အမွန္တကယ္ လုပ္ကိုင္ျခင္းမရိွသည့္ ေျမလြတ္ေျမရိုင္း ဧက(၂)သိန္းခန္႔ကို ျပန္သိမ္းထားၿပီး အမွန္တကယ္ လုပ္ကိုင္လိုသူမ်ားသာ ေလွ်ာက္ထားႏိုင္

အမွန္တကယ္ လုပ္ကိုင္ျခင္းမရိွသည့္ ေျမလြတ္ေျမရိုင္း ဧက(၂)သိန္းခန္႔ကို ျပန္သိမ္းထားၿပီး အမွန္တကယ္ လုပ္ကိုင္လိုသူမ်ားသာ ေလွ်ာက္ထားႏိုင္
ဒီဇင်ဘာ 16, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း လုပ္ကိုင္ခြင့္ ေလွ်ာက္ထားရယူထားသည့္ ေျမလြတ္ေျမရိုင္းဧက (၂)သိန္းခန္႔ကို အမွန္တကယ္ လုပ္ငန္းေဖၚေဆာင္ျခင္း မရိွသျဖင့္ ဥပေဒအရ ျပန္လည္သိမ္းယူထားသျဖင့္ အမွန္တကယ္လုပ္ ကိုင္လိုသူမ်ားကို ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

“၀န္ႀကီးဌာန ႀကိဳတင္ခြင့္ျပဳခ်က္၊ ေဒသအာဏာပိုင္အဖြဲ႔ရဲ႕ ႀကိဳတင္ခြင့္ျပဳခ်က္၊ ဗဟိုအဖြဲ႔ရဲ႕ ခြင့္ျပဳခ်က္ ၊ ဗဟိုေကာ္မတီ ခြင့္ျပဳခ်က္၊ တိုင္းလုပ္ငန္းအဖြဲ႔ ခြင့္ျပဳခ်က္ဆိုတဲ့ ေခါင္းစဥ္(၅)ခုနဲ႔ မေကြးတိုင္းေဒသႀကီး အတြင္းမွာရိွတဲ့ ေျမလြတ္ေျမ႐ိုင္း (၂၀၄,၅၃၁) ဧကကို လူပုဂၢိဳလ္နဲ႔ အဖြဲ႔အစည္း (၁၁၆) ခုက လုပ္ကိုင္ခြင္႔ ရယူခဲ့ၾကတာရိွပါတယ္။ အဲဒီအထဲက (၅,၁၇၉) ဧကကိုသာ အေကာင္အထည္ေဖာ္ထားတာကို စိစစ္ေတြ႔႐ွိရၿပီး အေကာင္အထည္ေဖာ္ႏိုင္ျခင္းမရိွတဲ့ (၁၉၉,၃၅၂) ဧကကို ျပန္လည္သိမ္း ဆည္းခဲ့ၿပီးပါၿပီ”ဟု မေကြးတိုင္းေဒသႀကီး လယ္ယာေျမစီမံခန္႔ခြဲေရးႏွင္႔ စာရင္းအင္းဦးစီးဌာန တိုင္းဦးစီးမွဴး ဦးေဇာ္၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခင္က တုိင္းေဒသႀကီးအဆင္႔တြင္ စိုက္ပ်ိဳးေျမႏွင္႔ပတ္သက္၍ ဧက(၅၀) သာခြင္႔ျပဳႏိုင္ခဲ႔ၿပီး ၂၀၁၈ခုႏွစ္ စက္တင္ဘာ (၁၁) ရက္ေန႔တြင္ အတည္ျပဳျပဌာန္းခဲ႔ေသာ ေျမလြတ္ေျမလပ္ႏွင္႔ေျမ႐ိုင္းမ်ား စီမံခန္႔ခြဲေရး ဥပေဒကို ျပင္ဆင္သည့္ဥပေဒအရ စိုက္ပ်ိဳးေရးလုပ္ငန္းအတြက္ ဧက (၃၀၀) အထိ၊ ေမြးျမဴေရး လုပ္ငန္းအတြက္ ဧက(၅၀)အထိ ခြင့္ျပဳႏိုင္ေတာ႔မည္ျဖစ္ရာ အမွန္တကယ္ လုပ္ကိုင္လိုသူမ်ားအေနျဖင့္ ေျမလြတ္ေျမရိုင္း အသစ္ေနရာမ်ားကိုသာမက ျပန္သိမ္းေျမလြတ္ေျမရိုင္းမ်ားကိုလည္း ေလွ်ာက္ထား ႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

