ယာဥ္ေနာက္ဖံုး၊ထုိင္ခံုေအာက္မ်ားႏွင့္ ဘီးမ်ားတြင္ အံဝွက္ျပဳလုပ္၍ သယ္လာသည့္ ေက်ာက္စိမ္းျဖတ္စမ်ားကို ေရပူတြင္ဖမ္းမိ

ယာဥ္ေနာက္ဖံုး၊ထုိင္ခံုေအာက္မ်ားႏွင့္ ဘီးမ်ားတြင္ အံဝွက္ျပဳလုပ္၍ သယ္လာသည့္ ေက်ာက္စိမ္းျဖတ္စမ်ားကို ေရပူတြင္ဖမ္းမိ
ဒီဇင်ဘာ 25, 2018
By 🌸
မူဆယ္ဘက္သို႔ ေက်ာက္စိမ္းျဖတ္စမ်ားတရားမဝင္သယ္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၄)ရက္ေန႔ ေန႔လယ္(၂)နာရီ (၄၅)မိနစ္အခ်ိန္က ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သိန္းနီၿမိဳ႕ ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္း၌ ဖမ္းဆီးရမိသျဖင့္ ေရပူစခန္း၌ အေကာက္ခြန္အဖြဲ႕က ဒီဇင္ဘာလအတြင္း (၁၂)ႀကိမ္ေျမာက္ ဖမ္းဆီး ရမိမႈျဖစ္ေၾကာင္း သိရသည္။

Toyota Station Wagon ယာဥ္၏ ေနာက္ဖံုး၊ ထိုင္ခံုေအာက္မ်ားႏွင့္ ေရွ႕ဘီးဝဲယာအကာမ်ားတြင္ အံဝွက္ျပဳလုပ္၍ သယ္ေဆာင္လာသည့္ ေက်ာက္စိမ္းျဖတ္စမ်ားကို ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းေပၚရိွ ေရပူစစ္ေဆးေရးစခန္းတြင္ စစ္ေဆးေရးအဖြဲ႕က ရွာေဖြေတြ႔ရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေပၚရိွ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ပူးေပါင္းအဖြဲ႕က ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလအတြင္း ဖမ္းဆီးရမိမႈမ်ားမွာ ဒီဇင္ဘာလ (၃)ရက္ေန႔က မူဆယ္ဘက္သို႔ သစ္မ်ား တရားမဝင္ သယ္ေဆာင္လာသည့္ Toyota Crown ေမာ္ေတာ္ယာဥ္တစ္စီး၊  ဒီဇင္ဘာလ (၈)ရက္ေန႔က မူဆယ္ဘက္သို႔ ေက်ာက္စိမ္းမ်ားသယ္လာသည့္ ဆုလာဘ္ရႊင္ Express ယာဥ္တစ္စီးႏွင့္ တရားမဝင္သစ္သယ္လာသည့္ (၆)ဘီးယာဥ္တစ္စီး၊ ဒီဇင္ဘာလ (၁၀)ရက္ေန႔က ေက်ာက္စိမ္းျဖတ္စမ်ားသယ္လာသည့္ ေရႊျပည့္စံု Express ယာဥ္တစ္စီး၊  ဒီဇင္ဘာလ (၁၃)ရက္ေန႔တြင္ သစ္တင္လာသည့္ ရတနာထြန္း Express ယာဥ္တစ္စီး၊ ေက်ာက္စိ္မ္းမ်ားတင္လာသည့္ Mitsubishi Pajero ေမာ္ေတာ္ယာဥ္(၂)စီးႏွင့္ Light Truck ယာဥ္တစ္စီး၊ ဒီဇင္ဘာလ (၁၄)ရက္ေန႔က ေက်ာက္စိမ္းသယ္လာသည့္ AD Van တစ္စီး၊ ဒီဇင္ဘာလ (၁၅)ရက္ေန႔က တရားမဝင္သစ္သယ္လာသည့္ Toyota Toyoace တစ္စီး၊ ဒီဇင္ဘာလ (၂၃)ရက္ေန႔တြင္ တရားမဝင္သစ္တင္လာသည့္ ေရႊလီဦး Express ယာဥ္တစ္စီးႏွင့္ ဒီဇင္ဘာလ(၂၄)ရက္က ေက်ာက္စိမ္းျဖတ္စသယ္လာသည့္ Toyota Station Wagon တုိ႔ကို ဖမ္းဆီးရမိထားျခင္းျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားျခင္း ျဖစ္သည္။

