မြန်မာနိုင်ငံအတွင်း ၁၉၈၈ ခုနှစ်မတိုင်မီက သိမ်းဆည်းခံမြေယာများကိစ္စကို သက်ဆိုင်ရာ အစိုးရအဖွဲ့များက ဖြေရှင်းမည်

မြန်မာနိုင်ငံအတွင်း ၁၉၈၈ ခုနှစ်မတိုင်မီက သိမ်းဆည်းခံမြေယာများကိစ္စကို သက်ဆိုင်ရာ အစိုးရအဖွဲ့များက ဖြေရှင်းမည်
ဒီဇငျဘာ 18, 2018
By Tachileik News Agency

မြန်မာနိုင်ငံအတွင်း  ၁၉၈၈ ခုနှစ်မတိုင်မီ သိမ်းဆည်းခံထားရသည့် မြေယာကိစ္စများကို နေပြည်တော် ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ မြေပြင်တွင် တွေ့ကြုံနေရသော အခက်အခဲများ ပိုမိုအဆင်ပြေချောမွေ့ စေရန် စာသားများ၊ ဥပဒေအသုံးအနှုန်းနှင့် ကိုက်ညီမှုရှိစေရန်အတွက် ၂၀၁၈ ခုနှစ်၊ မတ်လ(၂၁)ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ လမ်းညွှန်မှု ခံယူကာ မူဝါဒ (၅၂) ချက်အား ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူဝါဒများအရ ဗဟိုကော်မတီအနေဖြင့် ၁၉၈၈ ခုနှစ်မတိုင်မီ အမှုတွဲများအား ပိတ်သိမ်း၍ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့ပြီး နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြကာ ဆက်လက်ဆောင်ရွက်ရန် ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့ ရက်စွဲပါစာဖြင့် အကြောင်းကြား ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများကို မူလပိုင်ရှင်များက ပြန်လည်လျှောက်ထားသည့်ကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ယင်းမာပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက မေးမြန်းရာ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဖြေကြားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာနို်င်ငံအတွင်း ၁၉၈၈ ခုနှစ်မတိုင်မီ သိမ်းဆည်းခံထားရသည့် မြေယာကိစ္စများကို နပြေည်တော် ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ မြပြေင်တွင် တွေ့ကြုံနေရသော အခက်အခဲများ ပိုမိုအဆင်ပြေချောမွေ့ စေရန် စာသားများ၊ ဥပဒေအသုံးအနှုန်းနှင့် ကိုက်ညီမှုရှိစေရန်အတွက် ၂၀၁၈ ခုနှစ်၊ မတ်လ(၂၁)ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ လမ်းညွှန်မှု ခံယူကာ မူဝါဒ (၅၂) ချက်အား ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူဝါဒများအရ ဗဟိုကော်မတီအနဖြေင့် ၁၉၈၈ ခုနှစ်မတိုင်မီ အမှုတွဲများအား ပိတ်သိမ်း၍ သက်ဆိုင်ရာ နပြေည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့ပြီး နပြေည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြကာ ဆက်လက်ဆောင်ရွက်ရန် ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့ ရက်စွဲပါစာဖြင့် အကြောင်းကြား ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများကို မူလပိုင်ရှင်များက ပြန်လည်လျှောက်ထားသည့်ကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ယင်းမာပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက မေးမြန်းရာ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဖြကြေားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~