“ဥပေဒသစ္အရ အမွန္တကယ္လုပ္ႏိုင္ဖို႔ေတာ့ လိုပါမယ္။ ကိုယ္ႏိုင္သေလာက္ကိုသာ ေလွ်ာက္ထားရယူၿပီး စိုက္ပ်ိဳးသက္ (၄)ႏွစ္ေလာက္ ရသြားတာနဲ႔ စိုက္ပ်ိဳးေျမအျဖစ္ ေလွ်ာက္ထားႏိုင္ၿပီး ပံုစံ(၇) ထုတ္ေပးသြားမွာ ျဖစ္ပါတယ္။ ေလွ်ာက္မယ့္သူက ကိုယ္စိုက္လိုတဲ့ အမ်ိဳးအစားနဲ႔ ကိုက္ညီမယ့္ ေျမေနရာကို ကိုယ္တိုင္ သြားၾကည့္ၿပီးေတာ႔မွ ဘယ္ၿမိဳ႕နယ္၊ ဘယ္အုပ္စုထဲမွာပါတယ္။ ေျမလြတ္ေျမ႐ိုင္းလား။ သစ္ေတာေျမလား။ စားက်က္ေျမလားစသျဖင္႔ သိေအာင္လုပ္ၿပီးမွ ေလွ်ာက္ေစခ်င္ပါတယ္။ ေျမအ႐ႈပ္အ႐ွင္းမ႐ွိတဲ႔ ေနရာမ်ိဳးဆို ျမန္ျမန္ဆန္ဆန္ရသြားမွာျဖစ္ပါတယ္”ဟု တိုင္းဦးစီးမွဴး ဦးေဇာ္ဝင္းက ေျပာသည္။

စိုက္ပ်ိဳးေျမအတြက္ ဧက (၃၀၀) ႏွင့္ ေအာက္၊ ေမြးျမဴေရးအတြက္ ဧက (၅၀) ႏွင့္ေအာက္ ေလွ်ာက္ထား လိုပါက ၿမိဳ႕နယ္တြင္ ေလွ်ာက္လႊာရယူ၍ တိုင္းသို႔ေလွ်ာက္ထားရမည္ျဖစ္ၿပီး စိုက္ပ်ိဳးေျမအတြက္ ဧက (၃၀၀) အထက္၊ ေမြးျမဴေရးအတြက္ ဧက (၅၀)အထက္ ေလွ်ာက္ထားလိုပါက ခရိုင္တြင္ ေလွ်ာက္လႊာရယူ၍ ဗဟိုသို႔ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~


မကွေးတိုင်းဒေသကြီးအတွင်း လုပ်ကိုင်ခွင့် လျှောက်ထားရယူထားသည့် မြေလွတ်မြေရိုင်းဧက (၂)သိန်းခန့်ကို အမှန်တကယ် လုပ်ငန်းဖော်ဆောင်ခြင်း မရှိသဖြင့် ဥပဒေအရ ပြန်လည်သိမ်းယူထားသဖြင့် အမှန်တကယ်လုပ် ကိုင်လိုသူများကို လျှောက်ထားနိုင်ကြောင်း သိရသည်။

