္မ်ားမွ လႊဲပို႔သည့္ေငြပမာဏျမင့္တက္လာၿပီး ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလမွ ဇြန္လအထိ က်ပ္သန္းေပါင္း ေထာင္ဂဏန္းသာရွိခဲ့ရာမွ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လတြင္ က်ပ္သန္းေပါင္း (၃၄,၀၀၀) ႏွင္‌့ ၾသဂုတ္လတြင္ က်ပ္သန္းေပါင္း (၃၉,၀၀၀) ေက်ာ္ျဖစ္လာေၾကာင္း သိရသည္။

ျပည္ပတြင္ အလုပ္လုပ္ကိုင္သည့္ ျမန္မာႏိုင္ငံသားမ်ားမွ ျပန္လည္လႊဲပို႔ေငြမ်ားကို ဘ႑ာေရးႏွင့္ အခြန္ဝန္ႀကီးဌာန၏ ၂၀၁၂ ခုႏွစ္၊ မတ္လ ၁၅ ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာခဲ့သည့္ အမိန္႔ေၾကာ္ျငာစာ အမွတ္(၁၁၁/၂၀၁၂) ၂၀၁၂ ခုႏွစ္၊ ဧၿပီလ(၁)ရက္ေန႔မွစ၍  ဝင္ေငြခြန္မ်ားကင္းလြတ္ခြင္‌့ျပဳထားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၇) ရက္ေန႔တြင္က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ တြံေတးမဲဆႏၵနယ္မွ ဦးျမင့္လြင္က ႏိုင္ငံျခားတြင္ သြားေရာက္အလုပ္လုပ္ကိုင္ေနၾကေသာ ျမန္မာႏိုင္ငံသားမ်ားထံမွ ျပန္လည္ေပးပို႔ေသာ ေငြမ်ားႏွင့္စပ္လ်ဥ္းသည့္ အခ်က္အလက္မ်ားကို သိရိွလိုေၾကာင္းေမးျမန္းရာ စီမံကိန္းနွင့္ ဘ႑ာေရး ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


ပြည်ပရောက်အလုပ်သမားများထံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပို့ငွေများကို အခွန်ကင်းလွတ်ခွင့်ပြုထားပြီး ပြည်ပမှ နိုင်ငံတွင်းပြန်လည်လွှဲပို့ငွေပမာဏမှာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် GDP၏ (ဝ.၈၁) ရာခိုင်နှုန်းနှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် GDP၏ (၁.ဝ၆) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ ပြည်ပတွင် အလုပ်သွားရောက်လုပ်ကိုင်သည့်အရေအတွက်မှာ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်၊ သြဂုတ်လအထိ စာရင်းများအရ မလေးရှားနိုင်ငံတွင် (၂၁၁,၃၂၅) ဦး၊ ထိုင်းနိုင်ငံတွင် (၅၅၃၂၈၁) ဦး၊ ကိုရီးယားသမ္မတနိုင်ငံတွင် (၃၉,၅၅၅) ဦးတို့ဖြင့် အများဆုံးဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင်‌့ ပြည်သူ့အင်းအားဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင်‌့ ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၁၉၉၀ ပြည့်နှစ်မှစ၍ ပြည်ပသို့ သွားရောက်လုပ်ကိုင်လိုသူများအား တရားဝင်စေလွှတ်ခွင်‌့ပြုခဲ့ကာ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအားက ပြည်ပသို့အလုပ်သမားများ တရားဝင် စေလွှတ်ခွင့်ကို ၁၉၉၉ ခုနှစ်တွင် ပြဌာန်းလိုက်သည့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ပြည်ပရောက်မြန်မာနိုင်ငံသားများမှ မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ လွှဲပို့နိုင်ရေး အသိပညာပေးခြင်း၊ ပြည်ပအလုပ်အကိုင်အေဂျင်စီများကို ကြပ်မတ်ဆောင်ရွက်ခြင်းများလုပ်ဆောင်ခဲ့ရာ ပုဂ္ဂလိကဘဏ်များမှ လွှဲပို့သည့်ငွေပမာဏမြင့်တက်လာပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ကျပ်သန်းပေါင်း ထောင်ဂဏန်းသာရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ကျပ်သန်းပေါင်း (၃၄,ဝဝဝ) နှင်‌့ သြဂုတ်လတွင် ကျပ်သန်းပေါင်း (၃၉,ဝဝဝ) ကျော်ဖြစ်လာကြောင်း သိရသည်။

ပြည်ပတွင် အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများမှ ပြန်လည်လွှဲပို့ငွေများကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၂၀၁၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ်(၁၁၁/၂၀၁၂) ၂၀၁၂ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစ၍ ဝင်ငွေခွန်များကင်းလွတ်ခွင်‌့ပြုထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်က နိုင်ငံခြားတွင် သွားရောက်အလုပ်လုပ်ကိုင်နကြေသော မြန်မာနိုင်ငံသားများထံမှ ပြန်လည်ပေးပို့သော ငွေများနှင့်စပ်လျဉ်းသည့် အချက်အလက်များကို သိရှိလိုကြောင်းမေးမြန်းရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~