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ပံုမွန္စစ္ေဆးေရးစခန္းမ်ားရိွေနၿပီး သိန္းနီၿမိဳ႕နယ္အတြင္း ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္း၌လည္း သက္ဆုိင္ရာဌာန ေပါင္းစံုပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ျဖတ္သန္းသြားလာသည့္ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးမႈမ်ားလုပ္ေဆာင္ရာ တရုတ္နုိင္ငံသို႔ တရားမဝင္ တင္ပို႔မည့္ပစၥည္းမ်ား၊ တရုတ္ႏုိင္ငံမွ တရားမဝင္ တင္သြင္းလာသည့္ ကုန္ပစၥည္းမ်ားကို ဖမ္းဆီးရမိေလ့ရိွေနျခင္း ျဖစ္သည္။

အလားတူ အေကာက္ခြန္လႈပ္ရွားစစ္ေဆးအဖြဲ႔က ဒီဇင္ဘာလအတြင္း အျခားေနရာမ်ား၌ ဖမ္းဆီးရမိမႈမ်ားလည္းရိွေနၿပီး ဒီဇင္ဘာလ (၁၄)ရက္ေန႔က မႏၱေလးၿမိဳ႕ ျပည္ႀကီးမ်က္ရွင္ကားဝန္းရိွ Winner Express ခရီးသည္တင္ယာဥ္ၾကမ္းခင္းအတြင္း ဝွက္၍သယ္လာသည့္ အေကာက္ခြန္မဲ့ လက္ကိုင္ဖုန္းမ်ိဳးစံု၊ ဒီဇင္ဘာလ (၁၅)ရက္ေန႔က ျမဝတီ - ဘားအံကားလမ္းရိွ ပဲခူးၿမိဳ႕ ဘုရားႀကီးစစ္ေဆးေရးဂိတ္၌ အေကာက္ခြန္မဲ့တင္လာသည့္ ေဆးမ်ားႏွင့္ ဒီဇင္ဘာလ (၂၁)ရက္ေန႔က ရန္ကုန္ၿမိဳ႕ ေရႊေပါကၠံစက္မႈဇုန္ဂိုေဒါင္တစ္ခုအတြင္းမွ အေကာက္ခြန္မဲ့ စီးကရက္ႏွင့္ ဖေယာင္းျပားမ်ားကိုလည္း ဖမ္းဆီးရမိေၾကာင္း သတင္းထုတ္ျပန္ထားသည္။