“ဝန်ကြီးဌာန ကြိုတင်ခွင့်ပြုချက်၊ ဒေသအာဏာပိုင်အဖွဲ့ရဲ့ ကြိုတင်ခွင့်ပြုချက်၊ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်၊ ဗဟိုကော်မတီ ခွင့်ပြုချက်၊ တိုင်းလုပ်ငန်းအဖွဲ့ ခွင့်ပြုချက်ဆိုတဲ့ ခေါင်းစဉ်(၅)ခုနဲ့ မကွေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြေလွတ်မြေရိုင်း (၂၀၄,၅၃၁) ဧကကို လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း (၁၁၆) ခုက လုပ်ကိုင်ခွင့် ရယူခဲ့ကြတာရှိပါတယ်။ အဲဒီအထဲက (၅,၁၇၉) ဧကကိုသာ အကောင်အထည်ဖော်ထားတာကို စိစစ်တွေ့ရှိရပြီး အကောင်အထည်ဖော်နိုင်ခြင်းမရှိတဲ့ (၁၉၉,၃၅၂) ဧကကို ပြန်လည်သိမ်း ဆည်းခဲ့ပြီးပါပြီ”ဟု မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်က တိုင်းဒေသကြီးအဆင့်တွင် စိုက်ပျိုးမြေနှင့်ပတ်သက်၍ ဧက(၅၀) သာခွင့်ပြုနိုင်ခဲ့ပြီး ၂၀၁၈ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့သော မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက (၃၀၀) အထိ၊ မွေးမြူရေး လုပ်ငန်းအတွက် ဧက(၅၀)အထိ ခွင့်ပြုနိုင်တော့မည်ဖြစ်ရာ အမှန်တကယ် လုပ်ကိုင်လိုသူများအနဖြေင့် မြေလွတ်မြေရိုင်း အသစ်နေရာများကိုသာမက ပြန်သိမ်းမြေလွတ်မြေရိုင်းများကိုလည်း လျှောက်ထား နိုင်ပြီဖြစ်ကြောင်း သိရသည်။

“ဥပဒေသစ်အရ အမှန်တကယ်လုပ်နိုင်ဖို့တော့ လိုပါမယ်။ ကိုယ်နိုင်သလောက်ကိုသာ လျှောက်ထားရယူပြီး စိုက်ပျိုးသက် (၄)နှစ်လောက် ရသွားတာနဲ့ စိုက်ပျိုးမြေအဖြစ် လျှောက်ထားနိုင်ပြီး ပုံစံ(၇) ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ လျှောက်မယ့်သူက ကိုယ်စိုက်လိုတဲ့ အမျိုးအစားနဲ့ ကိုက်ညီမယ့် မြေနေရာကို ကိုယ်တိုင် သွားကြည့်ပြီးတော့မှ ဘယ်မြို့နယ်၊ ဘယ်အုပ်စုထဲမှာပါတယ်။ မြေလွတ်မြေရိုင်းလား။ သစ်တောမြေလား။ စားကျက်မြေလားစသဖြင့် သိအောင်လုပ်ပြီးမှ လျှောက်စေချင်ပါတယ်။ မြေအရှုပ်အရှင်းမရှိတဲ့ နေရာမျိုးဆို မြန်မြန်ဆန်ဆန်ရသွားမှာဖြစ်ပါတယ်”ဟု တိုင်းဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။

စိုက်ပျိုးမြေအတွက် ဧက (၃၀၀) နှင့် အောက်၊ မွေးမြူရေးအတွက် ဧက (၅၀) နှင့်အောက် လျှောက်ထား လိုပါက မြို့နယ်တွင် လျှောက်လွှာရယူ၍ တိုင်းသို့လျှောက်ထားရမည်ဖြစ်ပြီး စိုက်ပျိုးမြေအတွက် ဧက (၃၀၀) အထက်၊ မွေးမြူရေးအတွက် ဧက (၅၀)အထက် လျှောက်ထားလိုပါက ခရိုင်တွင် လျှောက်လွှာရယူ၍ ဗဟိုသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~