တိုင်းရင်းသားစာပေကို ကျောင်းသင်ကြားရေးတွင် ထည့်သွင်းရန်နှင့် သင်ရိုးရေးဆွဲရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ဆောင်ရွက်နေ

တိုင်းရင်းသားစာပေကို ကျောင်းသင်ကြားရေးတွင် ထည့်သွင်းရန်နှင့် သင်ရိုးရေးဆွဲရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ဆောင်ရွက်နေ
ဒီဇငျဘာ 22, 2018
By Tachileik News Agency

တိုင်းရင်းသားစာပေကို အခြေခံပညာကျောင်းများတွင် သင်ကြားနိုင်ရေး၊ သင်ရိုးရေးဆွဲရေး၊ တိုင်းရင်းသား စာပေသင်ကြားမှု လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် သုတေသန လုပ်ငန်း ကိစ္စများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

တိုင်းရင်းသားစာပေကို အခြေခံပညာကျောင်းများတွင် ကျောင်းချိန်အတွင်း သင်ကြားနိုင်ရေး၊ တိုင်းရင်းသား ဘာသာသင် ဆရာ/ဆရာမများ ခန့်အပ်နိုင်ရေး၊ သုတေသန ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဒေသအလိုက် သင်ရိုးများရေးဆွဲရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ တိုင်းရင်းသား စာပေသင်ကြားမှုလုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင် ရေးတို့အတွက် သုတေသန လုပ်ငန်း Out of School Children Initiative – OoSCI  များနှင့် ဆက်သွယ်ပြီး ဆောင်ရွက်ခြင်းများကို တာဝန်ယူလုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် မြန်မာဘာသာစကားမှ တိုင်းရင်းသား ဘာသာစကားဆီသို့ စကားပြောစာအုပ်များ၊ တိုင်းရင်းသားများ၏ ရိုးရာ အမွေအနှစ်များ၊ စကားပုံများ၊ စကားထာ စာအုပ်များပြုစုခြင်းကို လုပ်ဆောင်နေပြီး တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ အကူအညီဖြင့် တိုင်းရင်းသား ဘာသာ (၄၄) မျိုးသို့ ဘာသာပြန်ဆိုဖြန့်ဝေခြင်း၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအသင်းအဖွဲ့များကို မှတ်ပုံတင်နိုင်ရေး၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်တွင်း/ပြည်ပမှ အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက် တိုင်းရင်းသား လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ ပြည်နယ်/ တိုင်းများတွင် ရုံးခွဲများ ဖွင့်လှစ်မှု အခြေအနေ၊ ရာထူးအလိုက်၊ လူမျိုးအလိုက်ဝန်ထမ်းများ ခန့်ထားမှုအခြေအနေနှင့် ဝန်ထမ်းအင်အားအခြေအနေ၊ ဝန်ထမ်းများ ဆောင်ရွက်လျက်ရှိသော လုပ်ငန်း တာဝန် များ၊ ရုံးခွဲများ မဖွင့်နိုင်သေးသည့် ပြည်နယ်/တိုင်းများ အတွက် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦး(ခ) ဦးကျော်ဦးက မေးမြန်းခြင်းကို တိုင်းရင်းသား လူမျိုးများရေးရာ ဒုတိယဝန်ကြီး ဦးလှမော်ဦးက ဖြေကြားထားသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

တိုင်းရင်းသားစာပေကို အခြေခံပညာကျောင်းများတွင် သင်ကြားနိုင်ရေး၊ သင်ရိုးရေးဆွဲရေး၊ တိုင်းရင်းသား စာပေသင်ကြားမှု လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် သုတေသန လုပ်ငန်း ကိစ္စများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနဖြေင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

တိုင်းရင်းသားစာပေကို အခြေခံပညာကျောင်းများတွင် ကျောင်းချိန်အတွင်း သင်ကြားနိုင်ရေး၊ တိုင်းရင်းသား ဘာသာသင် ဆရာ/ဆရာမများ ခန့်အပ်နိုင်ရေး၊ သုတေသန ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဒေသအလိုက် သင်ရိုးများရေးဆွဲရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ တိုင်းရင်းသား စာပေသင်ကြားမှုလုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင် ရေးတို့အတွက် သုတေသန လုပ်ငန်း Out of School Children Initiative – OoSCI များနှင့် ဆက်သွယ်ပြီး ဆောင်ရွက်ခြင်းများကို တာဝန်ယူလုပ်ကိုင်နခြေင်းဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနအနဖြေင့် မြန်မာဘာသာစကားမှ တိုင်းရင်းသား ဘာသာစကားဆီသို့ စကားပြောစာအုပ်များ၊ တိုင်းရင်းသားများ၏ ရိုးရာ အမွေအနှစ်များ၊ စကားပုံများ၊ စကားထာ စာအုပ်များပြုစုခြင်းကို လုပ်ဆောင်နပြေီး တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ အကူအညီဖြင့် တိုင်းရင်းသား ဘာသာ (၄၄) မျိုးသို့ ဘာသာပြန်ဆိုဖြန့်ဝခြေင်း၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအသင်းအဖွဲ့များကို မှတ်ပုံတင်နိုင်ရေး၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်တွင်း/ပြည်ပမှ အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက် တိုင်းရင်းသား လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ ပြည်နယ်/ တိုင်းများတွင် ရုံးခွဲများ ဖွင့်လှစ်မှု အခြေအနေ၊ ရာထူးအလိုက်၊ လူမျိုးအလိုက်ဝန်ထမ်းများ ခန့်ထားမှုအခြေအနေနှင့် ဝန်ထမ်းအင်အားအခြေအနေ၊ ဝန်ထမ်းများ ဆောင်ရွက်လျက်ရှိသော လုပ်ငန်း တာဝန် များ၊ ရုံးခွဲများ မဖွင့်နိုင်သေးသည့် ပြည်နယ်/တိုင်းများ အတွက် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦး(ခ) ဦးကျော်ဦးက မေးမြန်းခြင်းကို တိုင်းရင်းသား လူမျိုးများရေးရာ ဒုတိယဝန်ကြီး ဦးလှမော်ဦးက ဖြကြေားထားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~