Tachileik News Agency
ဓါတ္ပံု - အေကာက္ခြန္ဦးစီးဌာန

~~~~~~~~⊰❂Unicode Version ~~~~~~~~
ယာဉ်နောက်ဖုံး၊ထိုင်ခုံအောက်များနှင့် ဘီးများတွင် အံဝှက်ပြုလုပ်၍ သယ်လာသည့် ကျောက်စိမ်းဖြတ်စများကို ရေပူတွင်ဖမ်းမိ
***************
မူဆယ်ဘက်သို့ ကျောက်စိမ်းဖြတ်စများတရားမဝင်သယ်လာသည့် မော်တော်ယာဉ်တစ်စီးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့ နေ့လယ်(၂)နာရီ (၄၅)မိနစ်အချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိသဖြင့် ရေပူစခန်း၌ အကောက်ခွန်အဖွဲ့က ဒီဇင်ဘာလအတွင်း (၁၂)ကြိမ်မြောက် ဖမ်းဆီး ရမိမှုဖြစ်ကြောင်း သိရသည်။

Toyota Station Wagon ယာဉ်၏ နောက်ဖုံး၊ ထိုင်ခုံအောက်များနှင့် ရှေ့ဘီးဝဲယာအကာများတွင် အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသည့် ကျောက်စိမ်းဖြတ်စများကို မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရေပူစစ်ဆေးရေးစခန်းတွင် စစ်ဆေးရေးအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ပူးပေါင်းအဖွဲ့က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ဖမ်းဆီးရမိမှုများမှာ ဒီဇင်ဘာလ (၃)ရက်နေ့က မူဆယ်ဘက်သို့ သစ်များ တရားမဝင် သယ်ဆောင်လာသည့် Toyota Crown မော်တော်ယာဉ်တစ်စီး၊  ဒီဇင်ဘာလ (၈)ရက်နေ့က မူဆယ်ဘက်သို့ ကျောက်စိမ်းများသယ်လာသည့် ဆုလာဘ်ရွှင် Express ယာဉ်တစ်စီးနှင့် တရားမဝင်သစ်သယ်လာသည့် (၆)ဘီးယာဉ်တစ်စီး၊ ဒီဇင်ဘာလ (၁၀)ရက်နေ့က ကျောက်စိမ်းဖြတ်စများသယ်လာသည့် ရွှေပြည့်စုံ Express ယာဉ်တစ်စီး၊  ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် သစ်တင်လာသည့် ရတနာထွန်း Express ယာဉ်တစ်စီး၊ ကျောက်စိမ်းများတင်လာသည့် Mitsubishi Pajero မော်တော်ယာဉ်(၂)စီးနှင့် Light Truck ယာဉ်တစ်စီး၊ ဒီဇင်ဘာလ (၁၄)ရက်နေ့က ကျောက်စိမ်းသယ်လာသည့် AD Van တစ်စီး၊ ဒီဇင်ဘာလ (၁၅)ရက်နေ့က တရားမဝင်သစ်သယ်လာသည့် Toyota Toyoace တစ်စီး၊ ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် တရားမဝင်သစ်တင်လာသည့် ရွှေလီဦး Express ယာဉ်တစ်စီးနှင့် ဒီဇင်ဘာလ(၂၄)ရက်က ကျောက်စိမ်းဖြတ်စသယ်လာသည့် Toyota Station Wagon တို့ကို ဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ပုံမှန်စစ်ဆေးရေးစခန်းများရှိနေပြီး သိန်းနီမြို့နယ်အတွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌လည်း သက်ဆိုင်ရာဌာန ပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာသည့်မော်တော်ယာဉ်များအား စစ်ဆေးမှုများလုပ်ဆောင်ရာ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့်ပစ္စည်းများ၊ တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးရမိလေ့ရှိနေခြင်း ဖြစ်သည်။

အလားတူ အကောက်ခွန်လှုပ်ရှားစစ်ဆေးအဖွဲ့က ဒီဇင်ဘာလအတွင်း အခြားနေရာများ၌ ဖမ်းဆီးရမိမှုများလည်းရှိနေပြီး ဒီဇင်ဘာလ (၁၄)ရက်နေ့က မန္တလေးမြို့ ပြည်ကြီးမျက်ရှင်ကားဝန်းရှိ Winner Express ခရီးသည်တင်ယာဉ်ကြမ်းခင်းအတွင်း ဝှက်၍သယ်လာသည့် အကောက်ခွန်မဲ့ လက်ကိုင်ဖုန်းမျိုးစုံ၊ ဒီဇင်ဘာလ (၁၅)ရက်နေ့က မြဝတီ - ဘားအံကားလမ်းရှိ ပဲခူးမြို့ ဘုရားကြီးစစ်ဆေးရေးဂိတ်၌ အကောက်ခွန်မဲ့တင်လာသည့် ဆေးများနှင့် ဒီဇင်ဘာလ (၂၁)ရက်နေ့က ရန်ကုန်မြို့ ရွှေပေါက္ကံစက်မှုဇုန်ဂိုဒေါင်တစ်ခုအတွင်းမှ အကောက်ခွန်မဲ့ စီးကရက်နှင့် ဖယောင်းပြားများကိုလည်း ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ထားသည်။

Tachileik News Agency
ဓါတ်ပုံ - အကောက်ခွန်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~